သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, September 14, 2013

ကိုယ့်အမှားကို တာဝန်မယူတဲ့ အလဲဗင်း

၁၂-၉-၂၀၁၂ ရက်ထုတ် Daily Eleven သတင်းစာတွင် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ဘဏ်အပေါ်တင်ရှိ နေသည့် ကြွေးမြီမှာ ဒေါ်လာသန်း ၈၉၀ ကျော်ရှိကြောင်း၊ ကမ္ဘာ့ဘဏ်အနေဖြင့် နိုင်ငံတစ်ခုခုမှ ကမ္ဘာ့ဘဏ်ချေးငွေနှင့်စပ်လျဉ်းပြီး အစိုးရသစ်လက်ထက်တွင် ယခင်အစိုးရများလက်ထက်က တင်ရှိ သည့် ကြွေးမြီများ လျော်ပေးရန် တောင်းဆိုပါက လျော်ပေးလေ့ရှိသော်လည်း မြန်မာနိုင်ငံကို လျော်မ ပေးခဲ့ကြောင်း၊ ထိုသို့ လျော်မပေးခြင်းမှာ မြန်မာနိုင်ငံမှ ပြည်ပတွင် ဘဏ်စာရင်းငါးခုဖြင့် အပ်ထားသည့် ငွေမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံအထိ ရှိ၍ဖြစ်ကြောင်း၊ မည်သည့်အကောင့်များဆိုသည်ကို ကမ္ဘာ့ဘဏ်က သိကြောင်း၊ မြန်မာနိုင်ငံအား ကြွေးမြီနှင့်ပတ်သက်၍ ဖြေရှင်းရန် နည်းလမ်းသုံးခုပေးခဲ့ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အဆိုပါဘဏ်စာရင်းငါးခုကို လုံးဝမထိသည့်နည်းလမ်းကို ရွေးချယ်ခဲ့ ကြောင်း ကမ္ဘာ့ဘဏ်၊ အာရှဒေသဆိုင်ရာ ဒါရိုက်တာ Mr. Jelson Garcia က ပြောကြားခဲ့သည်ဟု သတင်းတစ်ပုဒ်ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ ကမ္ဘာ့ဘဏ်က စက်တင်ဘာ ၁၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့ရာ Mr. Jelson Garcia သည် NGO အဖွဲ့အစည်းဖြစ်သည့်  Bank Information Center(BIC) တွင် တာဝန် ထမ်းဆောင်နေသူ တစ်ဦးသာလျှင်ဖြစ်ပြီး ကမ္ဘာ့ဘဏ်(The World Bank) အဖွဲ့အစည်းနှင့် မည်သို့မှ သက်ဆိုင်ခြင်းမရှိသည့်အပြင် ကမ္ဘာ့ဘဏ်အဖွဲ့အစည်း၏ ကိုယ်စားပြု ပြောရေးဆိုခွင့်ရှိသူတစ်ဦး မဟုတ်ကြောင်း၊  ကမ္ဘာ့ဘဏ်၏ ကြွေးကျန်များကို ရှင်းလင်းရန်နှင့် နှစ်ရှည်အတိုးမဲ့ချေးငွေများကို ပြန်လည်ရယူနိုင်ရန်အတွက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရသည် မဟာဗျူဟာမြောက် သည့် ဆုံးချတ်ချက်တစ်ခုကို ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ ထိုနှစ်ရှည်အတိုးမဲ့ချေးငွေများကို မြန်မာ ပြည်သူများ အကျိုးခံစားခွင့်ရရှိနိုင်မည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင် ရွက်ရာတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ထိုဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံအစိုးရအနေဖြင့် စီးပွား ရေးဆိုင်ရာ ဖိအားများဖြစ်ပေါ်လာနိုင်သည့်ကာလတွင် ဂရုပြုဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ ယုံကြည်မှုရရှိစေမည့် အပေါင်းလက္ခဏာတစ်ရပ် ဖြစ်ခဲ့ကြောင်း၊ ကုန်သွယ်ရေးနှင့် ၀န်ဆောင်မှုဆိုင်ရာ လုပ်ငန်းများ ချောမွေ့လွယ်ကူစေရန်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းများကို တည်ငြိမ် အောင် စီမံဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံရပ်ခြားဘဏ်စာရင်းများ ထားရှိခြင်းသည် နိုင်ငံတော်အစိုးရ များ၏ ပုံမှန်လုပ်ငန်းတစ်ရပ်ဟု ကမ္ဘာ့ဘဏ်က ယူဆကြောင်း ပါရှိပါသည်။
 ထိုသတင်းနှင့်ပတ်သက်၍ ၁၃-၉-၂၀၁၃ ရက်ထုတ် Daily Eleven သတင်းစာတွင် ဆက်လက်ဖော်ပြရာ တွင် ၁၂ ရက်နေ့ထုတ် ၄င်းတို့သတင်းစာတွင် `Mr. Jelson Garcia´ အား ကမ္ဘာ့ဘဏ်၏ အာရှဒေသ ဆိုင်ရာဒါရိုက်တာ အဖြစ် ဖော်ပြခဲ့ခြင်းသည် မှားယွင်းဖော်ပြခြင်းဖြစ်ကြောင်း ၀န်ခံဖော်ပြခြင်း မရှိဘဲ `မြန်မာနိုင်ငံမှ ပြည်ပတွင် နိုင်ငံခြားငွေစာရင်း ငါးခုနှင့် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအပ်နှံထား ကြောင်း ထုတ်ဖော်ပြောကြားခဲ့သူသည် ကမ္ဘာ့ဘဏ်အနေဖြင့် ပြောကြားခဲ့ခြင်းမဟုတ်ပဲ Bank Information Center (BIC) အနေဖြင့် ပြောကြားခြင်းဖြစ်ကြောင်း သိရှိရသည်ဟူ၍သာ ဖော်ပြခဲ့ပါ သည်။ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ၀န်ကြီး ဦးရဲထွဋ်၏ Facebook စာမျက်နှာတွင် အစိုးရအနေဖြင့် နိုင်ငံပိုင်ငွေကို ပြည်ပတွင် အပ်နှံထားခြင်း မရှိကြောင်းသာ ငြင်းဆိုထားပြီး ပုဂ္ဂလိက အနေဖြင့် အပ်နှံထားခြင်း ရှိ/မရှိ ထည့်သွင်းဖော်ပြထားခြင်း မရှိကြောင်း ၊ သို့ဖြစ်၍ ပုဂ္ဂလိက အနေဖြင့် အပ်နှံထားခြင်း ရှိကောင်းရှိနိုင်သည့်သဘော ဖော်ပြထားပါသည်။ ထို့ပြင် ကမ္ဘာ့ဘဏ်၏ သတင်း ထုတ်ပြန်ချက်တွင်လည်း BIC မန်နေဂျာပြောကြားခဲ့သော နိုင်ငံခြားဘဏ်များတွင်  ဒေါ်လာ ၁၁ ဘီလျံ ရှိသည့် စကား မှန်ကြောင်း မှားကြောင်း ငြင်းပယ်ခြင်း မပြုဟု ဖော်ပြထားပြန်ပါသည်။

ဤနေရာတွင် နိုင်ငံတစ်နိုင်ငံမှ တာဝန်ရှိသူများအနေဖြင့် မိမိတို့နိုင်ငံအစိုးရအနေ ဖြင့် ကုန်သွယ်ရေးနှင့် ၀န်ဆောင်မှုဆိုင်ရာလုပ်ငန်းများ ချောမွေ့လွယ်ကူစေရန်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းများကို တည်ငြိမ် အောင် စီမံဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံရပ်ခြားဘဏ်စာရင်းများ ထားရှိခြင်း ရှိ/မရှိနှင့် ထိုငွေစာရင်း များတွင် မည်မျှအပ်နှံထားသည်ကို သိရှိရမည်ဖြစ်သော်လည်း နိုင်ငံသားအချို့ အနေဖြင့် မသမာသော ငွေလွှဲပြောင်းမှုများဖြင့် မိမိတို့ပို်င်ငွေများကို ပြည်ပသို့ခိုးထုတ်ပြီး နိုင်ငံခြားဘဏ်များတွင် အပ်နှံထားခြင်း ရှိ/မရှိကို အလွယ်တကူသိရှိနိုင်ခြင်း ရှိ/မရှိ မေးစရာရှိပါသည်။

မြန်မာနိုင်ငံမှ ပြည်ပတွင် ဘဏ်စာရင်းငါးခုဖြင့် အပ်ထားသည့် ငွေမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ရှိကြောင်း Daily Eleven သတင်းစာပါ သတင်းမှာ ၁၀-၉-၂၀၁၂ ရက်တွင် မြန်မာမီဒီယာစာကြည့်တိုက် တွင် ပြုလုပ်ခဲ့သော International FInancial Institutions (IMF, World Bank, ADB) and
Their Reengagement in Myanmar workshop တွင် BIC မန်နေဂျာ ဂါစီယာ၏ ပြောကြားချက်ကို အခြေခံပြီး ထို workshop ကို တက်ရောက်ခဲ့သော Daily Eleven သတင်းထောက်များက ရေးသား ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ ထိုသတင်းသည် သတင်းမှားဖြစ်ကြောင်း ထိုပွဲသို့တက်ရောက်ခဲ့သူ တစ်ဦး၏ ပြောကြားချက်ကို အခြေခံ၍ Michael Hlaing က ၄င်း၏ facebook စာမျက်နှာတွင် အောက်ပါ အတိုင်း ရေးသားထားပါသည်-

`ကမ္ဘာ့ဘဏ်၊ အကြီးတန်းမန်နေဂျာတစ်ဦးကပြောတယ်ဆိုတဲ့  ၁၁ ဘီလီယံဒေါ်လာကိစ္စသတင်းဟာ သတင်းမှားဖြစ်ကြောင်း ဒီပွဲကိုကိုယ်တိုင်တက်ရောက်သူတစ်ဦးကပြောပါတယ်၊
(၁၁) ဘီလျံကိစ္စ ကမ္ဘာ့ဘဏ်ကပြောတယ်ဆိုတဲ့ သတင်းထွက်လာတဲ့ link ပါ
http://www.facebook.com/photo.php?fbid=10201203185054592&set=a.
1580302660369.81575.1019740435&type=1&relevant_count=1
"ကမ္ဘာ့ဘဏ်၊ အာရှဒေသဆိုင်ရာ ဒါရိုက်တာ Mr. Jelson Garcia" ဆိုတာ ရာထူးမှားနေပါတယ် ..... Mr. Jelson က Bank Information Center (BIC) က အာရှဒေသဆိုင်ရာဒါရိုက်တာပါ.... ဒါကြောင့် (၁၁) ဘီလျံကိစ္စကို ကမ္ဘာ့ ဘဏ်ကပြောတာ မဟုတ်ပါဘူး.... BIC ကပြောတာပါ "
" အဲဒီ ပွဲကို (၁၀) ရက် နဲ့ (၁၁) ရက် မှာလုပ်ပါတယ်။ Eleven က သတင်းထောက်မလေး ၃ ယောက် လာတယ်။ မြန်မာတင်ထားတဲ့အကြွေးတွေဆပ်ဖို့ Option ၃ ခုရှိတယ်လို့  BIC က လူက ရှင်းပြတာပါ …… ကမ္ဘာ့ဘဏ်က မဟုတ်ပါဘူး။

မြန်မာတင်ထားတဲ့အကြွေးတွေလျှော်ပစ်ဖို့ Option ၃ ခုရှိတာမှာ  ပထမ Option က အဲဒီဘဏ် အကောင့် ၅ ခုထဲကနေ ပေးလို့ရတယ်လို့ ပြောသွားတာပါ။ BIC ကလူက ဒေါက်တာနိုင်အောင် + မခင်ဥမ္မာ တို့ လုပ်နေတဲ့ Burma Partnership နဲ့ပေါင်းပြီးလာတာ…..  အဲဒီပွဲမှာ မခင်ဥမ္မာက Interpreter လုပ်ပေးပါတယ်…. "လို့ရှင်းလင်းပြခဲ့ပါတယ်၊

** ဒါ့ကြောင့် ဘဏ်အကောင့်ငါးခုနဲ့ ၁၁ ဘီလီယံအပ်ထားတယ်လို့တိတိကျကျ  ရေးနေကြတဲ့သတင်း များ ဟာ အခြေမခိုင်သောအရင်းအမြစ်မှလာသော သတင်းသာဖြစ်ပါကြောင်း ****
လေးစားခင်မင်လျက် -
Michael Hlaing
1:26 PM
12-09-2013




International FInancial Institutions (IMF, World Bank, ADB) and Their Reengagement in Myanmar workshop ကို စီမံဆောင်ရွက်ခဲ့သော မြန်မာမီဒီယာစာကြည့်တိုက်မှ Saw Lynn Aung ၏ Facebook စာမျက်နှာတွင် ` ကိုယ့်သတင်းသမားတွေဗဟုသုတရပါစေ သတင်းရေးတဲ့အခါအထောက် အကူရပါစေဆိုပြီး လက်ခံလုပ်ပေးလိုက်တဲ့ပွဲက အလွဲတွေဖြစ်လာတဲ့အခါ......... ဒီပွဲသည် မြန်မာ မီဒီယာစာကြည့်တိုက်ကဦးဆောင်ကျင်းပသည့်ပွဲဟုဆိုလာပြန်သောအခါ..... အလွဲတကာ့အလွဲများ နောင်မကြုံလိုတော့ပါ´ ဟု ရေးသားထားသည်ကို တွေ့ရပါသည်။


 
.အမှန်စင်စစ် Eleven သည် မိမိအမှားကို မိမိတာဝန်မယူရဲသော မီဒီယာ ဖြစ်သည့်အတွက် ယုံကြည် စိတ်ချအားထားနိုင်သော မီဒီယာမဟုတ်ပါ။ သတင်းထောက်များ အတွေ့အကြုံရရှိစေရန် NGO တစ်ခုအား ဖိတ်ခေါ်၍ ပြုလုပ်ခဲ့သော အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည့် သင်ခန်းစာပို့ချချက် တစ်ခုကို ဘာသာစကား ကောင်းစွာနားလည်ခြင်း မရှိသည့် Eleven သတင်းထောက်များ၏ ယူဆချက်ကို သတင်းလုပ်၍ ဖွခဲ့ခြင်းသာ ဖြစ်ပါသည်။ သတင်းမှားကို သတင်းမှား ဟု ၀န်ခံခြင်း မပြုဘဲ ဇွတ်အတင်း သူများကို လက်ညိုးထိုးနေသော မီဒီယာ ဖြစ်ကြောင်း ပြစ်မှုထင်ရှားနေပါသည်။ တစ်ဖန် ယခုနောက်ဆုံး တပ်မတော်အရာရှိတစ်ဦး ခေါင်းဖြတ်၊ ဗိုက်ခွဲခံရသည့် လူမဆန်သော လုပ်ရပ်ကို မဟုတ်ဟုလည်း ထပ်မံလိမ်လည် ဖော်ပြလာခဲ့ရာ Eleven မီဒီယာသည် သတင်းစာနှင့် မတန်သော မီဒီယာဖြစ်ကြောင်း ပို၍ပို၍ ထင်ရှားလာနေပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံမှ ပြည်ပတွင် ဘဏ်စာရင်းငါးခုဖြင့် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ အပ်ထား သည်ဟု  ၁၂-၉-၂၀၁၂ ရက်ထုတ် Daily Eleven သတင်းစာတွင် ဖော်ပြထားသည့်သတင်းမှာ လုံးဝ မခိုင်လုံသည့်သတင်းဖြစ်ကြောင်း၊ Eleven မီဒီယာသည် ပြည်သူလူထုအတွက် ယုံကြည်စိတ်ချရသော မီဒီယာ မဟုတ်ကြောင်း၊ မိမိအမှားကိုမိမိ ၀န်မခံရဲသော သူရဲဘောကြောင်ပြီး မိန်းမဆန်သည့် ကျင့်ဝတ်နှင့်မညီသော မီဒီယာဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

. www.MyanmarExpress.net

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D