ရေတာရှည် ၊ ၁၁-၉-၂၀၁၃
ယာဉ်မတော်တဆ မှုများ
မကြာခဏ ဖြစ်ပွား
တတ်သော ပဲခူးတိုင်း ဒေသကြီး ရေတာရှည် မြို့နယ် ၊ ပြီစုပ်ကျေးရွာ နှင့်
မှန်စီကျေးရွာ
ကြားရှိ ကားလမ်းပိုင်းတွင် စက်တင်ဘာ ၉ ရက်နေ့
နံနက် ၄ နာရီခွဲ အချိန်ခန့်က ကုန်တင် လာသော ယာဉ်ငယ် တစ်စီး အရှိန်လွန်
တိမ်းမှောက်ခဲ့ရာ
ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် တို့နှစ်ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း
သိရသည်။
ဖြစ်စဉ်မှာ ယာဉ်မောင်း မောင်မောင်စိုး ၂၈ နှစ် (ဘ) ဦးကျော်မင်းစိုး ( ပုဇွန်တောင် ၊ ရန်ကုန်မြို့နေသူ ) မောင်းနှင်ပြီး ယာဉ်နောက်လိုက် အောင်ကျော်စိုး ၃၆ နှစ် (ဘ) ဦးကျော်မင်းစိုး (နေရပ်တူ) တို့ လိုက်ပါလာသော မစ်ဆူဘီရှီ (ကင်တာ) ၃ခ/၆၅၆၇ ကုန်တင် ယာဉ်ငယ်သည် ရန်ကုန်ဘက် မှ မန္တလေးဘက် သို့ မောင်းနှင်လာစဉ် ရေတာရှည်မြို့နယ် မှန်စီရွာ တောင်ဘက် ကားလမ်း မိုင်တိုင်အမှတ် ၊ ၁၉၇/ဝ နှင့် ၁၉၇/၁ အကြားတွင် အရှိန်လွန်ကာ ကားလမ်း အနောက်ဘက်ရှိ လျှပ်စစ် ကွန်ကရစ်တိုင်ကို ဝင်တိုက်၍ တစ်ပတ်လည်ပြီး တိမ်းမှောက်သွားခဲ့သည်။ ယာဉ်တိမ်းမှောက်မှု ကြောင့် ယာဉ်မောင်း မောင်မောင်စိုး နှင့် ယာဉ်နောက်လိုက် အောင်ကျော်စိုး တို့ ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့၍ ဆွာရဲစခန်းမှ ယာဉ်(ပ) ၁၄/၂ဝ၁၃ ၊ ပြစ်မှုပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့် ဆောင်ရွက် ထားကြောင်း သိရှိရသည်။(၄၁ဝ)
MWD
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...