သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, July 5, 2013

သင့်ကိုယ်နံ့ သင်းပျံ့နေအောင်

ချွေးထွက်တဲ့ ဂလင်းတွေကို လှုံ့ဆော်တာကြောင့် ချွေးထွက်များသူတွေ အနေနဲ့ ကိုယ်နံ့ နံတတ်ပါတယ်။ ခန္ဓာကိုယ်အနံ့က အလွန်ဆိုးနေရင် အနံ့နံတာကြောင့် လူမှုဆက်ဆံရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

ချွေးထွက်များတာက စိတ်မသက်မသာဖြစ်စရာ ကောင်းသလို ချွေးထွက်များတာကြောင့် အရေပြားပေါ်က ဘက်တီးရီးယားနဲ့ ထိတွေ့ပြီး အနံ့ဆိုး ထွက်တတ်ပါတယ်။ ဒါကြောင့် ကိုယ်နံ့သင်းပျံ့နေစေဖို့ လိုက်နာ သင့်တဲ့ အချက်တွေကို ရေးသားလိုက်ရပါတယ်။


- ဘက်တီးရီးယား သေစေနိုင်တဲ့ ဆပ်ပြာသုံးပြီး ရေချိုးပါ။ ပြီးရင် ချွေးနံ့ထိန်းတောင့် လိမ်းပေးသင့်ပါတယ်။

- တတ်နိုင်သမျှ ချည်သားဝတ်စုံကို ရွေးချယ်ဝတ်ဆင်ပါ။ အထူးသဖြင့် အတွင်းခံအဝတ်အစားဝတ်မယ် ဆိုရင် လေဝင်လေထွက် ကောင်းတဲ့ ချည်သားဝတ်စုံကို ဝတ်ပါ။

- ကိုယ်လုံးနဲ့အတိ ကျပ်နေတဲ့ ဝတ်စုံမျိုးကို ရှောင်ရှားပြီး သက်သောင့်သက်သာရှိတဲ့ ဝတ်စုံကို ချောင်ချောင် ချိချိ ဝတ်ဆင်ပါ။တစ်နေ့ အင်္ကျီတစ်စုံ လဲဝတ်ပါ။

- ချိုင်းနေရာကို မကြာခဏ သန့်စင်ဆေးကြောပေးပါ။ ခန္ဓာကိုယ်က ထွက်တဲ့ ချွေးတွေရဲ့ ၈၀ ရာခိုင်နှုန်းက ချိုင်းနေရာကနေ လာတာဖြစ်ပါတယ်။

- ကိုယ်နံ့ဆိုး မထွက်အောင် ချွေးနံ့ပျောက်ဆေးတွေကို ဝယ်မယ်ဆိုရင် အချက်နှစ်ချက်ကို သတိထားပါ။ Antiperspirant (ချွေးတိတ်ဆေး) ဟာ ချွေးပေါက်ကို ပိတ်စေတဲ့နည်းနဲ့ အရေပြားကနေ ချွေးထွက်တာကို ရပ်တန့်စေတာ ဖြစ်ပါတယ်။ Deodorants (ချွေးနံ့ပျောက်ဆေး) ကတော့ချွေးထွက်တဲ့အခါ ဘက်တီးရီးယား တွေကိုသေစေတာဖြစ်ပါတယ်။ သင်က ဘယ်လိုအမျိုးအစားကို လိုအပ်နေတာလဲဆိုတာ စဉ်းစားပြီး ဝယ်ယူ သုံးစွဲပါ။

- ခြေထောက် အနံ့ဆိုးထွက်မှု ကင်းစေဖို့ ခြေထောက်ကို သေချာဆေးကြောပြီး ခြောက်သွေ့အောင်ထား ပါ။ပြီးရင် ခြေချောင်းတွေကြား လေဝင်လေထွက် ကောင်းစေမယ့် ဖိနပ်မျိုးစီးပါ။

- ကော်ဖီနဲ့ လက်ဖက်ရည်ကို လျှော့သောက်ပါ။ အဲဒီအထဲမှာပါတဲ့ ကဖင်းဓာတ်ဟာ အလိုအလျောက် အလုပ်လုပ်တဲ့ အာရုံကြောစနစ် (Autonomic Nervous System) ကို လှုံ့ဆော်နိုင်ပါတယ်။ ဒီအာရုံကြော စနစ်ဟာ ချွေးထွက်တာနဲ့ ဆက်စပ်မှု ရှိပါတယ်။

- အယ်လ်ကိုဟောဟာ သွေးကြောတွေကို ကျယ်စေတာကြောင့် ချွေးထွက်နိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် အရက်ကို ရှောင်ပါ။

- ရေချိုးတဲ့အခါမှာ ရှာလကာရည်တစ်ခွက် ထည့်ထားတဲ့ ချိုးရေနဲ့ ချိုးပေးပါ။ ဒါမှမဟုတ် ခန္ဓာကိုယ်ကို ဆော်ဒါမှုန့်နဲ့ ပွတ်တိုက်ပြီး ရေချိုးလိုက်ရင်လည်း ကိုယ်နံ့ဆိုး ကင်းစေပါတယ်။

- ရေချိုးပြီးတဲ့အခါ ချွေးနံ့ပျောက် ဆေးတောင့်ကို လိမ်းပေးပါ။

- အပြင်ထွက်တဲ့အခါ စနိုးတာဝါလို အနုစား လက်ကိုင်ပဝါကို ဆောင်ထားပြီး ချွေးထွက်များတဲ့ ချိုင်းကြားလို နေရာမျိုးမှာ သုတ်ပေးပါ။

ကြယ်စင်
Good Health

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D