သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, July 5, 2013

အီးယူနိုင်ငံများ အပါအ၀င် နိုင်ငံပေါင်း ၁၀ နိုင်ငံမှ ဆေးကုမ္ပဏီများ မြန်မာနိုင်ငံတွင် ဆေးနှင့်ဆေးပစ္စည်းများ ရောင်းချမည်

မြန်မာနိုင်ငံ၌ ကျင်းပသည့် ပထမအကြိမ် အပြည်ပြည်ဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်း ပြပွဲနှင့် ညီလာခံသို့ အီးယူနိုင်ငံများမှ ဆေးကုမ္ပဏီများအပါအ၀င် နိုင်ငံပေါင်း ၁၀ နိုင်ငံမှ ဆေးဝါးကုမ္ပဏီများတက်ရောက်ပြီး မြန်မာနိုင်ငံတွင် ဆေးဝါးဖြန့်ဖြူးရန်အတွက် လာရောက်ဆွေးနွေးခြင်း၊ ဈေးကွက်ရှာခြင်းများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။


ဇူလိုင် ၄ ရက်က ရန်ကုန်မြို့ မင်းရဲကျော် စွာလမ်းရှိ UMFCC တွင် ကျင်းပသည့် The 1st International Exhibition & Conference on Medical & Pharmaceutical Industry for Myanmar အခမ်းအနားသို့ အီးယူနိုင်ငံမှ ဆေးဝါးထုတ်လုပ်သည့် ကုမ္ပဏီများ၊ နိုင်ငံတကာ ဆေးဝါးကုမ္ပဏီများ တက်ရောက်လာခြင်း ဖြစ်သည်။


အဆိုပါပြပွဲသို့ မြန်မာဆေးကုမ္ပဏီနှင့် အီတလီ၊ ထိုင်း၊ ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ တရုတ်၊ ဆီးရီးယား၊ ပါကစ္စတန်၊ ဗီယက်နမ်၊ အိန္ဒိယနိုင်ငံများမှဆေးဝါးဖြန့်ဖြူး ထုတ်လုပ်သည့် ကုမ္ပဏီ စုစုပေါင်း ၄၁ ခု တက်ရောက်ခဲ့သည်။

အီးယူအပါအ၀င် နိုင်ငံတကာမှ ဆေးကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် ဆေးဝါးဖြန့်ဖြူး ထုတ်လုပ်ရန် အတွက် အဓိက လာရာက်ကြခြင်းဖြစ်ပြီးဆေးဝါးအများစုမှာ မြန်မာနိုင်ငံတွင် ဖြန့်ဖြူးမှု မရှိသေးသည့် ဆေးဝါးအသစ်များဖြစ်ပြီး အချို့ဆေးဝါးများမှာ မြန်မာနိုင်ငံတွင် ဖြန့်ဖြူးရောင်းချရန်အတွက် မှတ်ပုံတင် ခြင်းများ ပြုလုပ်လျက် ရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဒေါက်တာ ၀င်းစည်သူ က''ပြပွဲကိုလာတဲ့ ကုမ္ပဏီ အားလုံးက ဒီမှာဖြန့်ဖို့ ပြည်တွင်းက ကိုယ်စားလှယ် လာရှာတယ်။ ပြည်တွင်းက ဆေးကုမ္ပဏီ တွေကလည်း ကိုယ်စားလှယ် လုပ်ချင်လို့လာတယ်။ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းပြီးတဲ့အတွက် အီးယူက ကုမ္ပဏီတွေလည်းပါလာတယ်။ နိုင်ငံတကာကလာတဲ့ ဆေးဝါးကုမ္ပဏီ တွေထဲမှာ တချို့ကလည်း မြန်မာမှာ ဖြန့်ဖြူးဖို့ မှတ်ပုံတင်နေကြပါပြီ'' ဟု ပြောပြသည်။

အာရှနိုင်ငံ အခြေစိုက် ကုမ္ပဏီများအဖြစ် တက်ရောက်လာသည့် ကုမ္ပဏီများ ရှိသော်လည်း အချို့မှာ အီးယူနိုင်ငံများ ဖြစ်သည့် ဂျာမနီ၊ ဆွီဒင်၊ ဒိန်းမတ်၊ အီတလီ၊ ဖင်လန် နိုင်ငံများတွင် ဆေးဝါးထုတ်လုပ်နေ သည့် ကုမ္ပဏီများ၏ လက်ခွဲကုမ္ပဏီများ ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ဆေးဝါးဖြန့်ဖြူးမည့် နိုင်ငံတကာ ကုမ္ပဏီများအပြင် မြန်မာနိုင်ငံ၌ ဆေးဝါးထုတ်လုပ်ရန် အတွက်လည်း နိုင်ငံတကာ မှ ဆေးကုမ္ပဏီများ အနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနသို့ လာရောက်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

eleven media group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D