သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, September 13, 2013

Nauruကျွန်းပို့ခံရတဲ့ အထဲမှာ မြန်မာတွေပါဝင်

သြစတြေးလျနိုင်ငံ ခရစ္စမတ်ကျွန်း ထိန်းသိမ်းစခန်းကနေ Nauru ကျွန်းကို ပို့ဆောင်လိုက်တဲ့ ခိုလုံခွင့် တောင်းခံသူမိသားစုတွေထဲမှာ မြန်မာနိုင်ငံက လူတွေလည်းပါဝင်တယ်လို့ သိရပါတယ်။

မနေ့က Nauru ကျွန်းကို ပို့ဆောင်လိုက်တဲ့ ခိုလုံခွင့်တောင်းခံသူအုပ်စုထဲမှာ ၃၁ ယောက်ပါဝင်ပြီး သူတို့တွေ ဟာ အီရန်နိုင်ငံနဲ့ မြန်မာနိုင်ငံကလူတွေဖြစ်ပြီး အဲဒီထဲမှာ အသက်အငယ်ဆုံးက ၆နှစ် အရွယ်ဖြစ်တယ်လို့ Nauru အစိုးရက ပြောပါတယ်။

သြစတြေးလျရေပိုင်နက်ထဲကို မနေ့က တရားမ၀င် ၀င်ရောက်လာတဲ့ လှေထဲမှာ မြန်မာနိုင်ငံက လူတွေ လည်းပါတယ်လို့ သိရပါတယ်။

တရားမ၀င် ၀င်ရောက်လာတဲ့လှေကို သြစတြေးလျ ရေတပ်က ဖမ်းမိခဲတာဖြစ်ပြီးတော့ သြစတြေးလျ ပိုင်နက်မှာရှိတဲ့ ခရစ္စမတ်ကျွန်းကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ အခုရောက်လာတဲ့လှေဟာ သြစတြေးလျ အတိုက်အခံပါတီ ညွန့်ပေါင်းအစိုးရသစ် တက်လာပြီးတဲ့နောက်ပိုင်း ဖမ်းမိတဲ့ တတိယမြောက် လှေဖြစ်ပါတယ်။

မနေ့ကပဲ သြစတြေးလျရေတပ်ကလည်း ခိုလုံခွင့်တောင်းခံသူ ၇၄ဦး တင်ဆောင်လာတဲ့ တရားမ၀င် ၀င် ရောက်လာတဲ့ လှေတစင်းကို ဖမ်းမိခဲ့ပြီး ခရစ္စမတ်ကျွန်းကိုပို့ဆောင်လိုက်ပါတယ်။ အခုဖမ်းခဲ့တဲ့ လှေဟာ သြစတြေးလျ အတိုက်အခံပါတီ ညွန့်ပေါင်းအစိုးရသစ်တက်လာကတည်းက တတိယမြောက် ဖမ်းမိခဲ့တဲ့လှေ ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ဗုဒ္ဓဟူးနေ့က မွတ်စလင် ရိုဟင်ဂျာ အယောက်ပေါင်း ၂၀၀ ကျော်တင်ဆောင်လာတဲ့လှေ တစင်း ထိုင်းနိုင်ငံတောင်ပိုင်းမှာ မနေ့က ဆိုက်ရောက်လာခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

အဆိုပါ ခိုလုံခွင့်တောင်းခံသူတွေအားလုံးဟာ အမျိုးသားတွေဖြစ်ကြပြီးတော့ အသက် ၁၅နှစ်နဲ့ ၄၀ ကြားမှာ ရှိပြီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဖက်ကနေ လာတာဖြစ်တယ်လို့ ယူဆ နေကြပါတယ်။

ABC

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D