သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, August 11, 2013

" အသိုက်ကွဲ ငှက်ရဲ့ ဒဏ်ရာ "

- - - - - - - - - - - - - - - - - -
ကမ္ဘာပေါ်က ကလေးတိုင်း
လိုက်မေးကြည့်ပါ
မိတကွဲ ဖ တကွဲ နဲ့
ဘယ်သူနေချင်သလဲလို့ ...
အဖေရယ် မသွားပါနဲ့
သားကို ဘယ်သူက ကျောင်းလိုက်ပို့မှာလဲ ...
အမေရယ် မသွားပါနဲ့
သားကို ဘယ်သူက အိမ်စာတွေ စစ်မှာလဲ ...
ကိုယ်ပိုင် အတ္တတွေ အပြိုင်ကြဲတဲ့ပွဲ
ကိုယ့်ကိုကို အချစ်ဆုံးဆိုပြီး
လက်မထောင် နှစ်ယောက်သား လမ်းခွဲသတဲ့
( ကျတော့်ကိုရော ဘယ်သူမှ မချစ်ကြဘူးလား ??? )
ကျကွဲနေတဲ့ မှန်ဘောင်ထဲက
အဖေ ၊ အမေနဲ့ ကျတော် ..
သွေးအလိမ့်လိမ့်နဲ့ ကျတော့်ရဲ့လက် ,
တိပ်လေး ပြန်ကပ်ရင်တော့
မှန်ဘောင်လေး အကောင်းဖြစ်မှာပါ ...
( တိုးလျတဲ့ ဆုတောင်း )
" ရိုက်ပါ ဆရာမ ... "
အချက် ၂၀ မကဘူး
အသေသာ ရိုက်ပါ ...
ဆရာမ ခေါ်ခိုင်းတဲ့ မိဘ
ကျတော့်မှာ မရှိဘူးးး
" ရိုက်ပါ ဆရာမ "
အံကြိတ်ပါများလာတော့
ရင်ဘတ်မှာ ဒဏ်ရာဖြစ်လာတယ် ,
ကျတော်က ကလေကချေပါ
နေ လ မရှိတဲ့ ကမ္ဘာငယ်တခု
လောကကြီးနဲ့ ကန့်လန့်တိုက်ဖို့ အဆင်သင့် ရှိနေတယ် ...
ပညာရေးမှာ - သုည
ပေါင်းသင်းဆက်ဆံမူ့ - ဇီးရိုး
အရာရာအဆိုးမြင်နေတယ် ...
ဒဏ်ရာတခုရဲ့ နောက်ဆက်တွဲတွေ ...
မပြောပါနဲ့
မိမနိုင် , ဖ မနိုင် လို့ ...
မိဘတွေ ဆုံးမတာကိုခံချင်လွန်းလို့ ,
ညတိုင်း အဖေ အမေ ဓာတ်ပုံလေးကို ရှိခိုးရင်း
ဆုတောင်းနေရတယ့် ကောင်ပါ ...
ဒဏ်ရာတွေအတွက် ထည့်စရာဆေးမရှိဘူး
အမာရွတ်တွေက အထပ်လိုက် ...
ကျတော်ဆိုတာ ,
အပုဒ်နံ့တွေ စုနေတဲ့ ပြတိုက်တခု
နွံထဲက ပျော်ရွှင်ခြင်းတွေ
ကောင်းကင်မရှိတဲ့ သောက်ရူးကြယ် တလုံး ...
အိမ်မက်ဆိုးမက်တဲ့ညတွေမှာ
ပြေးဝင်စရာ ရင်ခွင်မရှိဘူး ...
မနက်ခင်းမှာ လာနိုးမယ့်
အနမ်းတစုံ မရှိဘူး ...
နေမကောင်းတဲ့ အခါ
ပြုစုပေးမယ့် လက်တစုံ မရှိဘူး ...
ရှင်ပြုရင်ကော သပိတ်လွယ်မဲ့ အဖေ
သင်္ကန်း ကိုင်မယ့်အမေ ရှိပါ့မလား ... ? .
" သား ဒီနေ့ အဆင့် ( ၁ ) ရတယ် "
ဘယ်သူ့ကို ပြောပြရမှာလဲ ...
ဘယ်သူ့ဆီက ပူဆာ ရမှာလဲ ...
အုပ်ထိန်းသူနေရာမှာကော ,
ဘယ်သူ လက်မှတ်ထိုးမှာလဲ ...
" အဖွား ...
အဖွား ပြောတော့ အဆင့် ( ၁ ) ရရင်
အဖေ နဲ့ အမေ ပြန်လာမယ်ဆို "
.
( ရာဝဏ )
ဒီကဗျာလေးကိုဖတ်ပြီး ရင်ထဲမှာ တကယ် အရမ်းခံစားရတာမယ့် ကဗျာဆရာလေးဆီကနေခွင့်တောင်းပြီ တင်ထားတာပါ လဲ့မွန်ရဲ့ fan တွေလဲ ကဗျာလေးကနေ အသိတစ်ခုရရှိနိုင်ကျပါစေ ...

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D