တိုက်ခိုက်မှုများ
ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဘင်္ဂါလီ
ဒုက္ခသည်စခန်း နယ်မြေများတွင် လုံခြုံရေးရုံး ရှစ်ရုံးနှင့်
စီမံခန့်ခွဲရေးရုံး ရှစ်ရုံး ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်
အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားသည်။
အဆိုပါ စီမံခန့်ခွဲရေးရုံး (Camp Management Office) ရှစ်ရုံးနှင့် လုံခြုံရေးရုံး (Camp Security Office) ရှစ်ရုံး ဖွင့်လှစ်ရန် ပြည်ထောင်စုအစိုးရထံမှ ကျပ်သိန်းငါးရာကျော် တောင်းခံထားကြောင်း ၎င်းကဆိုသည်။
“စီမံအုပ်ချုပ်တဲ့ နေရာမှာ အဆင်ပြေအောင်လို့ပါ” ဟု ဦးဦးလှသိန်းက ထပ်မံပြောကြားသည်။
စီမံခန့်ခွဲရေးရုံးတွင် စားနပ်ရိက္ခာ ဖြန့်ဝေရေးကဲ့သို့ ကိစ္စများကို လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး လုံခြုံရေးရုံးကို လက်ရှိ ယင်းနေရာများတွင် တာဝန်ယူထားသည့် လုံခြုံရေးတပ်ဖွဲ့များ တာဝန်ထမ်းဆောင်မှု အဆင်ပြေစေရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
စစ်တွေမြို့ ဘင်္ဂါလီဒုက္ခသည် စခန်းများရှိ ဘင်္ဂါလီများက လူဦးရေစာရင်း ကောက်ခံသည့် အဖွဲ့ကို တိုက်ခိုက်ခဲ့ခြင်း၊ အဆောက်အအုံ အရည်အသွေး စစ်ဆေးသည့်အဖွဲ့ကို တိုက်ခိုက်ခဲ့ခြင်း များ ပြုလုပ်ခဲ့ သဖြင့် ယင်းသို့ လုံခြုံရေးရုံး ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။
From:The Voice


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...