သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, September 17, 2013

နယူးစတား လျှပ်စစ်ပစ္စည်းဆိုင်မှ ကျပ်သိန်း ၈၀ ခိုးယူသူ နှစ်နာရီတွင်းဖမ်းမိ

ပန်းဘဲတန်းမြို့နယ် ၂၅ လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ နယူးစတား လျှပ်စစ်ပစ္စည်းဆိုင်တွင် စက်တင်ဘာလ ၁၅ ရက်နေ့က ကျပ်သိန်း ၈၀ ပျောက်ဆုံးခဲ့သဖြင့် တိုင်ကြားသောကြောင့် စုံစမ်း စစ်ဆေးရာ ခိုးယူသူဟု စွပ်စွဲခံရသူကို နှစ်နာရီတွင်း ဖမ်းဆီးရမိကြောင်း ပန်းဘဲတန်းမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

လျှပ်စစ်ပစ္စည်း လက်လီလက်ကား အရောင်းဆိုင်ရှိ ဗီရိုအံဆွဲတွင် ယင်းနေ့ မွန်းတည့် ၁၂ နာရီခန့်က ကျပ်တစ်ထောင်တန် ကျပ်သိန်း ၂၀၀ နှင့် ငါးထောင်ကျပ်တန် သိန်း ၈၀ ကို သိမ်းဆည်းထားရာ စက်တင်ဘာလ ၁၅ ရက်ညပိုင်း ဆိုင်ပိတ်ရန်အတွက် ဖွင့်ကြည့် စစ်ဆေးရာ ငါးထောင်ကျပ်တန် ကျပ်သိန်း ၈၀ မှာ ပျောက်ဆုံးနေသောကြောင့် ရဲစခန်းသို့ ချက်ချင်း အသိပေးတိုင်ကြားခဲ့ပြီး မွန်းလွဲ ၂ နာရီတွင် ခိုးယူသွားသူနှင့် ငွေများကိုပါ ဖမ်းမိခဲ့ကြောင်း ဆိုင်ပိုင်ရှင် ဦးခင်အောင်က ပြောကြားသည်။

အဆိုပါဆိုင်တွင် အလုပ်သမား ၄၀ ကျော်ခန့်ရှိပြီး အလုပ်သမားအချို့ ဆိုင်အပေါ်ထပ်တွင် ညအိပ်ကြောင်း၊ ယင်းညပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ် ကြီးပွားရပ်ကွက် အောင်သစ္စာလမ်းတွင် နေထိုင်သူ အသက် ၂၃ နှစ်အရွယ်ရှိ ကိုဖြိုးဝေထွန်းသည် နေအိမ်သို့ မပြန်ဘဲ ဆိုင်ရှိ ဘေးတံခါး ပေါက်မှ တိတ်တဆိတ် ဝင်ရောက်ကာ ဆိုင်အပေါ်ထပ်တွင် ဝင်အိပ်ခဲ့ပြီး အံဆွဲအတွင်းရှိ ငါးထောင်ကျပ်တန် သိန်း ၈၀ ကို ခိုးယူခဲ့ကာ နံနက်ဆိုင်ဖွင့်ချိန်တွင် အလုပ်စဝင်သည့် ပုံစံမျိုးဖြင့် အိတ်နှင့် ထမင်းချိုင့်ကိုဆွဲကာ ဗိုက်အောင့်နေသောကြောင့် အလုပ်မဆင်းနိုင်ကြောင်း ခွင့်ပန်ပြီး နေအိမ်ပြန်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

“သူက ဆိုင်မှာ ညမအိပ်ဘူး။ ဆိုင်က အလုပ်သမားတွေကို စစ်မေးကြည့်တော့ ညက ဆိုင်မှာ သူအိပ်သွားတယ် ပြောတော့ မသင်္ကာတာနဲ့ သူ့အိမ်လိုက်ပြီး ရဲနဲ့စစ်တော့ ၆၃ သိန်းကျော်ပဲ ပြန်ရတော့တယ်” ဟု အဆိုပါ ဆိုင်ပိုင်ရှင်က ထပ်မံပြောကြားသည်။

ကျပ်သိန်း ၈၀ ခိုးယူသူကို (ပ) ၃၀၀/၁၃၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။


From : ..the voice

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D