သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, June 23, 2013

မျိုးစောင့် ဥပဒေကို ပိတ်ပင်တဲ့ မဇင်မာအောင် ဘာလဲ ဘယ်လဲ

 19 ၊ ဇွန် ၊ ၂၀၁၃ - မဇ္ဈိမ သတင်းစာမှာ စာမျက်နှာ (၁၉)မှာ အမျိုးသမီးတို့၏ အခွင့်အရေးနှင့် မျိုးစောင့်ဥပဒေ ဘာလဲ၊ ဘယ်လဲ ဆိုပြီး မဇင်မာအောင် နှင့် တွေ့ဆုံခြင်း ဆိုပြီး ပါပါတယ်..


မဇင်မာအောင်က " အမျိုးဘာသာ၊ သာသနာဆိုတော့ အမျိုးဘာသာ သာသနာဆိုတာ ဘာလဲ.. မေးခွန်းထုတ်စရာရှိတယ်..။ အမျိုးဘာသာ သာသနာလို့ ပြောရင် မိန်းမတွေဘက်ပဲ လှည့်လှည့်လာတယ်။ ကျမတို့တိုင်းပြည်မှာ မှီတင်းနေထိုင်သူတွေဟာ ဗုဒ္ဓဘာသာဝင်တွေချည်း မဟုတ်ကြဘူး.. ဆိုပြီး ပြောထားပါတယ်..။
ဘုန်းဘုန်း ဖြေပါ့မယ်.. ဒီမေးခွန်းကို ကြည့်သောအားဖြင့် မဇင်မာအောင် ဟာ ဗုဒ္ဓဘာသာဝင် မဟုတ်နိုင်ပါဘူး.. ဟုတ်ခဲ့ရင်လဲ ဗုဒ္ဓစာပေကို မလေ့လာဖူးဘူးဆိုတာ သေချာပါတယ်..။ဘုန်းဘုန်းတို့ တိုင်းပြည်မှာ မှီတင်းနေထိုင်သူတွေဟာ ဗုဒ္ဓဘာသာဝင်တွေချည်း မဟုတ်လို့ကို မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းဖို့လုပ်ရတာပါ..။ ဗုဒ္ဓဘာသာဝင်တွေချည်း နေထိုင်ကြရင် ဒီမျိုးစောင့်ဥပဒေဆိုတာ လုပ်စရာမလိုပါဘူး...။
မဇင်မာအောင်က .. ဒီဥပဒေကို အတည်ပြုလိုက်ခြင်းအားဖြင့် ကျွန်မတို့ လက်ထပ်တာတောင် ကိုယ့်ဆန္ဒနဲ့ မဟုတ်ဘဲ။ သူများသတ်မှတ်ပေးထားတဲ့ စံနှုန်းတွေထဲမှာပဲ ရွေးရမယ်။ ကျွန်မတို့က ကိုယ့်အိမ်ထောင်ဖက်ကိုမှ သင့်တင့်မျှတအောင် မရွေးနိုင်တဲ့ မိန်းမတွေအဖြစ် လက်ခံလိုက်ရာ ရောက်တယ်..။
ဒီစကားကလည်း မျိုးစောင့်ဥပဒေ စာအုပ်ကို သေချာမဖတ်ဘူးဆိုတာ ထင်ရှားပါတယ်..။ အိမ်ထောင်ဖက်ကို စိတ်ကြိုက်ရွေးလို့ရပါတယ်..။ အိမ်ထောင်ပြုပြီးတဲ့ အခါကျမှ လူမသိ သူမသိ အနိုင်ကျင့် နှိပ်စက်ခံရပြီး ဘာသာပြောင်းမယ့်အစား ကိုယ်ပြောင်းမယ့် ဘာသာကို လေ့လာပြီး လူသိရှင်ကြား လွတ်လပ်စွာ ဘာသာပြောင်းနိုင်ဖို့ လုပ်ပေးတာပါ..။
မဇင်မာအောင် အနေနဲ့ အစ္စလာမ်ဘာသာဝင် တစ်ယောက်နဲ့ လက်ထပ်ခဲ့မယ်.. မဇင်မာအောင် ကလဲ အစ္စလာမ်ဘာသာဝင်မဟုတ်ဘူးဆိုရင် တရားဝင်မယား မဖြစ်ဘူးဆိုတဲ့ ဒီလိုအစ္စလာမ်ဥပဒေကိုရော မဇင်မာအောင် အနေနဲ့ ကျေနပ်စွာ လက်ခံပါသလား...။ အဲဒါကရော အမျိုးသမီးတို့၏ အခွင့်အရေးနဲ့ ဘယ်လိုပြောမလဲ..။
ဘုန်းဘုန်းတို့ကတော့ လူမျိုးမပျောက်ဖို့ ကိုယ့်ဥပဒေကို ပြဋ္ဌာန်းရမှာပါပဲ..။ ဘာလို့လဲဆိုတော့ လူမျိုးပျောက်ရင် ဘာသာပျောက်မှာမို့ပါပဲ...။ အမျိုးဘာသာ သာသနာ မပျောက်ဖို့အတွက် မျိုးစောင့်ဥပဒေကို ကြိုးစားလုပ်ဆောင်ကြပါစို့..။
မဇင်မာအောင် ဟာ ၁၉၉၆-ခုနှစ် ကျောင်းသူအဖွဲ့၊ N G O အထောက်အပံ့ကို အပြည့်အ၀ ရတဲ့သူ။ ၇၈၆ ခေါင်းဆောင်ကြီး ဦးမြတ်သူနှင့် ဦးမြကို တို့ရဲ့ ကြိုးကိုင်ခံရသူ အထောက်အပံ့များစွာ ရယူနေသူလို့ သိရပါတယ်...။
From: ဦးနရပတိ ဆရာတော်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D