“အလှကိုယ်စီ”(တင်မိုး)
ဖိုးလမင်းလည်း
သူ့အဆင်းနှင့် အလင်းနှင့်။
မီးတိုင်ငယ်လည်း
သူ့အရွယ်နှင့် အစွယ်နှင့်။
စံပယ်ဦးလည်း
သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်။...
ပိတောက်ဝါလည်း
သူ့အခါနှင့် နံ့သာနှင့်။
မြစ်ပြင်နက်လည်း
သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်။
စမ်းချောင်းခွေလည်း
သူ့ချောင်းရေနှင့် လောင်းလှေနှင့်။
မည်သည့်အရာ၊ မဆိုသာတည့်
သူ့မှာကိုယ့်မှာ၊ အလှသာတည့်။
သဘာဝလျှင်
အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င
လက်ဆောင်ငှ၏။
အလှဝန်တို၊ မငြင်ငြိုနှင့်
ဝန်တိုမှုသာ၊ မလှရာတည့်။
သူ့ဂုဏ်သူ့သိန်၊ သူ့အရှိန်နှင့်
အချိန်အခါ၊ နေရာဒေသ
ဌာနအလျောက်၊ အရေးရောက်သည်
စွမ်းလောက်နိုင်သူချည်းပါလား။
ဖိုးလမင်းလည်း
သူ့အဆင်းနှင့် အလင်းနှင့်။
မီးတိုင်ငယ်လည်း
သူ့အရွယ်နှင့် အစွယ်နှင့်။
စံပယ်ဦးလည်း
သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်။...
ပိတောက်ဝါလည်း
သူ့အခါနှင့် နံ့သာနှင့်။
မြစ်ပြင်နက်လည်း
သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်။
စမ်းချောင်းခွေလည်း
သူ့ချောင်းရေနှင့် လောင်းလှေနှင့်။
မည်သည့်အရာ၊ မဆိုသာတည့်
သူ့မှာကိုယ့်မှာ၊ အလှသာတည့်။
သဘာဝလျှင်
အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င
လက်ဆောင်ငှ၏။
အလှဝန်တို၊ မငြင်ငြိုနှင့်
ဝန်တိုမှုသာ၊ မလှရာတည့်။
သူ့ဂုဏ်သူ့သိန်၊ သူ့အရှိန်နှင့်
အချိန်အခါ၊ နေရာဒေသ
ဌာနအလျောက်၊ အရေးရောက်သည်
စွမ်းလောက်နိုင်သူချည်းပါလား။
(တင်မိုး)
ပုံကို Ar Tone ထံမှ ကူးယူပါတယ်....
ပုံကို Ar Tone ထံမှ ကူးယူပါတယ်....
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...