သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, August 13, 2013

မြန်မာသံရုံ ဗုံးခွဲဖို့ ငွေကြေးထောက်ပံ့သူလို့ ယူဆရသူကို ရဲတွေဖမ်းမိထား

အင်ဒိုနီးရှားနိုင်ငံရဲ့ ​မြို့တော် ​ဂျကာတာမြို့မှာရှိတဲ့ ​မြန်မာသံရုံးကို ​ဗုံးခွဲဖို့အတွက်ငွေကြေးထောက်ပံ့မှုလုပ် တယ်လို့ ​ယူဆရသူကို ​အင်ဒိုနီးရှားရဲတွေက ​ဖမ်းဆီးလိုက်ပါတယ်။

မြန်မာသံရုံးဗုံးခွဲဖို့ ​ကြိုးစားရာမှာ ​ငွေကြေး ​ထောက်ပံ့မှုလုပ်ခဲ့တယ်လို့ ​စွပ်စွဲခံရသူ ​Muhammad ​Syaiful ​Sabani ​ကို ​သောကြာနေ့က ​ရဲတွေက ​ဖမ်းဆီးခဲ့တာဖြစ်ပြီး ​မကြာသေးခင်ကပဲ ​အဂ္ဂယာန ​ဗုဒ္ဓဘာသာ ​ဘုန်းကြီးကျောင်း ​ဗုံးပေါက်ကွဲမှုနဲ့ ​ဆက်နွယ်မှု ​ရှိမရှိဆိုတာကိုပါ ​စစ်ဆေးနေပါတယ်။


မြန်မာသံရုံးဗုံးခွဲဖို့ ​ကြံစည်မှုနဲ့ ​အဂ္ဂယာနဘုရားဗုံးပေါက်မှုတွေဟာ ​မြန်မာနိုင်ငံမှာ ​ဖြစ်ခဲ့တဲ့ ​ဘာသာရေး ​ပဋိပက္ခနဲ့ ​ဆက်နွယ်နေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ​ရိုဟင်ဂျာတွေ၊ ​မွတ်စလင်တွေ ​ဖိနှိပ်ခံရတာကို ​အစ္စလာမ်ဘာသာဝင်အများစု ​ဖြစ်ကြတဲ့ ​အင်ဒိုနီးရှားနိုင်ငံသား ​တချို့က ​မကျေမနပ် ​ဖြစ်နေကြတာဖြစ်ပါတယ်။ 

မြန်မာသံရုံးကို ​ဗုံးဖောက်ခွဲဖို့ ​ကြိုးစားခဲ့တဲ့ ​လူနှစ်ယောက်ကို ​အင်ဒိုနီးရှားရဲတွေက ​မေလတုန်းက ​ဖမ်းဆီး ခဲ့တဲ့အပြင် ​အဖွဲ့ရဲ့ခေါင်းဆောင်တစ်ဦးနဲ့ ​ဗုံးပြုလုပ်သူကို ​နောက်ပိုင်းမှာ ​ဖမ်းဆီးခဲ့ပြီး ​ခုအခါမှာဖောက်ခွဲမှု အတွက် ​ရံပုံငွေရှာဖွေပေးသူလို့ ​ယူဆရသူကို ​ဖမ်းဆီးနိုင်ခဲ့တာ ​ဖြစ်ပါတယ်။

ခုဖမ်းဆီးခံရသူဟာ ​ငွေကြေးတွေ ​ရရှိဖို့ ​ရွှေဆိုင်တချို့မှာ ​ခိုးယူတာတွေ ​လုပ်နိုင်တယ်လို့ ​ရဲတွေက ​ခန့်မှန်း ထားပါတယ်။

ABC

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D