သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, July 6, 2013

မန္တလေးတွင် ယာဉ်ရပ်နား ကန့်သတ် နေရာများ၌ သတ်မှတ်နှုန်းထက် လေးဆခန့် ပိုမိုကောက်ခံနေ


မန္တလေးမြို့တွင် ယာဉ်ရပ်နား ကန့်သတ် နေရာများ၌ ယာဉ်ရပ်နားခများကို သတ်မှတ်နှုန်းထားထက် လေးဆခန့် ပိုမိုကောက်ခံ လျက်ရှိကြောင်း သိရှိရသည်။

မန္တလေးမြို့တွင်း ယာဉ်ရပ်နား ကန့်သတ်နေရာများ၌ယာဉ်ရပ်နားခ ကောက် ခံခြင်းကို ဆိုင်ကယ်တစ်စီးလျှင် တစ်နာရီကြာ ရပ်နားထားချိန်အထိ ကျပ် ၅၀၊ တစ်နာရီထက် ကျော်လွန်ပါက ကျပ် ၁၀၀ နှင့်ကား တစ်စီး လျှင် တစ်နာရီကြာ ရပ်နားချိန်ထိ ကျပ် ၁၀၀၊ တစ်နာရီထက် ကျော်လွန်ပါက ၂၀၀ ဟု သတ်မှတ် ထားသော် လည်းသတ်မှတ်နှုန်းထားများထက် လေးဆကျော် ကောက်ခံနေကြောင်း မြို့ခံများက ပြောကြားခဲ့သည်။


''ဆိုင်ကယ် ကျပ် ၂၀၀၊ ကားဆို ကျပ် ၅၀၀ ကောက်နေကြတာ။ဆိုင်ကယ်တစ်စီး ကျပ် ၃၀၀ ကောက်တဲ့ နေရာတွေလည်း ရှိတယ်။ တစ်နာရီအောက်တွေ တစ်နာရီ အထက်တွေဆိုတဲ့ အချိန်သတ်မှတ်ချက်လည်း မရှိဘူး။ တစ်မိနစ်ရပ်လည်း ဒီနှုန်းပဲ'' ဟု မြို့ခံတစ်ဦးက ပြောကြားသည်။

''ယာဉ်ရပ်နားကန့်သတ် ခြောက်နေရာနဲ့ စက်ဘီး၊ ဆိုင်ကယ်၊ ကားအပ်နှံကောက်ခဲ့တဲ့ ၄၃ နေရာ ရှိတယ်။ ဒီနှစ်ပိုင်းတွေမှာ သတ်မှတ် နှုန်းတွေထက် ပိုမိုကောက်ခံလို့ တိုင်ကြားတာတွေ များလာလို့စည်းကမ်းချက် တွေ ထုတ်ပြန်ပြီး သတိပေး စိစစ်တာတွေ လုပ်ပါတယ်'' ဟု အခွန်ဌာနခွဲမှူး ဦးမောင်မောင်မြင့်က ရှင်းပြ ခဲ့သည်။

''ဘုရားကြီးသွားရင် ကျပ် ၃၀၀၊ ဈေးချိုသွားရင် ၂၀၀ ကျပ်၊ ဘယ်နေရာမှာမဆို ရပ်နားခက အရင်ထွက်ပြီ။ နောက်ပြီး ဆက်သွယ်ရေးရုံး ဖုန်းဘေလ် သွားဆောင်တာ ဆိုင်ကယ်အပ်ခ ကျပ် ၂၀၀ နဲ့ တစ်ခေါက်တည်း မပြီးရင် ကျပ် ၄၀၀ ပေးနေရတယ်'' ဟု ကုမ္ပဏီ ၀န်ထမ်းတစ်ဦးက ပြောကြားသည်။

မြို့တော်စည်ပင် အခွန်ဌာနမှ ထုတ်ပြန်ထားသည့် လေလံစည်းကမ်း ချက်များတွင် ယာဉ်ရပ်နားခ ကောက်ခံ ရမည့် သတ်မှတ် နှုန်းထားများကို အများမြင်သာသော စာလုံးဖြင့် အနည်းဆုံး သုံးနေရာတွင် စိုက်ထူချိတ်ဆွဲ ထားရမည်ဖြစ်ပြီး ပိုမိုကောက်ခံပါက သတိပေးခြင်းနှင့် ပထမအကြိမ် ဒဏ်ငွေနှစ်သိန်း၊ ထပ်မံကျူးလွန်ပါက လိုင်စင်ရုပ်သိမ်းကာ လုပ်ငန်းအာမခံငွေကို ကော်မတီပိုင်သိမ်းဆည်းမည် ဖြစ်ကြောင်း သတ်မှတ်ထားသည်။

eleven media group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D