သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, September 12, 2013

စစ်မှုမထမ်းမနေရ ပြဌာန်းဖို့ ကျားဖြူပါတီ သဘောတူ

တပ်မတော်နေ့ အခမ်းအနားတစ်ခုတွင် စစ်ရေးပြနေသော စစ်ကြောင်းချီတပ်ဖွဲ့တစ်ခုကို တွေ့ရစဉ် 
ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ် (ကျားဖြူ)ပါတီ ခေါင်းဆောင်တွေနဲ့ အဲဒီပါတီက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ဆွေးနွေးပွဲမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေအားလုံး နှစ်နှစ်ကြာ စစ်မှုမထမ်းမနေရ ပြဌာန်းချက်ကို ထည့်သွင်းရေးဆွဲဖို့ သဘောတူညီခဲ့တယ်လို့ ပါတီခေါင်းဆောင်တစ်ဦးက ဒီနေ့ ပြောကြားလိုက်ပါတယ်။
ကျားဖြူပါတီ ခေါင်းဆောင်တွေဟာ တောင်ကြီးမြို့မှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲကို စက်တင်ဘာလ ၉ ရက်နေ့ကနေ ဒီနေ့အထိ ကျင်းပခဲ့တာပါ။ စစ်မှုမထမ်းမနေရ ပြဌာန်းချက်ကို ထည့်သွင်းစေလိုတဲ့ အကြောင်းကိုတော့ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်(ကျားဖြူ)ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလှကျော်က အခုလိုပြောပါတယ်။
တပ်နဲ့ ပြည်သူ တသားတည်းကျအောင်ဆိုပြီး အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အရွယ်ရောက် အမျိုးသားတွေ အနည်းဆုံး စစ်မှုနှစ်နှစ်ထမ်းစေချင်တဲ့ဆန္ဒရှိတယ်လေ၊ နိုင်ငံတကာမှာလည်း ဒီလိုကျင့်သုံးနေတာရှိတယ်လေ၊ အခုက တပ်ကသီးခြားဖြစ်နေတယ်၊ ကျနော်တို့ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံအရဆိုရင် တော်တော်လေးကင်းကွာကြတာပေါ့နော်”
ဒါ့အပြင် ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရ လုပ်ပိုင်ခွင့်ဆိုင်ရာခွဲဝေမှုအပြင် မြေပေါ်မြေအောက် သယံဇာတ ခွဲဝေရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့လည်း ပြောသွားပါတယ်။ ဒါပေမယ့် အသေးစိတ်ကို သူကထုတ်ပြန်ပြောဆိုခြင်း မရှိပါဘူး။
 
From : ..rfa

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D