သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, July 6, 2013

တာချီလိတ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေ ကြီးပြီး တံတားအနီးတွင် ကားများ ရေထဲနစ်မြုပ်

ဇူလိုင်လ ၅ ရက် နံနက် ၂ နာရီခန့်မှစ၍ တာချီလိတ်မြို့တွင် မိုးများ သည်းထန်စွာ ရွာသွန်းခဲ့ရာ နံနက် ၆ နာရီခန့်တွင် ထိုင်းနှင့် မြန်မာ ချစ်ကြည်ရေး တံတားအောက်ရှိ မယ်ဆိုင်ချောင်းရေကြီးခဲ့ပြီး နေအိမ်များ
အတွင်း ရေများဝင်ရောက်ကာ တံတားအောက်ရှိကားများ ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။


ရေကြီးမှုကြောင့် အနိမ့်ပိုင်းများဖြစ်သော ပုန်းထွန်နှင့် တာလော့တွင် နေရာအနှံ့အပြား ရေကြီးခဲ့ပြီး တံတား ၁ အောက်တွင် ရေတစ်မီတာကျော် တက်ခဲ့ကာ ကားလေးစီးမှာ ရေမြုပ်ခဲ့ကြောင်း သိရသည်။

''ကားတွေနဲ့ဆိုင်ကယ်တချို့ ရေမြုပ်တာက ကားတွေကို ဒီဘက်ကမ်းထားပြီး မယ်ဆိုင်ဘက်ကမ်းကို သွားအိပ် ကြတာ။ ခုက ညကနေ မိုးလင်းတဲ့အထိ မိုးရွာပြီး ရုတ်တရက်ရေကြီးခဲ့လို့ လာထုတ်ဖို့ မဖြစ်နိုင်တော့လို့ ရေမြုပ်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်မတို့ အိမ်ထဲမှာတော့ မနက် ၆ နာရီလောက်မှာ ခါးလောက်အထိ ရေ၀င်ခဲ့ တယ်'' ဟု ပုန်းထွန်ရပ်ကွက် တံတားအနီးတွင်နေထိုင်သော အမျိုးသမီး တစ်ဦးက ပြောကြားခဲ့သည်။

ယခုရေကြီးမှုသည် ၂၀၁၃ ခုနစ်အတွင်း ပထမဆုံးသော ရေကြီးမှုဖြစ်ပြီးရေကြီးမှုကို တာလော့ဈေး၊ ပုန်းထွန်၊ မေဖလားဝါး ကွက်သစ်တို့မှ အများဆုံး ခံခဲ့ကြရကာ မယ်ခေါင်ရပ်ကွက်တွင် အိမ်အချို့သာ ရေ၀င်ခဲ့ကြောင်း သိရသည်။ နံနက် ၁၀ နာရီ တွင် ချောင်းရေမှာ ပြန်ကျနေပြီ ဖြစ်ကြောင်း သိရသည်။

eleven media group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D