ပြည်သူများသွားလာရေး အဆင်ပြေစေရန်အတွက် ရန်ကုန် မြို့ပတ်ရထားလိုင်းအား ၁ ရက် ၂၅ သိန်းအရှုံးခံကာ ပြေးဆွဲလျက် ရှိကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာန မြန်မာမီးရထားလုပ် ငန်းမှသိရသည်။
ယင်းကဲ့သို့ အရှုံးပေါ်ရခြင်း မှာလည်း နေ့စဉ် မြို့ပတ်ပြေးဆွဲ နေသည့်ရထား၏ ဆီဖိုးကုန်ကျ ငွေသာဖြစ်ကြောင်း အခြားသော ကုန်ကျငွေများမပါဝင်ကြောင်း၊ မြန်မာမီးရထားလုပ်ငန်း ရန်ကုန် တိုင်း တိုင်းရမန်နေဂျာဦးကျော် ကျော်မျိုးကပြောသည်။
ယင်းကဲ့သို့ အရှုံးပေါ်ရခြင်း မှာလည်း နေ့စဉ် မြို့ပတ်ပြေးဆွဲ နေသည့်ရထား၏ ဆီဖိုးကုန်ကျ ငွေသာဖြစ်ကြောင်း အခြားသော ကုန်ကျငွေများမပါဝင်ကြောင်း၊ မြန်မာမီးရထားလုပ်ငန်း ရန်ကုန် တိုင်း တိုင်းရမန်နေဂျာဦးကျော် ကျော်မျိုးကပြောသည်။
မြို့ပတ်ရထားဆိုရင် တစ် ရက်ကို ၂၅ သိန်းရှုံးတယ်။ ဒါ ဆီဖိုးနဲ့ပဲတွက်ကြည့်တာ အခြား ၀န်ထမ်းလစာတွေ၊ ရထားလမ်း ပြုပြင်ထိန်းသိမ်းစရိတ်တွေမပါ သေးဘူး။ ရထားခေါင်းပြင်တာ တွေ၊ တွဲပြင်တဲ့စရိတ်တွေမပါဘူး။ ရန်ကုန်မြို့ပတ်ရထားကို အရင် ထဲက အရှုံးခံပြီးဆွဲတာ ရန်ကုန် မြို့မှာရှိတဲ့ ပြည်သူတွေအကုန်လုံး သက်သက်သာသာနဲ့ သွားနိုင် အောင်လို့ပါဟု ပြောကြားခဲ့သည်။
တစ်ရက်လျှင် အရှုံးပေါ် သည့် ၂၅ သိန်းအား အခြား သောလုပ်ငန်းများမှ ပြန်လည်ကာ ဖြည့်တင်းနေရကြောင်း အထက် ပါပုဂိ္ဂုလ်က ဆက်လက်ပြော သည်။
““ဒီလိုအရှုံးခံပြီးဆွဲပေးနေ တာ အရင်ထဲကပါ။ အဓိကတော့ ခရီးသွားပြည်သူတွေ သက်သက် သာသာသွားနိုင်အောင်လို့ပါ။ အရင်တုန်းကတော့ ရထားခကို ၁၀ ပဲတောင်းတယ်။ ၂၀၁၁ နို ၀င်ဘာလကျမှ ၁၀၀ ကောက် တာ ဒီလိုရှုံးတဲ့အပေါ်မှာလည်း အခြားနေရာကနေ ငွေကိုဖြည့် တင်းရတယ်။ မြို့ပတ်ရထားဆို တာအမြတ်ယူလို့မရဘူး။ နိုင်ငံ ခြားတိုင်းပြည်မှာလည်း ဒီလိုပဲ အရှုံးခံပြီးတော့ ဆွဲပေးနေတာပဲ။ အခြားအခွန်အခတွေကနေလည်း ဖြည့်တင်းရတယ်။ မြို့ပတ်ရထား က ဟိုတုန်းထဲက ရှုံးတာပဲ””ဟု ပြောသည်။
ရန်ကုန်မြို့တွင်း သွားလာ နေသောခရီးသွားပြည်သူများသည် ရထားထက် ကားကိုသာအသုံး ပြုနေရပြီး ယခုလက်ရှိတွင် ကား စီးသူသည် ၄၀ ရာခိုင်နှုန်းရှိပြီး ရထားစီးသူသည် ၃ ရာခိုင်နှုန်း သာရှိကြောင်း ရန်ကုန်မြို့ပြ နှစ် ၃၀ စီမံကိန်းထဲတွင် ပါဝင်သည့် အတိုင်း ရထားလမ်းများအား တိုးချဲ့ခြင်း၊ ရထားများအား အဆင့်တင်ခြင်းများပြုလုပ်လာ နိုင်ပါက နောင်အနှစ် ၃၀ တွင် ကားအသုံးပြုသူသည် ၄၀ ရာ ခိုင်နှုန်း၊ ရထား ၃၀ ရာခိုင်နှုန်း အထိရှိလာမည်ဖြစ်ကြောင်း သိရှိ ရသည်။
Hot News
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...