သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, September 14, 2013

KIA အား ပြည်တွင်း ပြည်ပ ပြစ်တင်ရှုတ်ချမှုများ မြင့်တက်နေ

9-11 ဟု လက်ရှိ အမည်ပေးခေါ်တွင်လျက် ရှိသော ဗိုလ် ဇော်မျိုးထက်၊ ဒုတပ်ကြပ် စိုးနိုင်ဦး ၊ တပ်သားခင်မောင်သန့်တို့အား လူသားမဆန်စွာ ညှင်းပမ်း နှိပ်စက် ခေါင်းဖြတ်သတ်ခဲ့ခြင်းသည် လက်ရှိတည်ဆောက်နေ သော ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ထိခိုက်ပျက်ပြားစေနိုင်ကြောင်း သိရသည်။

ဒါဟာ တိုင်းရင်းသားအခွင့်အရေး၊ တန်းတူညီမျှရေးကို တောင်းဆိုတဲ့ အခြေအနေ မဟုတ်တော့ဘူး လို့ ကျွန်တော်တို့ သံသယရှိလာပြီ။ ဒီကနေ့ တစ်နိုင်ငံလုံးက အခြေခံဥပဒေ ပြင်ဖို့ အလေးထားပြီး ဆောင်ရွက်နေတဲ့ အချိန်မှာ ဒီလို လုပ်ရပ်ဟာ KIA နဲ့ ငြိမ်းချမ်းရေးလမ်းကို ဖျက်ဆီးလိုက်သလို ဖြစ်နေတယ် ဟု မြန်မာ့အရေးလေ့လာသူ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ မစ္စတာရောဘတ်က ပြောကြားသည်။

မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် အလှူငွေများထည့်ဝင်ထားသော ဥရောပနိုင်ငံတစ်နိုင်ငံမှ အလှူရှင်တစ်ဦးကလည်း KIA ၏ လုပ်ဆောင်ချက်ကြောင့် မိမိတို့၏ တွန်းအားပေးမှုအရှိန်အဟုန်ကို လျော့ကျစေကြောင်း၊ ပြည်တွင်းစစ်မီး ငြိမ်းသတ်နိုင်ရေးသည် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသားအားလုံး ထိပ်တန်းဦးစားပေး ဆောင်ရွက် သင့်သည့် ပန်းတိုင် ဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်အနေဖြင့် မည်သည့် အတွက်ကြောင့် တိုင်းရင်းသားများနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်ကို အနည်းငယ် နားလည်စပြုလာပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အချို့သော စေ့စပ်ညှိနှိုင်းမှုများတွင် မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြတ်ပြတ် သားသား ဆောင်ရွက်သင့်သည် ဟု ထင်မြင်ယူဆပါကြောင်း၊ သို့သော်လည်း မြန်မာအစိုးရဘက်ကို ထောက်ခံပြောကြားခြင်း မဟုတ်ကြောင်း၊ ဤဖြစ်စဉ်အရ KIA သည် တော်လှန်ရေးသမားများနှင့် မတူဘဲ အကြမ်းဖက်သမားများအဖြစ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကဲ့သို့ ယဉ်ကျေးလှသည့် လူ့အဖွဲ့အစည်းအတွင်း ဤသို့သော လုပ်ဆောင်ချက်များ မရှိသင့်ကြောင်း မြန်မာ့အရေးလေ့လာသော ဥာဏ်ကြီးရှင်သုတေသနအဖွဲ့တစ်ခုက ပြောကြားသည်။

မြန်မာပြည်သူများအတွင်းဝယ် KIA အပေါ် မုန်းတီးမှုများ မြင့်မားလာနေကြောင်း၊ ကချင်ပြည်နယ်အတွင်း ကချင်လူမျိုးတစ်မျိုးတည်း နေထိုင်ခြင်း မဟုတ်ကြောင်း၊ ရှမ်း၊ လီဆူး၊ ရှမ်းနီ၊ ဗမာ စသည်အားဖြင့် ရှိနေကြောင်း၊ KIA သည် မိမိ၏ မိုက်လုံးကြီးမှုကို ပြုပြင် ပြင်ဆင်နိုင်ရန် တိကျသည့် အချိန်ကာလသတ်မှတ်ချက် ထားရှိရန် လိုအပ်လာပြီ ဖြစ်ကြောင်း၊ အစိုးရ အနေဖြင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးအတွက် အတတ်နိုင်ဆုံး လိုက်လျောညှိနှိုင်းနေသည် ဟု ထင်မြင်ယူဆမိကြောင်း ကချင်ပြည်နယ် NGO အဖွဲ့တစ်ဖွဲ့တွင် ပရောဂျက်တာဝန်ခံဆောင်ရွက်နေသူ တစ်ဦးက ပြောကြားသည်။
FROM-RED STAR NEWS

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D