သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, August 13, 2013

ကယားပြည်နယ်မှာ သစ်လုံးကြီးများ ခုတ်ယူခွင့်ကို ၂ဝ၁၄ မတ်လတွင် ပိတ်ပင်မည်

ကယားပြည်နယ်မှာ သစ်တောပြုန်းတီးမှုကို ကာကွယ်နိုင်ဖို့အတွက် လာမယ့် ၂ဝ၁၄ ခုနစ် မတ်လကုန်ပိုင်းကစပြီး အလေးချိန် ၁ တန်နီးပါးရှိတဲ့ သစ်လုံးအကြီးတွေ ခုတ်ယူခွင့်ကို ပိတ်ပင်တော့မယ်လို့ ကယားပြည်နယ် သစ်တောရေးရာဝန်ကြီးဌာန တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။

လက်ရှိအချိန်မှာ ကယားပြည်နယ်ကထွက်ရှိတဲ့ သစ်တွေဟာ ပြည်ပနိုင်ငံ
တွေကို အဓိကထားတင်ပို့နေတာကြောင့် သစ်တောပြုန်းတီးမှုတွေ ဖြစ်နေ
တာလို့ ကယားပြည်နယ် သတ္တုနဲ့ သစ်တောရေးရာဝန်ကြီး ဦးရဲဝင်းက RFA ကိုပြောပါတယ်။


"ပြီးခဲ့တဲ့နှစ်က ကျနော်တို့ ကယားပြည်နယ်မှာ သစ်ထုတ်တဲ့အဖွဲ့တွေက သူတို့လျာထားချက်က တန် သုံးသောင်းလောက် လျာထားပြီးတော့ခုတ်
တယ်၊ ဒီနှစ်ကျတော့ သုံးချိုးတစ်ချိုးလောက်ပဲ ခုတ်ခွင့်ပေးတော့တယ်၊ ၂ဝ၁၄ မတ်လအကုန်၊ ဧပြီ ၁ ရက်နေ့ကနေစပြီးတော့ ဒီသဘာဝပတ်ဝန်း
ကျင် ထိန်းသိမ်းနိုင်ဖို့အတွက်ကို သစ်တောမပြုန်းတီးဖို့ သစ်လုံးကြီးတွေကို
ပြင်ပကိုရောင်းချခွင့် မပေးတော့ဘူး"

လက်ရှိအချိန်ထိ ပြည်နယ်အတွင်း သစ်ထုတ်လုပ်ခွင့်ကိုတော့ ဗဟိုအစိုးရရဲ့ ခွင့်ပြုချက်နဲ့ ဆောင်ရွက်နေကြရတာဖြစ်ပြီး လာမယ့် ၂ဝ၁၄ ခုနစ် ဘတ်ဂျက်နှစ်ကစလို့ ခွင့်ပြုမိန့်တွေကို ပြည်နယ်အစိုးရက လွှဲပြောင်းရယူသွား
မယ်လို့ သိရပါတယ်။ ကယားပြည်နယ် ဘောလခဲနဲ့ ဖားဆောင်းမြို့နယ်တွေ
မှာ သစ်ထုတ်လုပ်ရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်နေကြပါတယ်။

RFA Burmese

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D