သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, June 23, 2013

အာဏာရ ပြည်ခိုင်ဖြိုး အစိုးရလက်ထက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ရန် အစိုးရ တိုက်တွန်းနေဟု ဗြိတိန်ကုန်သွယ်ရေးဝန်ကြီး ပြောကြား

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများကိုတိုးမြှင့် ဆောင်ရွက်ရန် ဗြိတိန်အစိုးရ အနေဖြင့် ယင်း၏ လုပ်ငန်းရှင်များကို တိုက်တွန်းလျှက်ရှိကြောင်း ဗြိတိန်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဝန်မင်းဂရီးန်က ဇွန်လ၊ ၁၃ ရက် ညနေ တွင် ကုန်သည်ကြီးများ ဟိုတယ်၌ ကျင်းပသော ICEAW နှင့် MICPA တို့၏ နားလည်မှု စာချွန်လွှာရေးထိုးပွဲတွင် ပြောကြားလိုက်သည်။

၂ဝ၁၂ခုနှစ် နှစ်လယ်ပိုင်းမှ စတင်ကာ အီးယူအနေဖြင့် မြန်မာအပေါ် ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုများအား ဖြေလျှော့ပေးခဲ့ခြင်းကြောင့် ယခု၂ဝ၁၃ခုနှစ်တွင် ဗြိတိန်-မြန်မာ ကုန်သွယ်မှုပမာဏသည် ပထမ သုံးလပတ် အတွင်းပင် ယခင်နှစ် ကာလတူ ထက် ၁၇၈ရာခိုင်နှုန်း တိုးတက်လာပြီဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးက ပြောကြားသည်။

မစ္စတာ ဝန်မင်းဂရီးန်က“ဗြိတိသျှ စီးပွားရေး လုပ်ငန်းတွေဟာ မြန်မာနိုင်ငံထဲ ကိုရောက်ရှိအောင် ဆောင်ရွက် ထားနှင့်ကြပြီး ဖြစ်ပါတယ်။ အီးယူရဲ့ အရေးယူပိတ်ဆို့မှုများ ဖယ်ရှားလိုက်ခြင်းနဲ GSP ကို ပြန်လည်အသက် သွင်းတော့မယ့် အခြေအနေဟာ နောက်ထပ် ရင်းနှီးမြှုပ်နှံမှုတွေအတွက် အမြူတေဖြစ်လာ လိမ့်မယ်လို့ ကျွန်တော်မျှော်လင့် ပါတယ်။ မြန်မာနိုင်ငံဟာ တစ်ဟုန်ထိုး ပြောင်းလဲနေတဲ့ မကြုံစဖူးကာလ တစ်ရပ်ကိုဖြတ်သန်းနေပြီး ဒီအချက်က နိုင်ငံတကာ စီးပွားရေးလုပ်ငန်းတွေအတွက် ဧရာမအခွင့် အလမ်းတွေကို ပေးအပ်နေ တာ သံသယဖြစ်စရာ မလိုဘူးဆိုတာ
ပြောဖို့တောင်မလိုပါဘူး'' ဟု ပြောကြားခဲ့သည်။

ဗြိတိသျှ ကုန်သွယ်ရေးဝန်ကြီးသည် ဗြိတိန် စီးပွားရေးလုပ်ငန်းများကို အထောက်အကူပြုလုပ် လာရောက်သော အရှေ့တောင်အာရှဒေသ ခရီးစဉ်၏ နောက်ဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ ခရီးအဖြစ် လာရောက်ခြင်းဖြစ်ကာ ယင်းနှင့်အတူ ဗြိတိန်၏ ထိပ်သီးကုမ္ပဏီများ
ဖြစ်သည့် အေရပ်(ပ်)၊ ဂျေစီဘီ၊ စတန်းဒက်ချာတာ၊ ခရောင်းန်အေးဂျင့်စ် စသည်တို့မှ ကိုယ်စားလှယ်များ ပါဝင်လာကာ ယနေ့ ဇွန် ၁၄ ရက်တွင် နေပြည်တော်၌ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း၊ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဌ၊ ဘဏ္ဍာ/အခွန် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်တို့နှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးကြမည်ဖြစ်ကာ ဆက်လက်၍ နောက်နေ့တွင်
ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်တွင် တွေ့ဆုံမည်ဖြစ်ကြောင်း ဗြိတိန်ဘက်မှ သတင်း ထုတ်ပြန်ထားသည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ မှတ်ပုံတင်ဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးအောင်နိုင်ဦးက ''ဗြိတိန်က စီးပွားရေးပိတ်ဆို့ထား တုန်းကလဲ တိုက်ရိုက်မဟုတ်ပေမဲ့ မြန်မာနိုင်ငံမှာ တခြားနိုင်ငံတွေကတစ်ဆင့် ရေနံနဲ့ သဘာဝဓာတ်ငွေ့တို့၊ ကုန်ထုတ်လုပ်ငန်းတို့မှာ ရင်းနှီးမြှုပ်နှံ ကြတာတွေ ရှိပါတယ်။ အခုလည်း ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေမှာ ထပ်ဝင်ဖို့ ခွင့်ပြုချက် တင်ထားတွေ ရှိပါတယ်။ လက်ရှိတော့ EIA စစ်တမ်းတွေ လုပ်နေတုန်းပါပဲ'' ဟု မဇ္စျိမသို့ ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ဗြိတိန်သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု လာရောက် လုပ်ကိုင်ထားသော နိုင်ငံပေါင်း ၃၂ နိုင်ငံအနက် တရုတ်၊ ထိုင်း၊ ဟောင်ကောင်နှင့် တောင်ကိုရီးယားတို့၏ နောက်မှ အမှတ်စဉ်ငါးတွင် ရပ်တည်လျှက်ရှိသည်။



From : ..mizzima

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D