ဇူလိုင် ၄ ရက်နေ့နံနက် ၉နာရီအချိန်တွင် လားရှိုးမြို့ စည်ပင်ပန်းခြံအတွင်း၌ ၁၆နှစ်အရွယ် မိန်းကလေး တစ်ဦး ဓားဒဏ်ရာဖြင့် သေဆုံးနေကြောင်း သိရသည်။
၎င်းမိန်းကလေးသည် စည်ပင်ပန်းခြံအတွင်းရှိ အုတ်ခုံဘေးတွင် ရင်အုပ်တစ်နေရာကို ဓါးဖြင့်အထိုးခံထား ရကြောင်း ရဲများက ယင်းအလောင်း သယ်ထုတ်စဉ် တွေ့မြင်ခဲ့ရသော ဒေသခံတစ်ဦးက ပြောကြားသည်။ ယင်းအလောင်းအား ရဲများက လားရှိုးပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ခွဲစိတ်စစ်ဆေးရန် ပို့ဆောင်ထားကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရပ်ကွက်(၁)၊ မြို့မရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်ကြည်စိုးနိုင်အား မေးမြန်းရာ သေဆုံးသူ မိန်းကလေးသည် အသက်(၁၆)နှစ်အရွယ်ဖြစ်ကြောင်း၊ အသေးစိတ်သတင်း အချက်အလက် များကို အထက်အမိန့် မရသေး၍ ထုတ်ပြန်၍ မရသေးကြာင်း၊ သတင်းဓာတ်ပုံပင် ရိုက်ခွင့် မပြုနိုင်ကြောင်း ဖြေကြားသည်။
၎င်းမိန်းကလေးသည် လားရှိုးမြို့၊ ရပ်ကွက်(၁၀)၊ နယ်မြေ(၈)၊ သစ္စာလမ်းတွင် နေထိုင်သော မမိုးဆွေဦးဖြစ်ပြီး သေဆုံးမှုနှင့် ပတ်သက်၍ အဘယ့်ကြောင့် သေဆုံးသွားသည် ကိုလားရှိုးမြို့ ခံလူထုများက သိချင်နေကြ သော်လည်း သက်ဆိုင်ရာ ရဲစခန်းမှ သတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။
The Myanma Age


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...