သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, September 13, 2013

ကိုကိုးကျွန်းအား ငှားရမ်း၍ အဆင့်မြင့် အပန်းဖြေစခန်းများ ဖွင့်လှစ်လုပ်ကိုင်လိုသည့် ကုမ္ပဏီ သုံးခုအထိ ရှိနေပြီး ကျွန်းပေါ်ရှိ လေယာဉ်ကွင်းကိုလည်း တိုးချဲ့နေ

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကိုကိုးကျွန်းအား နှစ်ရှည်ငှားရမ်း၍ အပန်းဖြေစခန်းများ ဖွင့်လှစ်လုပ်ကိုင် လိုသည့် ကုမ္ပဏီ သုံးခုအထိ ရှိနေကြောင်း ကိုကိုးကျွန်းတွင် နေထိုင်သည့် ဒေသခံ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ကိုကိုးကျွန်းသည် ရန်ကုန်မြို့မှ ရေမိုင် ၂၆၀ ကျော်တွင် တည်ရှိပြီး သဘာဝဆန်သော ရှုခင်း၊ အလှအပ၊ မပျက်စီးသေးသော သယံဇာတ အများအပြား တည်ရှိနေခြင်းနှင့် သဘာဝ အခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးနိုင်သည့် အလားအလာများကြောင့် ကျွန်းအားငှားရမ်း၍ အဆင့်မြင့် အပန်းဖြေစခန်းများ ဆောက် လုပ်၍ ခရီးသွားများကို ဆွဲဆောင်ရန် စိတ်ဝင်စားနေကြခြင်း ဖြစ်သည်ဟု သိရသည်။

ယင်းသို့ အပန်းဖြေစခန်းများ ဆောက်လုပ်ရန် စိတ်ဝင်စားသည့် ကုမ္ပဏီ သုံးခုမှာ ပြည်ပကုမ္ပဏီများနှင့် ချိတ်ဆက်ပြုလုပ်မည့်သဘော ရှိနေပြီး ကိုကိုးကျွန်းသို့လည်း လာရောက်လေ့လာ ကြည့်ရှုမှုများ ရှိသည်ဟု သိရသည်။

"ကျွန်းပေါ်မှာ အပန်းခြေစခန်း လုပ်ချင်တဲ့ ကုမ္ပဏီတွေ လာပြီးကွင်းဆင်းကြည့်တာတွေ ရှိပါတယ်။ အဓိကကတော့ ပြည်တွင်းနဲ့ ပြည်ပဖက်စပ်လုပ်မယ့် ကုမ္ပဏီတွေ ဖြစ်တယ်။ လာကြည့်တာတော့ ပြည် တွင်းက ကုမ္ပဏီကလူတွေ အခြေခံပြီး လာကြည့်ကြတာပါ။ ကျွန်တော်တို့ကတော့ ကျွန်းပေါ်မှာ အဲဒီလို အပန်းဖြေစခန်းတွေ ဖွင့်လှစ်လုပ်ကိုင် စေချင်တယ်။ ဒါမှလည်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးပြီး လမ်းပန်းဆက် သွယ်ရေးလည်း ကောင်းလာမှာပါ" ဟု ကိုကိုးကျွန်းတွင် နှစ် ၄၀ နီးပါး နေထိုင်ခဲ့သည့် ဒေသခံတစ်ဦး က ပြောကြားသည်။

ယင်းသို့ အပန်းဖြေစခန်းများ ဖွင့်လှစ်လုပ်ကိုင်လိုသည့် ကုမ္ပဏီများ အနေဖြင့် ရန်ကုန်မှ သွားရောက် အပန်းဖြေလိုသည့် သူများအတွက် လေယာဉ်ဖြင့် အကြိုအပို့ ပြုလုပ်မည့် အစီအစဉ်များ အထိပါ ပြုလုပ် မည်ဟု ရည်ရွယ်ထားကြောင်း သိရသည်။

ယင်းသို့ အပန်းဖြေစခန်းများ ဆောက်လုပ်လာနိုင်သည့် အလားအလာများကြောင့် ကျွန်းပေါ်ရှိ မူလရှိပြီး သား လေယာဉ်ကွင်းကိုလည်း ပို့ဆောင်ရေး ၀န်ကြီးဌာနက တိုးချဲ့မှုများ ပြုလုပ်နေပြီး မူလလေယာဉ်ကွင်း အကျယ် ပေ ၄၅၀၀ မှ ယခု ပေ ၅၀၀၀ အထိ တိုးချဲ့နေခြင်းဖြစ်ကြောင်း၊ တိုးချဲ့သည့် နေရာနှင့် မလွတ် ကင်းသည့် အိမ်များ၊ မြေကွက်များကို လျော်ကြေးပေးခဲ့ကြောင်းနှင့် ဆိပ်ခံတံတားများလည်း ထပ်မံဆောက် လုပ်ရန်ရှိကြောင်း သိရသည်။

ကိုကိုးကျွန်းတွင် အဆင်မြင့် အပန်းဖြေစခန်းများ လုပ်ကိုင်မည် ဆိုသော်လည်း သဘာဝ အလှအပနှင့် မပျက်စီးသေးသော သယံဇာတများ ရှိနေ၍ အဆိုပါ သယံဇာတများ လျော့ပါးသွားမည်ကိုလည်း စိုးရိမ် မှုများ ရှိနေသည်။

ယခုအခါ အဆိုပါ လုပ်ကိုင်လိုသည့် ကုမ္ပဏီများ အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ Proposal တင်ပြထားပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ ခွင့်ပြုနိုင်ရန် ဆက်တက်တင်ပြထားသည်ဟု သိရသည်။

ကိုကိုးကျွန်းပေါ်တွင် လူဦးရေ ၁၀၀၀ ၀န်းကျင်ခန့် နေထိုင်ပြီး နေထိုင်သူများမှာ အစိုးရ ၀န်ထမ်းအများ စု ဖြစ်ကြောင်းနှင့် ကိုကိုးကျွန်းမှ ရန်ကုန်သို့ ဆက်သွယ်သွားလာရေးအနေဖြင့် ရေကြောင်းနှင့် လေကြောင်း သာရှိပြီး ယင်းအထဲမှ ရေကြောင်းဖြင့် အဓိက သွားလာနေရခြင်းပြီး တစ်ညအိပ် သွားလာရခြင်း ဖြစ်သည် ဟု သိရသည်။

FROM-Eleven Media

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D