သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, July 5, 2013

သက်သေပါမှ နောက်မဆုတ်နိုင်မှာ

တနိုင်ငံလုံး အပစ်ရပ်ရေး အစည်းအဝေးခေါ်ယူပြီးတော့ လက်မှတ်ထိုးခိုင်းတော့မယ်လို့ သမ္မတရုံးက ဝန်ကြီးဦးအောင်မင်းက မကြာခင်တုန်းက ကြေငြာလိုက်ပါတယ်။

ဒါ့အပြင် အစည်းအဝေးကို ကမ္ဘာ့ထိပ်သီး နာမည်ကြီးပုဂ္ဂိုလ်တွေကိုပါ ဖိတ်ခေါ်မယ်လို့လည်း ကြေငြာပါတယ်။

ပြီးခဲ့တဲ့ ဂျွန်လ ၁၅ ရက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ၊ ကေအဲန်ယူနဲ့ အဲမ်ဖီစီ (MPC ) တို့ တွေ့ဆုံတုန်းကလည်း ဒီအကြောင်း ဆွေးနွေးခဲ့ဖူးပါတယ်။

RCSS ခေါင်းဆောင် စဝ်ယွက်စစ်က လက်မှတ်ရေးထိုးရမှာက ဘာအချက်တွေပါနိုင်လဲ လို့မေးတော့ ဦးအောင်မင်းက - သမ္မတကြီး က လမ်းညွှန်ချက် ၅ ချက်ကို လက်မှတ်ထိုးရမယ် လို့ပြောပါတယ်။ လက်မှတ်ထိုးပြီးတဲ့အဖွဲ့ဟာ မတရားအသင်း မဟုတ်တော့ဘူး ။ ပြီးတာနဲ့ နိုင်ငံရေး ချက်ချင်းဆွေးနွေး သွားမယ်လို့ ဦးအောင်မင်းကပြောပါတယ်။

စဝ်ယွက်စစ်ကထပ်မေးပါတယ် ။ ပထမတကြိမ်လက်မှတ်ထိုးတုန်းကနဲ့ ဘာကွာသလဲတဲ့။

ဦးအောင်မင်းက - ကွာတာပေါ့။ ပထမအကြိမ်က ခင်ဗျားတို့နဲ့ကျနော်တို့နဲ့ဘဲရှိတယ်။ အခုတခေါက်ဆိုရင် သက်ဆိုင်ရာက ထိပ်သီးတွေပါမယ်(စစ်ဘက် အုပ်ချုပ်ရေးဘက်ကိုဆိုလို ဟန်ရှိ) ကမ္ဘာထိပ်သီး ပုဂ္ဂိုလ်ကြီး တွေပါမယ်။ သူတို့တွေကသက်သေအဖြစ်ပါလာတော့ လက်မှတ်ထိုးပြီးရင် ဘယ်သူမှ နောက်ဆုတ်ချင်လဲ
 နောက်ဆုတ်လို့ရတော့မှာမဟုတ်ဘူး လို့ ပြန်ပြောတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဂျူလိုင်လ ၃ ရက်နဲ့ ၄ ရက်က တိုင်းရင်းသားလက်နက်ကိုင် အပစ်ရပ်တပ်ဖွဲ့ ကိုယ်စားလှယ်တွေ ချင်းမိုင်မြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။ တကယ်လို့ သမ္မတကြီးညွှန်ကြားချမှတ်တဲ့ အချက် ၅ ချက်ကိုဘဲ လက်မှတ်ရေးထိုးရမယ်ဆိုရင်တော့ ဘယ်အဖွဲ့မှ လက်မှတ်သွားထိုးမှာ မဟုတ်ဘူးထင်တယ် လို့ ကိုယ်စားလှယ်တဦးက ပြောတယ်။

အစိုးရ ညွှန်ကြားထားတဲ့အချက်က မတ်လ ၁ ရက် ၂၀၁၂ တုန်းက သမ္မတကြီးမိန့်ခွန်းပြောကြားချက်မှာ
ပါရှိပါတယ်။

နှစ်ဦးနှစ်ဘက် တွေ့ဆုံပြီးရင် -
- ၁- အပစ်ရပ်ရမယ်
- ၂- နှစ်ဦးနှစ်ဘက်က သဘောတူထားတဲ့ မိမိနဲ့သက်ဆိုင်တဲ့နယ်မြေ
ထဲမှာဘဲနေထိုင်သွားရမယ်။
- ၃- သဘောတူညီချက်ရပြီးတဲ့နယ်မြေမှအပ လက်နက်ကိုင်ပြီး တခြား
နယ်မြေထဲဝင်ထွက်သွား လာခြင်းမပြုရ။
- ၄- နှစ်ဘက်သဘောတူထားတဲ့ နေရာမှာ ဆက်ဆံရေးရုံးဖွင့်ဖို့ ။
- ၅- ပြည်ထောင်စုအဆင့်ဆွေးနွေးဖို့ ရက်နဲ့အချိန် သတ်မှတ်မယ် စတာတွေဖြစ်ပါတယ်။

၁၅ ရက်နေ့တုန်းက သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်၊ ကရင့်အမျိုးသားအစည်းအရုံး ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနဲ့ ငြိမ်းချမ်းရေး
ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်းတို့ တွေ့ဆုံ ခဲ့ကြတာဖြစ်ပါတယ်။

အခု လက်ရှိ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပြီးတဲ့အဖွဲ့ ၁၃ ဖွဲ့ရှိပါတယ်။ ကျန်တဲ့အထဲက အင်အားကြီး တပ်ဖွဲ့ဆိုလို့ KIA /KIO က အခုအချိန်အထိ အစိုးရနဲ့ဆွေးနွေးတာ သဘောတူညီမှုမရသေးပါဘူး။ ပလောင် TNLA ဆိုရင် အစိုးရနဲ့ ဆွေးနွေးဖို့အဆင်သင့်ဖြစ်ပြီလို့ဆိုပေမယ့် သူတို့က ကေအိုင်အို ပြီးမှ သာဖြစ်မယ်လို့ပြန်အကြောင်းကြား ပါတယ်။

ချင်းမိုင်မြို့ဆွေးနွေးပွဲမှာ အထက်ပါပုဂ္ဂိုလ်က သမ္မတကြီးညွှန်ကြားတဲ့အချက် ၅ ချက်အပြင်- အားလုံးကိုခြုံလွှမ်းတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို လိုလားတယ်။ အပစ်ရပ်တာတင်မဟုတ်ဘူး နိုင်ငံရေးဆွေးနွေးဖို့ မူဘောင်ကိုပါ လက်မှတ်ရေးထိုးချင်တယ် လို့ဆိုပါတယ်။

သူက - WGEC ကနေ မူဘောင် ရေးဆွဲထားပြီးပြီး ။ ဘာတွေပါလဲဆိုတော့ ။ ၁- ပူးတွဲလုပ်ငန်းစဉ် ၂ - နိုင်ငံရေးဆွေးနွေးမူဘောင် ၃- စပ်ကူးမတ်ကူးစီမံခန့်ခွဲမှု ၄- ပါဝင်မည့်သူများ ၅- ဆွေးနွေးရေးခေါင်းစဉ်
၁၉ ခု ၆- စစ်တပ်ကျင့်စဉ် စသည်တို့ပါဝင်ရမယ် လို့ပြောဆိုပါတယ်။ ဒါတွေပါမှ ယုံကြည်စိတ်ချရ ပါမယ် လို့ သူက ပြောပါတယ်။

ဦးအောင်မင်းက ဂျွန်လ ၂၈ ရက်နေ့တုန်းက လွှတ်တော်ကို - အစိုးရဟာ နိုင်ငံရေးဆွေးနွေးရေးကို လွှတ်တော်ကို လွှဲပြောင်းအပ်နှံပေးဘို့အစီအစဉ်ရှိတယ်- လို့ပြောဆိုလိုက်ကြောင်း အီလဲဗဲင်း မီဒီယာမှာ ပါရှိပါတယ်။

ဂျူလိုင် ၂ ရက်နေ့ကလည်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လွှတ်တော်က တိုက်ရိုက် ပါဝင်လုပ်ဆောင်ခွင့်ရှိရမယ်။ အစိုးရ ဘဲလုပ်ဆောင်သွားလို့ ဥပဒေအရ အမှားလုပ်မိရင် ပြင်ရခက်တယ်။ လွှတ်တော်ပါဝင်လာမှ ဒီအမှားတွေကိုရှောင်ရှားနိုင်မယ်လို့ ပြောဆိုခဲ့ ပါတယ်။

Panglong(Burmese)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D