သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, August 4, 2013

''ခေတ်သစ် ဗိန္ဒော-ဆရာများ''

၈၈- တို့ ၊ (ဘာတို့ ညာတို့)ကို ပြည်သူတွေနဲ့ သူတို့ကို စည်းခြားထားတဲ့အချိန်တုန်းက တော်တော်လေးစားမိခဲ့တယ်။

သူတို့ အပြင်ကိုလည်း ထွက်လာရော မျှော်လင့်ထားကြတာနဲ့ တော်တော်ကွာခြားနေတယ်။

''လူ့အခွင့်အရေး''ဆိုတဲ့ စကားတစ်ခုကို အာဂုံဆောင်ပြီး ဂါထာရွတ်သလို တဖွဖွရွတ်တယ်။ ပြည်သူတွေအလေးထားတဲ့ အမျိုးသားရေးကိစ္စကို ''လူ့အခွင့်အရေး''ဆိုတဲ့ စကားလုံးနဲ့ ဖိသတ်ဖို့ ကြိုးစားတယ်။ ဘာရောဂါပဲလာလာ၊ ဒီဆေးတစ်ခွတ်ကိုပဲ တိုက်မယ့် ''ဗိန္ဒောဆေးဆရာ''လိုပဲ သူတို့ကို ''ဗိန္ဒော-နိုင်ငံရေးသမားတွေ''လို့ ခေါ်ရမလို ဖြစ်နေတယ်။

အထူအပါး နားမလည်ကြဘူး-လို့ ထင်ချင်စရာပဲ။ သူတို့ကို ဘယ်လိုနားလည်ရမှန်း မသိတော့ဘူး။ သူတို့ ဘာတွေကြံနေတယ်၊ ဘာလုပ်နေတယ်/ဘာအတွက် လုပ်နေတယ်-ဆိုတာလည်း မရှင်းတော့ဘူး။

ရှင်းနေတာတစ်ခုတော့ ရှိတယ်။ သူတို့ဟာ မြန်မာပြည်သူ/သားတွေနဲ့ ထိတွေ့ဆက်ဆံတာ၊ ဆွေးနွေးပြောဆိုတာနဲ့ နှိုင်းစာရင် အပြင်ကလူတွေ၊ အုပ်စုတွေနဲ့ပဲ ပိုပြီး ထိတွေ့ဆက်ဆံတာက ပိုများတယ်။
ပြည်တွင်းအသံထက် ပြည်ပအသံကို ပိုနားထောင်တယ်။ ပြည်သူ့အသံထက် ပြည်ပအသံက ပို၍ နားဝင်ချိုလေသလား-လို့ မေးချင်စရာ အခြေအနေပါ။

ပြည်သူ့အသံကို နားမထောင်တတ်တဲ့ သူတို့ လုပ်တာ၊ပြောတာတွေဟာ မြန်မာပြည်သူ/သား အများစုရဲ့ဆန္ဒကို ထင်ဟပ်စေပါ့မလားဆိုတာ မေးခွန်းထုက်ချင်စရာပါ။

သူတို့ကို အရင်လိုပဲ လေးစားနေတာက ပိုကောင်းမလားပဲ ။

(သူတို့ကို သူတို့နဲ့ လိုက်ဖတ်တဲ့ အရင်နေရာကိုပဲ ပြန်ပို့လိုက်ပါ လို့ ကျုပ်မပြောပါဘူး။)




From: လက်ဝဲသုန်(ဟံလင်း)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D