သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, July 5, 2013

သူရ ဦးရွှေမန်း၊ ငြိမ်းချမ်းရေး တည်ဆောက်မယ့်သူလား၊ နှောင့်နှေးအောင် လုပ်မယ့်သူလား

လက်ရှိ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအေနနဲ့ တတိုင်းပြည်လုံး ငြိမ်းချမ်းရေးရဖို့ ဆောင်ရွက်နေရာ မှာ ပထမအဆင့် အပစ်အခတ်ရပ်စဲရေး အေကာင်အထည်ဖော်မှု ပြီးဆုံးလုနီးပါပြီ။ သူတို့အေနနဲ့ မကြာခင် ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) နဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ မျှော်လင့်နေပြီ။

အဲဒါနဲ့ တပြိုင်နက်တည်း တတိုင်းပြည်လုံး အတိုင်းအတာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံး အပစ်အခတ် ရပ်စဲတဲ့ လက်မှတ်ရေးထိုးပွဲကြီး ကျင်းပနိုင်ဖို့လည်း ပြင်ဆင်နေကြပါတယ်။

အဲဒီပွဲကို နိုင်ငံတကာအပါအ၀င် ပြည်တွင်းပြည်ပက ထင်ရှားတဲ့ ပုဂ္ဂိုလ်အသီးသီး ရှေ့မှောက်မှာ ကျင်းပပြီး အသိသက်သေပြု လက်မှတ်ရေးထိုးကြမှာ ဖြစ်ပါတယ်။

ဒါပြီးရင်တော့ နောက်ပိုင်း နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်သွားလို့ရပါပြီ။ ဒီလို မင်္ဂလာရှိတဲ့ သတင်းထွက်ပေါ် လာပြီး သိပ်မကြာခင်မှာပဲ နောင် သမ္မတ အဖြစ် မိမိကိုယ်ကို မျှော်မှန်းထားတဲ့၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းက အစိုးရ ငြိမ်းချမ်းရေး လုပ်ငန်းအကောင်အထည် ဖော်နေမှုအပေါ် ဝေဖန်မှု ပြုလိုက်ပါတယ်။

ဒါတင်မက ကာ-လုံ လို့ခေါ်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအေ၀း ကျင်းပေပးဖို့လည်း သမ္မတ ကို တောင်းဆိုတာ လုပ်ခဲ့ပါတယ်။ သူရ ဦးရွှေမန်း ဒီလို ဘာလို့ လုပ်တာပါလဲ၊ သူဟာ ငြိမ်းချမ်းရေးကို တည်ဆောက်မယ့် သူလား၊ နှောင့်နှေးအောင် လုပ်လာနိုင်သူလား ဆိုတာ ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါ တယ်။

ပွင့်ပွင့်လင်းလင်း ပြောရရင် သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်နေတာတွေဟာ မြန်မာ့သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ ပုံစံပါ။ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့၊ လုပ်ငန်းကော်မတီ စတာတွေကို အစိုးရတာဝန်ရှိသူတွေ၊ စစ်တပ်က ထိပ်ပိုင်းခေါင်းဆောင်တွေ၊ လွှတ်တော် က တာဝန်ပေးထားသူတွေ၊ အရပ်သား ကျွမ်းကျင်သူတွေနဲ့ စနစ်တကျ ဖွဲ့စည်းထားပါတယ်။

ငြိမ်းချမ်းရေးစင်တာဆိုတာ တည်ဆောက်ပြီး နယ်ပယ်အသီးသီးက ကျွမ်းကျင်သူတွေကိုလည်း ငြိမ်းချမ်းရေး လုပ်ငန်း အေကာင်အထည်ဖော်မှုမှာ ပါဝင်စေပါတယ်။ နော်ဝေ၊ ကုလသမဂ္ဂ၊ ဂျပန်၊ ဗြိတိန်၊ ဩစေတြးလျ အပါအ၀င် နိုင်ငံတချို့ရဲ့ ငွေကြးနဲ့ နည်းပညာအထောက်အပံ့ရယူပြီး နိုင်ငံတကာက ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွေကိုလည်း လေ့လာပါတယ်။

ဒီအတွက်လည်း ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ မရှိတဲ့ များပြားလှတဲ့ လက်နက်ကိုင် သူပုန်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတာမှာ အချိန်တိုအတွင်း ခရီးရောက်အောင်အကောင်အထည် ဖော်ဆောင်ရွက်နိုင် တာ တွေ့ရပါတယ်။

အခြားတဖက်မှာလည်း လက်ရှိ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နေမှု ပုံစံဟာ အရင် အစိုးရ အဆက်ဆက် ကနဲ့ ပုံစံမတူဘဲ တကယ့်ကို တိုင်းပြည်မှာ ငြိမ်းချမ်းရေးရေအာင် အေကာင်အထည် ဖော်နေတာပဲဆိုတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ယုံကြည်မှုကိုလည်းရနေတာ တွေ့ရပါတယ်။

တိုင်းရင်းသားအဖွဲ့တွေဟာ အရင်ခေတ်တုန်းက လုပ်ခဲ့တဲ့ အပစ်အခတ် ရပ်စဲရေးကာလတုန်းကလို နိုင်ငံရေး မလုပ်ရ၊ ဟိုအဖွဲ့နဲ့ မဆက်ဆံရ၊ ဒီအဖွဲ့နဲ့ မဆက်သွယ်ရ စတာတွေ ကန့်သတ်မခံရသလို ကိုယ့်တိုင်းရင်းသား
ပြည်သူတွေနဲ့ လွတ်လွတ်လပ်လပ် ထိတွေ့ဆက်ဆံ အကြံဉာဏ်ရယူ နိုင်ကြတာလည်း တွေ့ရပါတယ်။

အခက်အခဲ အတားအဆီးတချို့ ရှိနေသးတဲ့တိုင် အောင်မြင်မှု ရေနတဲ့ လုပ်ငန်းစဉ်တရပ် ဖြစ်ခဲ့ပါတယ်။

ဒီအေခြအေနေအာက်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက လုပ်ကိုင်ဆောင်ရွက်နေတာတွေအနက် တချို့ အဖွဲ့တွေနဲ့ ဆွေးနွေးရာမှာ အောင်မြင် မှုတွေ ရေပမယ့် တချို့သော ကိစ္စရပ်တွေမှာ မလိုလားအပ်တဲ့ ရလဒ်နဲ့ ဘေးထွက်ဆိုးကျိုးတွေ ရလာနိုင်တယ် လို့ စွပ်စွဲပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တဆက်တည်း ဒီကိစ္စ အတွက် ကာ-လုံ အစည်းအေ၀း ခေါ်ပေးဖို့ သမ္မတကို တောင်းဆိုလို့ ဇူလိုင် ၂ ရက်နေ့ မှာ ကာ-လုံ အစည်းအဝေး ခေါ်ပေးလိုက်ရပါတယ်။

အစည်းအေ၀းမှာ ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာ တရားဝင်သတင်းထုတ်ပြန်တာတွေမရှိပေမယ့်
လွှတ်တော်နဲ့ သတင်းထောက်တွေကို သူရ ဦးရွှေမန်း ထုတ်ဖော်ပြောဆိုချက်တွေအရ အခြေအနေကောင်း
ရဖို့ နှီးနှောဆွေးနွေး ညှိနှိုင်းပြီး လုပ်ကိုင်ဆောင်ရွက်ဖို့၊ ဆွေးနွေးပွဲမှာ အားလုံးပါဝင်နိုင်ဖို့၊ ငြိမ်းချမ်းရေး အကောင်အထည် ဖော်ရေးအတွက် လိုအပ်တဲ့ ငွေကြး ပစ္စည်းအထောက်အပံ့ကိုပြည်ပနိုင်ငံ အဖွဲ့အစည်း တွေကပေးတာ အဓိကမထားဘဲ ပြည်သူ့ ဘဏ္ဍာငွေကြးသုံးစွဲပြီး ဆောင်ရွက်ဖို့ စတာတွေ ဆုံးဖြတ်နိုင်ခဲ့ တယ်လို့ ဆိုပါတယ်။ ဒီအချက်တွေအရ ကာ-လုံ အစည်းအေ၀းကို မှန်မှန် လုပ်သွားမယ်လို့ သူက ပြောဆိုခဲ့ သလို၊ လက်ရှိ ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီကိုလည်း ပြင်ဆင်ဖွဲ့စည်းဖွယ်ရာ ရှိနေပါတယ်။

နော်ဝေ အပါအ၀င် နိုင်ငံတကာက ကူညီထောက်ပံ့မှုနဲ့ အကြံဉာဏ် ပေးတာတွေကိုလည်း အကန့်အသတ် နဲ့ လက်ခံဖို့ ဖြစ်လာနိုင်ပါတယ်။

ပြောရရင် ဒီလုပ်ရပ်တွေဟာ တိုင်းရင်းသားတွေက လက်ခံပြီး နိုင်ငံတကာကလည်း အသိအမှတ်ပြုလာတဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေကို ပိုပြီး ထိရောက်အောင်၊ ပိုပြီး အောင်မြင်အောင် ပံ့ပိုးပေးတာမျိုး မဟုတ်ဘဲ နှောင့်နှေးကြန့်ကြာအောင် လုပ်သလိုသာဖြစ်နေပါကြောင်း သုံးသပ်တင်ပြလိုက် ရပါတယ်။

DVB News

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D