သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, July 5, 2013

ပြေးနေရတဲ့ စနိုးဒင်ကို ရုရှ အမျိုးသမီး ကယ်တင်မယ်

အမေရိကန်အစိုးရရဲ့ လုပ်ရပ်ကို ဖွင့်ချလိုက်ပြီး ထွက်ပြေးနေရတဲ့ စနိုးဒင်ကိုကယ်တင်မယ့်သူပေါ်ပေါက် လာပါပြီ။သူကတော့ ရုရှမှာ နေတဲ့ စပိုင်ဟောင်း အလှမယ် အင်နာချပ်မင်း ဖြစ်ပါတယ်။

စနိုးဒင်ကလည်း မော်စကိုလေဆိပ်မှာ သောင်တင်နေချိန်မှာ ဒီကောက် ရိုးလေးတမျှင် ပေါ်ပေါက်လာတာပါ။


အင်နာချပ်မင်းက အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ဟန်ပြလုပ်ကိုင်စဉ် ၂၀၁၀ မှာ အမေရိကန်က သူ့ကို ထောက်လှမ်းရေးမှန်း သိပြီး ဖမ်းလိုက်တာပါ။ တခြား ထောက်လှမ်းရေးတွေနဲ့အတူ ရုရှပြန်ပို့ခံရပါတယ်။

အခုတော့ အင်နာချပ်မင်းက ရုရှမှာ ဆယ်လီ ဘရီတီ ဖြစ်နေပါပြီ။ဂူဂဲလ်မှာ သူ့နာမည် Anna Chapman ကို ရိုက်ထည့်ရှာလိုက်ရင် အထက်ကပုံတွေ ကျလာပါလိမ့်မယ်။

သူက တွစ်တာမှာ စနိုးဒင် ... ရှင် ကျမကို လက်ထပ်မလားလို့ တွိလိုက်ပါတယ်တဲ့။ ရာဟူး သတင်းတပုဒ်မှာ အဲဒီလို ဖတ်လိုက်ရပါတယ်။

စနိုးဒင်က ဘယ်လို အကြောင်းပြန်သလဲ ဆိုတာတော့ မသိရသေးပါ။

အမေရိကန် အစိုးရက စနိုးဒင်ရဲ့ ပတ်စ်ပို့ကိုတရားမဝင်ကြောင်း ကြေညာထားပါတယ်။ ဒါကြောင့် သူ ဟိုဟို ဒီဒီ သွားလို့မရဘဲ မော်စကိုလေဆိပ်မှာ သောင်တင်နေဟန်တူပါတယ်။

ခိုလှုံခွင့်ပေးဖို့ သူက နိုင်ငံ ၂၀ ထက် မနည်းကို ကမ်းလှမ်းထားပါတယ်။

မနေ့က အီတလီ၊ ပြင်သစ်တို့က သူ့ကမ်းလှမ်းချက်ကို တရားဝင် ပယ်ချလိုက်တယ်လို့ သတင်းတွေက ဆိုပါတယ်။

သူ ကမ်းလှမ်းတဲ့နိုင်ငံများက အမေရိကန်နဲ့မဟာမိတ်ဖြစ်လိုတဲ့နိုင်ငံတွေချည်းပဲ ဆိုရင်တော့ သူ့ရှေ့ရေးက မကောင်းပါ။

ပြီးခဲ့တဲ့လကတည်းက စတင်ပြီး သူ့သတင်းက နိုင်ငံတကာမှာ ထိပ်တန်းသတင်း ဖြစ်နေပါ တော့တယ်။

အမေရိကန် အစိုးရရဲ့ လျှို့ဝှက်ချက်တွေကို အများသိအောင် ဖွင့်ချခဲ့တဲ့ စနိုးဒင်က ဟောင်ကောင်ကနေ မော်စကို လေဆိပ်ကို ဇွန် ၂၃ မှာ ရောက်သွားပါတယ်။ သူက မော်စကိုလေဆိပ်တွင်း ပတ်စ်ပို့ထိန်းချုပ်တဲ့ နေရာကို မဖြတ်သေးဘူး၊နိုင်ငံတကာခရီးသည်တွေ လေယာဉ်ပြောင်းစီးတဲ့နေရာမှာပဲ ရှိနေသေးတယ်လို့ ဆိုပါတယ်။

ရုရှား အာဏာပိုင်တွေကတော့ အဲဒီနေရာကို နိုင်ငံတကာနယ်နိမိတ်အဖြစ် သတ်မှတ်ထားကြောင်း Reuters သတင်းတပုဒ်မှာ ရေးထားပါတယ်။

ရုရှားကတော့ သူ့ကို မော်စကိုကနေ အမြန်ထွက်သွားစေလိုကြောင်း သတင်းများက ဆိုပါတယ်။

ဒီအခြေအနေမှာပဲ စပိုင်ဟောင်းအမျိုးသမီးရဲ့ ကမ်းလှမ်းချက် ထွက်လာတာပါ။

စနိုးဒင်က ဒါကို လက်ခံလိုက်ရင် ဘာတွေ ဆက်ဖြစ်မယ်ဆိုတာ မသိရသေးပါဘူး။

ဧရာဝတီblog

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D