သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, July 5, 2013

ရန်ကုန်တက္ကသိုလ်တွင် ထူးချွန်ကျောင်းသားများကို သင်ကြားပေးမည်

ဒီဇင်ဘာလထဲ ပြန်ဖွင့်မယ့် ရန်ကုန်တက္ကသိုလ်မှာ ထူးချွန်ကျောင်းသားနဲ့ ကျောင်းသူတွေပဲ လက်ခံသင်ကြား ပေးမယ်လို့ အဲ့ဒီတက္ကသိုလ်က သင်တန်းရေးရာဌာနမှူး ဒေါက်တာလှေဆွ က ပြောပါတယ်။

သိပံ္ပနဲ့ဝိဇ္ဇာထူးချွန် ကျောင်းသားတွေကို ဘာသာရပ် ၂၀ သင်ကြားပေးမှာဖြစ်ပြီး ဘာသာရပ်တခုမှာ ကျောင်း သား ၁၅ ဦး လက်ခံသင်ကြားမယ်လို့ ဆိုပါတယ်။


၎ နှစ် သင်တန်း ဖြစ်ပြီး ကျောင်းသားတွေကို ပါရဂူဘွဲ့ရတဲ့ထိ သင်ကြားပေးဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါ တယ်။

ဘာသာရပ်အလိုက် သတ်မှတ်ထားတဲ့ ရမှတ်တွေကိုလည်းဒေါက်တာလှေဆွက ခုလို ပြောပါတယ်။

“ရူပ ၉၀နဲ့ ပေါင်း ၄၉၀။ ဓာတု ၉၀ နဲ့ ပေါင်း ၄၉၀။ သချင်ာ ၉၅နဲ့ ပေါင်း ၄၉၀။ သတ္တမှာ ဇီဝဗေဒ ၉၀ နဲ့ ပေါင်း ၄၉၀။ ရုက္ခေဗဒမှာ ဇီဝ ၉၀ နဲ့ ပေါင်း ၄၉၀။ ဘူမိဗေဒမှာကျေတာ့ ရူပ သို့မဟုတ် ဓာတုဗေဒမှာ ၉၀နဲ့ ၄၉၀။
ကုန်ထုတ်ဓာတုဗေဒမှာလည်း ဓာတုဗေဒ ၉၀ နဲ့ ပေါင်း ၄၉၀။ ကွန်ပျူတာသိပ္ပံ သချင်ာ ၉၅ နဲ့ စုစုပေါင်း ၄၈၀။ ၀ိဇ္ဇာတွေမှာတော့ နိုင်ငံတကာဆက်ဆံရေးပညာ၊ ဥပေဒပညာ၊ နိုင်ငံရေးသိပ္ပံတွေကျေတာ့ အဂင်္လိပ်စာ ၇၅နဲ့ ပေါင်း ၄၇၀။”

“နောက် ပထ၀ီ၊ သမိုင်း၊ စိတ်၊ ဒဿနိက၊ မနုဿ၊ ရှေးဟောင်းသုတေသနပညာနဲ့ အေရှ့တိုင်းပညာ။ ပထ၀ီနဲ့ သမိုင်း ၈၀နဲ့ ပေါင်း ၄၃၀။ နောက် စိတ်ပညာ၊ ဒဿနိက၊ မနုဿ၊ ရှေးဟောင်းသုမှာ အင်္ဂလိပ်စာ ၇၅နဲ့ ပေါင်း ၄၃၀။ မြန်မာစာမှာ မြန်မာစာ ၇၅နဲ့ ပေါင်း ၄၇၀။ အင်္ဂလိပ်စာ ၇၅ နဲ့  ပေါင်း  ၅၀၀။ အရှေ့တိုင်းပညာမှာ အင်္ဂလိပ်စာ ၇၅နဲ့ ပေါင်း ၄၃၀။ ဒါအပြည့်အစုံပါပဲ။”

သင်တန်းသားရွေးချယ်တဲ့နေရာမှာ ဘယ်ဘာသာတွဲနဲ့ပဲ အောင်အောင် ရမှတ်ကိုကြည့်ပြီး ရွေးမယ်လို့ ပြောပါတယ်။

တကယ်လို့ လျှောက်ထားသူများရင်တော့ ၀င်ခွင့်အရည်အချင်းစစ် စာမေးပွဲလုပ်ပြီး အောင်တဲ့သူတွေကိုပဲ ရွေးချယ်လက်ခံသွားမှာလည်း ဖြစ်ပါတယ်။ အေဆာင်ထားပေးဖို့ အစီအစဉ်လည်း ရှိတယ်လို့ ဆိုပါတယ်။

လွှတ်တော်က ဖွဲ့ပေးထားတဲ့ ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးကော်မတီအဖွဲ့ဝင် ဒေါက်တာတင်လှိုင်
ကတော့ အခုဖွင့်မယ့်သင်တန်းတွေဟာ သူတို့ကော်မတီက လုပ်တာမဟုတ်ဘူးလို့ ပြောပြီး အခုလို မှတ်ချက် ပေးပါတယ်။

“၀န်ကြီးဌာနက သူ့အစီအစဉ်နဲ့သူ ကောင်းမယ်ထင်တဲ့အတိုင်း ထလုပ်တာပါ။ လုံးဝပိတ်မယ်လို့ ရည်စူး ထားတယ်လို့ နားလည်ထားတယ်၊ကျောင်းကြီးပျက်ချင် ပျက်ပလေ့စေဆိုပြီး ပစ်ထားတာပေါ့။ အပိတ်လည်း မပြဘူး၊

ဖွင့်လည်း မဖွင့်ဘူးပေါ့။ အဲလို ကျောင်းရှိလာမယ်ဆိုတော့ ဒါ တိုးတက်မှုလေး တခုပေါ့။ ကျနော်တို့ နားလည်တဲ့ ရန်ကုန်တက္ကသိုလ်က ဒီအတိုင်းအတာမဟုတ်ဘူး၊ ဒီထက်အများကြီး ကျယ်ပြန်တဲ့ တကယ့်
ခေတ်မီတက္ကသိုလ်အဆင့်။”

ဒီအစီအစဉ်ကို ရန်ကုန်သိပံ္ပ၊ ၀ိဇ္ဇာတက္ကသိုလ်နဲ့ မန္တေလးသိပံ္ပ၊ ၀ိဇ္ဇာတက္ကသိုလ် ၂ ခုမှာ ပြန်လည် ဖွင့်လှစ် သင်ကြားပေးမှာ ဖြစ်ပါတယ်။ရန်ကုန်တက္ကသိုလ်မှာ အခုလို ၄ နှစ် နေ့သင်တန်းတွေ မဖွင့်တာ နှစ်ပေါင်း
၂၀ ကျော် ရှိခဲ့ပါပြီ။

ရန်ကုန်တက္ကသိုလ်အဆင့်မြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၂၉ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အဆင့်မြင့်ပညာရေး အလုပ်ရုံဆွေးနွေးပွဲမှာ တက္ကသိုလ်ပညာရေးအဆင့်မြင့်ဖို့ တက္ကသိုလ်တွေကို ဒီထက်ပိုပြီး လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ပေးရမယ် လို့ ပြောကြားခဲ့ပါတယ်။

DVB News

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D