သတင်းသမားတစ်ယောက်အနေနဲ့ ဒီသတင်းကိုအတည်ပြုဖို့ စုံစမ်းခဲ့ရာမှာတော့ ဒီသတင်းဟာအမှန်အကန် သတင်းဖြစ်နေပါတယ်။ ကမ္ဘာ့ဥပဒေမှာတောင် စစ်သုံ့ပန်းတစ်ဦးကို လွယ်လွယ်ကူကူသတ်ပစ်လေ့မရှိပါဘူး။ အခု လုပ်ရပ် ကတော့ လူမဆန်လွန်းတဲ့အပြင် လူ့လောကအသိုင်းအ၀ိုင်းမှာလက်ခံနိုင်စရာ မရှိတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ မြန်မာပြည်မှာ တိုင်းရင်းသားအချင်းချင်းတိုက်ပွဲတွေဖြစ်နေလို့ ငြိမ်းချမ်းရေးလုပ်ဆောင်နေချိန်မှာ ကချင်လက်နက်ကိုင်အဖွဲ့ KIA ဟာ ငြိမ်းချမ်းရေးကိုယူလိုတဲ့ဆန္ဒမရှိတဲ့အပြင်အခုအခါမှာတော့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ပြီးပြည်သူတစ်ရပ်လုံးကိုစိန်ခေါ် နေပါပြီ။ မြန်မာနိုင်ငံမှာမွတ်ဆလင်အကြမ်းဖက်သမားတွေကို လက်ခံမွေးမြူ၊ မွတ်ဆလင်အကြမ်းဖက်တွေဆီ က ရတဲ့ ငွေကြေးလက်နက်တွေနဲ့ အကြမ်းဖက် လူမဆန်တဲ့လုပ်ရပ် စတင်လိုက်ခြင်းဖြစ်ပါတယ်။
ဒီသတင်းအမှန်ဖြစ်လျက်သားနဲ့ နိုင်ငံတော်အပိုင်းက ဘာကြောင့်ရေငုံနေသလဲဆိုတာကို သတင်းသမားတစ်ဦး အနေနဲ့ အံ့သြမိပါတယ်။ ဒီလိုမျိုး သတင်းဟာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြည်သူတစ်ရပ်လုံးကို ချပြသင့်ပါတယ်။ဒါမှ ကချင်လက်နက်ကိုင် KIA တွေဘယ်လောက်လွန်တယ်ဆိုတာသိမှာပါ။ ငြိမ်းချမ်းရေးလိုလားသူတွေကသူတို့ရဲ့ဆန္ဒကို ဖော်ထုတ်တဲ့အနေနဲ့ ရန်ကုန်ကနေလိုင်ဇာအထိလမ်းလျှောက်ခဲ့တာတွေ၊ ၈၈မျိုးဆက်တွေ လိုင်ဇာအထိသွားခဲ့တာတွေ၊ ကုလအထူးကိုယ်စားလှယ်ဘီဂျေနမ်ဗီးယားကိုယ်တိုင် လိုင်ဇာသွားရောက်ခဲ့တာတွေဟာပြည်သူတွေအနေနဲ့တကယ့်ကို ငြိမ်းချမ်းရေးလိုလားတာကိုပြခဲ့တာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးစင်တာတွေမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ဖျော်ဖြေပွဲတွေ လုပ်ပြီး ပြည်သူ့ဆန္ဒတွေ ဖော်ထုတ်နေကြတာပါ။ ဒီလိုလူပရိသတ်ပြည်သူတွေ အနေနဲ့ KIA ရဲ့လုပ်ရပ်တွေ၊ စိတ်ရင်း အမှန်တွေကိုမသိလို့ အဲလိုလုပ်ခဲ့ကြတာနေမှာပါ။
ဒီဖြစ်စဉ်၊ဒီဖြစ်ရပ် ဟုတ်မဟုတ် ဒီသတင်းဆောင်းပါးဖတ်သူတိုင်း ကြိုက်သလို ကြိုက်တဲ့နည်းနဲ့ စုံစမ်းနိုင် ပါတယ်။ ဖြစ်ခဲ့တဲ့နေရာကတော့ကချင်ပြည်နယ်ကပူတာအိုခရိုင်အတွင်းမှာဖြစ်ပါတယ်။ ဗိုလ်ဇော်မျိုးထက်ရဲ့ အသိုင်း အ၀ိုင်းကတော့ရင်ထဲမှာတမြည့်မြည့်လောင်ကျွမ်းနေပါတယ်။ ကိုယ်ချင်းစာနာစိတ်ကလေးနဲ့ပဲ တွေးကြည့်ကြစေချင် ပါတယ်။ ကချင်လက်နက်ကိုင်(KIA)ရဲ့လုပ်ရပ်၊ မွတ်ဆလင်ညီအစ်ကိုများအဖွဲ့ရဲ့ အန္တရာယ်တွေဟာ ဘယ်လောက် ကြီးမားလာပြီဆိုတာကို ငြိမ်းချမ်းရေးလိုလားသူပြည်သူလူထုအပေါင်းသိစေချင်ပါတယ်။ဗိုလ်ဇော်မျိုးထက်ဆိုတဲ့ ကလေး ဟာအသက်(၂၃)နှစ်ပဲရှိပါသေးတယ်။ ကိုယ့်တူ၊ကိုယ့်သား၊ကိုယ့်ဆွေမျိုးထဲက တစ်ယောက်ယောက်ကို ဒီလိုမျိုး ရက်စက် ကြမ်းကြုတ်၊ လူမဆန်တဲ့လုပ်ရပ်မျိုး အလုပ်ခံရရင် ဘယ်လိုခံစားရမလဲဆိုတဲ့အတွေးနဲ့ တွေးကြည့်ကြစေချင်ပါတယ်။
တပ်မတော်အပေါ်မလိုလားသူတွေက အဲလိုအလုပ်မခံချင်ရင်စစ်တပ်ထဲမသွင်းနဲ့ပေါ့ဆိုတဲ့စကားမျိုး ပြောမယ် ဆိုရင်ပြောနိုင်ပါတယ်။ လေးလေးနက်နက်သေသေချာချာစဉ်းစားကြည့်ကြပါ။ နိုင်ငံတစ်နိုင်ငံမှာတပ်မတော်ဆိုတဲ့ အဖွဲ့ အစည်းတစ်ခု မရှိလို့ လုံးဝလုံးဝ မဖြစ်ပါဘူး ။ ဒါကမှန်တဲ့စကားကိုပြောတာပါ။ နိုင်ငံတော်ကိုကာကွယ်ပေးနေတဲ့ သူတွေ ရှိနေလို့ ပြည်သူတွေစိတ်အေးချမ်းသာစွာနေထိုင်ကြရတာပါ။ ဒါက မြန်မာနိုင်ငံမှာတင်မဟုတ်ပါဘူး။ ကမ္ဘာ့နိုင်ငံတွေ မှာလဲ ဒီအတိုင်း၊ဒီပုံစံအတိုင်းပါပဲ။ ဒီကနေ့အစိုးရက ဒီမိုကရေစီအစိုးရဖြစ်နေလို့ အစစအရာရာမှာ ခေါင်းဆောင်ပိုင်းက ပျော့ပျောင်းညင်သာစွာကိုင်တွယ်နေတာမှန်ပေမယ့် ဗိုလ်ဇော်မျိုးထက်ကို သုံ့ပန်းအဖြစ်ဖမ်းဆီးပြီး အရှင်လတ်လတ် ခေါင်းဖြတ်သတ်၊ ဗိုက်ကိုခွဲပြီး၊ ဗိုက်ထဲမှာခေါင်းကိုပြန်ထည့်တယ်ဆိုတဲ့လုပ်ရပ်မျိုးကိုတော့ ကျွန်တော် တို့ပြည်သူတွေ လက်ခံနိုင်ပါသလား။ KIA ကိုပျော့ပျောင်းညင်သာစွာကိုင်တွယ်သင့်ပါသလားဆိုတဲ့မေးခွန်းကိုတော့ ပြည်သူတစ်ရပ်လုံး ကို မေးလိုက်ချင်ပါတယ်။
မောင်ငြိမ်းချမ်း
.. www.MyanmarExpress.net
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...