သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, September 11, 2013

မန်ချက်စတာဒါဘီပွဲအတွက် လုံခြုံရေးစည်းမျဉ်းများ တိုးမြှင့်မည်

လာမည့် မန်ချက်စတာ ဒါဘီပွဲတွင် ယမန်နှစ်ကကဲ့သို့ အကျည်းတန်ဖြစ်ရပ်များ မပေါ်ပေါက်စေရန် လုံခြုံရေး တိုးမြှင့်ပြီးစည်းမျဉ်းသစ်များ ရေးဆွဲခဲ့သည်။ ပြီးခဲ့သည့်ရာသီတွင် မန်ယူက မန်စီးတီးကို ၂-၃ဂိုးဖြင့် အနိုင်ရ ခဲ့သည့် ပွဲတွင် ဗန်ပါစီ အနိုင်ဂိုးသွင်းပြီးနောက် မန်စီးတီး ပရိသတ်များရှေ့ သွားရောက်အောင်ပွဲ ခံခဲ့ သည့် မန်ယူနောက်ခံလူ ဖာဒီနန်မှာ ပြိုင်ဘက်အသင်း ပရိသတ်၏ အကြွေစေ့ဖြင့် ပစ်ပေါက်မှုကြောင့် မျက်ခွံ ကွဲခဲ့သည့်အပြင် မန်စီးတီး ပရိသတ်တစ်ဦးမှာ ကွင်းအတွင်း ၀င်ရောက်၍ ဖာဒီနန်ကို ရန်မူရန် ကြိုးပမ်းခဲ့ပြီး ယင်းကဲ့သို့ အကြမ်းဖက်မှုများ မဖြစ်ပေါ်စေရန် လုံခြုံရေးတိုးမြှင့်ခဲ့ခြင်းဖြစ်သည်။


ပြီးခဲ့သည့် တနင်္လာနေ့က အသင်းနှစ်သင်းစလုံး၏ တာဝန်ရှိသူများ၊ ဒေသခံ ရဲတပ်ဖွဲ့များ၊ ပရိသတ်ကိုယ်စားပြု ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာခဲ့ကြသည်။ ယင်းကဲ့သို့ ညှိနှိုင်းဆွေးနွေးခဲ့ရာတွင် မီးခိုးဗုံး၊ မီးရူးမီးပန်းများကို အမဲလိုက်ခွေးများဖြင့် အနံခံရန်၊ လုံခြုံရေး တာဝန်ကျသူများအနေဖြင့် အကာအကွယ် မျက်မှန်များ ၀တ်ဆင်ရန်၊ ပြိုင်ပွဲမစတင်မီ ပြိုင်ဘက်အသင်းကို ထိခိုက်စေမည့် ဂရက်ဖစ်တီ ရေးဆွဲမှုများအား ပိတ်ပင်ရန်စသည့် အချက်များ ထုတ်ပြန်ခဲ့သည်။

ထို့အပြင် မန်ချက်စတာမြို့ရှိ စားသောက်ဆိုင်များအနေဖြင့် ပရိဘောဂ၊ စားပွဲများအား ဖယ်ရှားထားရန်နှင့် ပလပ်စတစ်မှန်ကိုသာ အသုံးပြုရန်စသည့် တားမြစ်ချက်များလည်း ပါဝင်ခဲ့သည်။ သို့သော် အဆိုပါပွဲစဉ်မတိုင်မီ မန်ချက်စတာမြို့လယ်စင်တာတွင် အရက်သေစာ သောက်စားမှုကို ပိတ်ပင်မည့်ကိစ္စအား ဖျက်သိမ်းခဲ့သည့်အတွက် ဘောလုံးပွဲကြည့်မည့် ပရိသတ်များအနေဖြင့် အရက်သေစာ သောက်သုံးနိုင် မည်ဖြစ်သည်။ မန်စီးတီးနှင့် မန်ယူတို့မှာ ယခုလ ၂၂ရက်နေ့တွင် မန်ချက်စတာဒါဘီပွဲ ကစားရမည်ဖြစ်သည်။
ဇော်ထွန်း(ရိုးရာလေး)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D