သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, September 17, 2013

အစိုးရနှင့် ကေအိုင်အို အောက်တိုဘာတွင် ပြည်ထောင်စုအဆင့် ထပ်မံဆွေးနွေးမည်

Photo: နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန် ကြိုးပမ်းနေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO/KIA အဖွဲ့တို့သည် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေး အောက်တိုဘာလတွင် ထပ်မံဆွေးနွေးမှုများ ပြုလုပ်သွားရန် သဘောတူညီမှု ရရှိထားကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာမှ အကြီးတန်း အကြံပေးတစ်ဦးက ပြောကြားသည်။

ယင်းဆွေးနွေးပွဲကို အောက်တိုဘာလ ပထမပတ်တွင် မြစ်ကြီးနားမြို့နယ် မဂျွယ်ခန်းမ၌ ကျင်းပသွားရန် စီစဉ်ထားကြောင်း ၎င်းကရှင်းပြသည်။

အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် ကေအိုင်အို အလုပ်အဖွဲ့တို့ မြစ်ကြီးနားမြို့၌ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ပြုလုပ်သည့် ဆွေးနွေးပွဲ ပထမနေ့တွင် ယင်းသို့ တွေ့ဆုံရန် သဘောတူခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“အောက်တိုဘာမှာ ပြည်ထောင်စု အဆင့်တွေ့ပြီး နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးဖို့ ဆွေးနွေးမယ်” ဟု ၎င်းကဆိုသည်။

မြစ်ကြီးနားမြို့တွင် စက်တင်ဘာလ ၁၆ ရက်နေ့က စတင်ပြုလုပ်သည့် အဆိုပါ နှစ်ဖက် အလုပ်အဖွဲ့များ တွေ့ဆုံပွဲသို့ ကချင်ပြည်နယ် နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး အောင်နိုင်တို့ ပါဝင်တက်ရောက်ပြီး ကေအိုင်အိုဘက်မှ ဒုတိယဗိုလ်မှူးကြီးအဆင့် နှစ်ဦးပါ ကိုယ်စားလှယ်ရှစ်ဦး၊ လေ့လာသူနှစ်ဦး ပါဝင်ကြောင်း၊ ယင်းမှာ မြစ်ကြီးနားမြို့တွင် ဇူလိုင်လအတွင်း ကေအိုင်အေ အလုပ်အဖွဲ့၏ တရားဝင်ရုံး ဖွင့်လှစ်ခဲ့ပြီးနောက် ပထမဆုံးနှစ်ဖက် အလုပ်အဖွဲ့ တွေ့ဆုံပွဲဖြစ်ကာ စက်တင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက် နှစ်ရက်တာ ကျင်းပမည် ဖြစ်ကြောင်း ဆွေးနွေးပွဲ တက်ရောက် သူများထံမှ သိရသည်။

၂၀၁၃ ခုနှစ်အတွင်း နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ရန် ကြိုးပမ်းနေသည့် အစိုးရနှင့် ကေအိုင်အို။ ကေအိုင်အေ လက်နက်ကိုင်အဖွဲ့အကြား လတ်တလော ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်မည် မဟုတ်ကြောင်း နှစ်ဖက်ခေါင်းဆောင်များက ထုတ်ပြန် ပြောကြားထားသည်။
 

From : ..the voice

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D