သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, September 13, 2013

စနေနေ့ည မြန်မာစံတော်ချိန် (၇း၁၅)နာရီတွင် ကျင်းပမည့် မာဒေးကား ဗိုလ်လုပွဲတွင် မြန်မာအသင်း ကစားသမား အစုံအလင် ပါဝင်ကစားနိုင်မည်

စက်တင်ဘာ (၁၄) ရက်တွင် မလေးရှားအသင်းနှင့် ကစားရမည်။မာဒေးကား ဖလားဗိုလ်လုပွဲ၌ မြန်မာ ယူ-၂၃ အသင်းအနေဖြင့် ကစားသမား အစုံအလင်ပါဝင်ကစားနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်မီဒီယာ ဒါရိုက်တာ ဦးစိုးမိုးကျော်က မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။

မြန်မာအသင်းတွင် အသင်းခေါင်းဆောင်ကျော်ဇေယျာဝင်း မှာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် စင်ကာပူကို အနိုင်ရ ခဲ့သောပွဲကိုလွဲချော်ခဲ့သော်လည်း ယခုအခါ ဒဏ်ရာအခြေ အနေ ပြန်လည်သက် သာ ကောင်းမွန် လာသဖြင့် ဗိုလ်လုပွဲကစားနိုင် မည်ဖြစ်သလိုမလေးရှားနှင့် အုပ်စုပွဲတွင်အနီကတ်ပြထုတ်ပယ်ခံခဲ့ရသည့် ကွင်းလယ်တောင်ပံကစားသမားကြည်လင်းလည်းပွဲပယ်ပြစ်ဒဏ်မှလွတ်မြောက်မည်ဖြစ်သောကြောင့် ပြန် လည်ကစားနိုင်မည် ဖြစ်သည်။

“ဗိုလ်လုပွဲအတွက်အားလုံးအဆင်သင့်ဖြစ်နေပါပြီ။ အသင်းလေ့ကျင့်ခန်း အစီအစဉ်တွေမှာ ကစားသမား အစုံအလင် လေ့ကျင့် နိုင်ပါပြီ။

ကျော်ဇေယျာဝင်းလည်း ဒဏ်ရာသက်သာနေတာကြောင့် ဗိုလ်လုပွဲမှာပြန် ကစားနိုင်မှာပါ။ သူ့ဒဏ်ရာက မလေးနဲ့ကစားခဲ့တဲ့အုပ်စုပွဲမ တိုင်ခင်ကတည်းကရနေတာ ဖြစ်ပြီး အရဲစွန့် သုံးခဲ့တာပါ။

ကြည်လင်းလည်း ပွဲပယ်ပြစ်ဒဏ်က လွတ်မြောက်လာခဲ့ပြီဖြစ် တာကြောင့် ပြန်ကစားနိုင်မှာ ပါ။”ဟု ဦးစိုးမိုးကျော်က ဆိုသည်။ မာဒေးကား ဖလား ဗိုလ်လုပွဲကို စက်တင်ဘာ (၁၄)ရက်ည၊ မြန်မာစံတော်ချိန် (၇း၁၅)နာရီတွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။

အိမ်ရှင် မလေးရှားအသင်းမှာ မာဒေးကား ပြိုင်ပွဲတွင်အအောင်မြင်ဆုံးဖြစ်ပြီး ကိုးကြိမ်အထိ ဗိုလ်စွဲထားကာ ဗိုလ်လုပွဲ သို့ ရှစ်ကြိမ်တက်ရောက်ထားနိုင် သည်။မြန်မာအသင်းကမာဒေးကားပြိုင်ပွဲတွင် သုံးကြိမ်ဗိုလ်စွဲ ဖူးပြီး ဗိုလ်လုပွဲသို့ လေးကြိမ်တက်ရောက် ထားနိုင်သည်။

မလေးရှားနှင့် မြန်မာတို့ အုပ်စုပတ်လည်အဆင့်တွင် တွေ့ဆုံခဲ့စဉ်က မလေးရှားက (၂-၁) ဂိုးဖြင့် အနိုင်ရရှိထားသည်။
FROM-MIZZIMA

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D