သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, September 17, 2013

ငါးထောင်တန်အတု သံသယရှိသူငါးဦး ဖမ်းဆီး

ချင်းပြည်နယ်တောင်ပိုင်းရှိ ပလက်ဝမြို့တွင် စက်တင်ဘာလ ဒုတိယပတ်အတွင်း ငါးထောင်ကျပ်တန် အတုတွေ့ရှိမှုနှင့် ပတ်သက်ပြီး ပါဝင်သည်ဟု ယူဆရသူ ငါးဦးကို ပလက်ဝမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်းနှင့် ဒေသခံများထံမှ သိရသည်။

“လောလောဆယ် ဖမ်းထားတယ်။ တရားရုံး မတင်ရသေးဘူး။ တရားရုံးတင်ပြီးမှ တရားခံ ဘယ်နှဦးဆိုတာ ပြောလို့ရမယ်။ အခုဟာက သံသယရှိလို့ ဖမ်းဆီးထားတာ” ဟု ပလက်ဝမြို့နယ် ရဲတပ်ဖွဲ့စခန်း ဒုတိယရဲမှူး စိုးသိန်းက ပြောကြားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့က ပလက်ဝမြို့ မြို့မရပ်ကွက်ရှိ ဒေါ်ဆုံးဘဲ (၃၇) နှစ်၏ နေအိမ်သို့ သတင်းအရ သွားရောက် ရှာဖွေစစ်ဆေးခဲ့ရာ နေအိမ်အောက် ထင်းပုံကြားတွင် ပလတ်စတစ် အဖြူရောင်ဖြင့် ထုပ်ပိုးထားသော ငွေစက္ကူ ငါးထောင်ကျပ်တန်အတု ၁၀ ရွက်ကို တွေ့ရှိ ခဲ့ကြောင်း၊ ယင်းအပြင် သတင်းပေး တိုင်ကြားသည်ဟု ယူဆရသော အဆိုပါ ရပ်ကွက်နေ ဦးဇာနီထွန်း (၄၅) နှစ်ကိုလည်း စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

“ဦးဇာနီထွန်းက ဒေါ်ဆုံးဘဲရဲ့ ညီမကို ယူထားတာ။ သူတို့နှစ်ယောက်ကြားမှာ တစ်ခုခုပြဿနာဖြစ်လို့ ဖြစ်မယ်။ ပလက်ဝဘက်မှာတော့ မနှစ်ကတုန်းကတော့ အခုလိုပဲ ငါးထောင်တန် အတုတွေ ဖမ်းမိခဲ့ဖူးတယ်” ဟု ပလက်ဝ ဒေသခံတစ်ဦးက ပြောကြားသည်။

အလားတူ အဆိုပါ ငွေစက္ကူ အတုနှင့် ပတ်သက်ပြီး ပလက်ဝမြို့ မြို့မရပ်ကွက်နေ ဦးဇော်လင်း၊ မွန်ထောင့် ရပ်ကွက်နေ ဦးသန်းရွှေနှင့် ရှင်မဒိန် ကျေးရွာနေ ဦးမင်းအောင်တို့ကို ဆက်လက်ဖမ်းဆီး အရေးယူထားကြောင်း ယင်းမြို့နယ် ဒေသခံများထံမှ သိရသည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ (ပ) နံပါတ်နှင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မစသော အချက်အလက်များကို မထုတ်ပြန်နိုင်သေးကြောင်း၊ ဖမ်းဆီးထားသူများထံမှ အသေးစိတ် ထွက်ချက် ရယူနေကြောင်း ဒုရဲမှူးစိုးသိန်းက ဆက်လက်ပြောကြားသည်။ 


From : ..the voice


No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D