သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, July 3, 2013

M 712 Copperhead လေဆာပဲ့ထိန်း တင့်ဖျက်ကျည်

 
M 712 လေဆာ ပဲ့ထိန်း တင့်ဖျက်ကျည်သည် ပထမဆုံး အကြိမ်အဖြစ် တီထွင် ထုတ်လုပ်ခဲ့သော Smart ကျည်အမျိုးအစား တစ်ခု ဖြစ်ပါသည်။
 

၎င်းကျည်၏ တိကျမှုကို စင်တီမီတာဖြင့် တိုင်းတာနိုင်ပြီး သေကြေပျက်စီး နိုင်မှုသည်လည်း အားရ ကျေနပ် ဖွယ်ရာပင် ဖြစ်ပါသည်။ Copperhead သည် ၁၅၅ မီလီမီတာ လေဆာပဲ့ထိန်း စနစ်ပါ အမြောက်ကျည် အမျိုးအစားဖြစ်ပြီး ကျည်ကို

 လေဆာစနစ်ဖြင့် ပဲ့ထိန်းကာ လေဆာ ညွှန်ပြသော ပစ်မှတ်သို့ ထိမှန် ပေါက်ကွဲစေခြင်း ဖြစ်ပါသည်။ အဆိုပါ လေဆာ ပဲ့ထိန်း တင့်ဖျက်ကျည်သည် ၆ ကီလိုမီတာ အကွာအဝေးရှိ သံချပ်ကာ ယာဉ်နှင့် လေဆာ ညွှန်ပြသော ပစ်မှတ် နှစ်မျိုးလုံးကို ပစ်ခတ် ချေမှုန်းနိုင်သည့် စွမ်းရည်များ ရှိပါသည်။ ထို့ကြောင့် စစ်မြေပြင်တွင် တိုက်ရိုက်ပစ် အမြောက် လက်နက်များ၊ အနီးကပ် လေကြောင်း ပစ်ကူများ၏ ထိရောက်မှု ရှိသည့် နည်းတူ အကျိုးရှိစွာ အသုံးချပါက ပြိုင်ဘက်ကင်း စွမ်းဆောင်ရည်များ ရှိသည့် ခဲယမ်း အမျိုးအစားဟုပင် တင်စား ခေါ်ဆို နိုင်ခဲ့ပါသည်။ သဲကန္တာရ အတွင်း ဆင်နွှဲရသော စစ်ဆင်ရေး များတွင်လည်း သဲမုန်တိုင်းများ တိုက်ခတ်နေသည့် ကြားမှ ပစ်မှတ်ကို သေချာစွာ ထိမှန် ပစ်ခတ်နိုင်စွမ်း ရှိပါသည်။ M 712 Copperhead  လေဆာပဲ့ထိန်း တင့်ဖျက် ကျည်များကို ရှေ့တန်း အကဲကြည့်များ၊ နယ်ခြားဒေသ ရှေ့တန်းစခန်းနှင့် နောက်တန်း ဌာနချုပ် တို့တွင် တပ်ဆင်ထားသော ရေဒါများ စသည့် ပစ်မှတ် အမျိုးမျိုးအား ပစ်ခတ် တိုက်ခိုက် နိုင်ပါသည်။
ပဲ့ထိန်း အမျိုးအစား ကျည်ဖြစ်သည့် M 712 Copperhead  ကျည်သည် အချင်း ၁၅၅ မီလီမီတာရှိ HE ခွင်းကျည် အမျိုးအစား ဖြစ်ကာ ပဲ့ထိန်း စနစ်တွင် လေဆာ ပဲ့ထိန်း စနစ်ကို အသုံးပြု ထားသောကျည် ဖြစ်ပါသည်။ အလေးချိန်အားဖြင့် ၁၃၇.၆ ပေါင်ရှိ၍ သမားရိုးကျ စံပြု ၁၅၅ မီလီမီတာ ကျည်များထက် ၅၄ လက်မခန့် ပိုမို ရှည်လျားပါသည်။ ၄င်းကျည်တွင် အပိုင်း ၃ပိုင်း ပါဝင် ဖွဲ့စည်း ထားရှိကာ ပဲ့ထိန်းအပိုင်း (ကျည်အရှေ့ပိုင်း)၊ ကျည်ထိပ်ဖူး အပိုင်း (ကျည်အလယ်ပိုင်း)နှင့် ကွပ်ကဲ ထိန်းချုပ်သည့် အပိုင်း(ကျည်အနောက်ပိုင်း) ဟူ၍ ပါရှိပါသည်။ ပဲ့ထိန်း စနစ်တွင် အာရုံခံ ကိရိယာနှင့် အီလက်ထရောနစ် စနစ်များ တပ်ဆင် ထားရှိပါသည်။ ကျည်ထိပ်ဖူး အပိုင်းရှိ ပလပ်စတစ် ကတော့ အတွင်း၌ လေဆာ အာရုံခံ စနစ်ကို ထည့်သွင်း ထားရှိပါသည်။ ကျည်ထိပ်ဖူးတွင် ၁၄.၇၄ ပေါင် အလေးချိန်ရှိ စုပေါင်း ယမ်းပြင်းများ ပါဝင်သော (HE) ခွင်းကျည်ထိပ်ဖူးကို တပ်ဆင် ထားပါသည်။ ကွပ်ကဲ ထိန်းချုပ်သည့် အပိုင်းတွင် အဓိကအားဖြင့် တောင်ပံငယ်များ ပါဝင်ပြီး ကျည်ပျံသန်းမှု အပိုင်းကို ထိန်းချုပ်ပေးခြင်း ဖြစ်ပါသည်။
Copperhead ကျည်၏ ကျည်ပျံသန်းမှု လမ်းကြောင်းသည် သမားရိုးကျ ကျည်များ၏ ပျံသန်းမှု လမ်းကြောင်းနှင့် များစွာ တူညီပါသည်။ ခြားနားချက် တစ်ခု အနေဖြင့် Copperhead  ကျည်သည် ကျည်ပျံသန်းမှု လမ်းကြောင်း၏ အဆင်းပိုင်းသို့ ရောက်သောအခါ ကျည်အတွင်း ထည့်သွင်းထားသော ဒစ်ဂျစ်တယ် အချိန်စနစ် အသက်ဝင် လာပြီး အလုပ် လုပ်ဆောင်ခြင်း ဖြစ်ပါသည်။ ထိုအချိန် စနစ်တွင် ပစ်ခတ်မှု အမိန့်ပေးခြင်း၊ ပဲ့ထိန်းခြင်းနှင့် ထိန်းချုပ်ခြင်း စနစ်တို့ ပါဝင်ပါသည်။
ပစ်မှတ်သို့ ထိမှန်ရန် စက္ကန့် ၂ဝ ခန့်အလိုတွင် မြေပြင်ရှိ အကဲကြည့် များမှ လေဆာ ညွှန်ပြ ကိရိယာများ အသုံးပြု၍ ပစ်ခတ်လိုသည့် ပစ်မှတ်များအား လေဆာထိုး၍ ညွှန်ပြပါသည်။ အဆိုပါ မြေပြင်ရှိ လေဆာ ညွှန်ပြသည့် စစ်သည် (အကဲကြည့်)များသည် G/VLLD လေဆာညွှန်ပြ ကိရိယာ အမျိုးအစား (သို့မဟုတ်) Modular Universal Laser Equipment (MULE)  တို့ကို အသုံးပြု၍ ညွှန်ပြ ကြပါသည်။ လေကြောင်းမှလည်း AH-64 ? OH-58 D  တိုက်ခိုက်ရေး ရဟတ်ယာဉ် များနှင့် အနိမ့်ပျံ UAV များမှလည်း ပစ်မှတ်ကို ညွှန်ပြ နိုင်ပါသည်။ Copperhead ကျည်များ သည် လေဆာရောင်ခြည်မှ ပစ်မှတ်သို့ ပုံရိပ်ထင် ဟပ် ညွှန်ပြပေးရန် လိုအပ်ပြီး ပစ်မှတ်သို့ ထိမှန်စေရန် ကျည်အတွင်းပိုင်းရှိ ပဲ့ထိန်း စနစ်ဖြင့် ပျံသန်းစေခြင်း ဖြစ်ပါသည်။

မြဝတီ-

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D