သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, July 4, 2013

ကုလား တိုက်ခိုက်ခံရသူ ကျောင်းဆရာမလေး သတိပြန်လည်လာ ပြီ

ကျောက်တော်မြို့နယ် ပီချောင်းဝရှိ မြင်းဂန်းကျေးရွာမှ မိန်းကလေးနှစ်ယောက်ကို ရွာကမ်းစပ်တွင် ပိုက်လာချ သူ ကုလားနှစ်ယောက်က ရိုက်နှုက်တိုက်ခိုက် လုယက်ခဲ့ကြသောကြောင့်   ကျောက်တော်မြို့    ဆေးရုံ သို့ ရောက်နေကြရာ ထိုနှစ်ယောက်အနက် ဆေးရုံတင်ခါစတွင် သတိမရသေး သည့် ကျောင်း ဆရာမလေး မဆန်းဆန်း (၂၀-နှစ်) မှာ သတိပြန်လည်လာပြီဖြစ်သည်။ (ဓါတ်ပုံ ကို ကြည့်ပါ။)

ဆရာမအား ဆေးစစ်ပြီးဖြစ်ပြီး၊ ရိုက်နှုက်တိုက်ခိုက်ခံရမှုရှိခဲ့သော်လည်း လိင်ပိုင်းဆိုင်ရာ ကျူးလွန် ခြင်းခံ ခဲ့ရသည့် လက္ခဏာ မတွေ့ရ ဟု ဆိုသည်။ ၄င်းအား ရေထဲမှ ဆယ်ယူလာစဉ်ကလည်း အတွင်းခံဘောင်း ဘီ အပြည့်အစုံနှင့်တွေ့ရခြင်းဖြစ်သည် ဟု ဆိုသည်။


ကျောက်တော် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူအချို့မှာ ရေမပါဘဲ ပြဿနာသာပါမည့် အမှုအခင်းဖြစ်လာသည် ဆိုပြီး စိတ်ညစ်သည့်လေသံဖြင့် လက်ဖက်ရည်ဆိုင်တွင် ထိုင်ပြောနေသည်ကို ကြားနေရသည် ကြားမိသူတစ်ဦးက ပြောကြားသည်။

ကျူရှင်ပြသည့်ဆရာမငယ် တစ်ဦးဖြစ်သည့် ဆန်းဆန်း (၂၀-နှစ်) နှင့် ၄င်း၏ တပည့်မ သန်းနွယ် (၁၂) နှစ်တို့သည် ယမန်နေ့ ညရှစ်နာရီခန့်တွင် စာပြအပြီး နောက်ဖေးနောက်ဖီသွားရန် ရွာ၏ မြစ်ကမ်း စပ်သို့ တင်လာခဲ့ကြသည်။

၎င်းတို့နှစ်ယောက်အား မြစ်ကမ်းတွင် ပိုက်ချနေသူ ကုလားနှစ်ဦးက ဖမ်းချုပ်ပြီး တုတ်များဖြင့် ရိုက်နှုက်ခြင်း၊ ရေထဲသို့ ခေါင်းနှစ်၍ သတ်ရန်ကြိုးစားခြင်း၊ နားရွက်များမှ နားတောင်းများကို ဆွဲဖြတ်ယူခြင်းတို့ပြုခဲ့ကြသည်။

မိန်းကလေးနှစ်ဦးက အော်ဟစ်ခဲ့ကြသော်လည်း ရွာထဲတွင် ဗွီဒီယိုပြသည့် အသံဖြင့် ဆူညံနေခြင်း၊ ကြားလိုက်သူ များကလည်း ကမ်းတစ်ဖက် ကုလားရွာမှ အော်သံဟုသာ အမှတ်မှားကြခြင်း တို့ကြောင့် ဖြစ်ဖြစ်ချင်း ရွာသားများက မကယ်တင်နိုင်လိုက်ခဲ့ကြပေ။

တိုက်ခိုက်ခြင်းခံရသော မိန်းကလေးနှစ်ဦးအား စက်လှေဖြင့် ဆေးရုံသို့လိုက်ပို့ရာ ယနေ့ မနက် အာရုံမတက်မီ (၂) နာရီမှ ကျောက်တော်ဆေးရုံသို့ရောက်ရှိကြသည်။

ဆန်းဆန်း (၂၀-နှစ်)မှာ မနက် ၆-နာရီ ခွဲခန့်အထိ သတိ ပြန်မလည်သေးချေ။

သန်းနွယ် (၁၂-နှစ်)၏ မျက်စိများမှာ ဖူးယောင်နေပြီး၊ နားတောင်ဆွဲဖြုတ်ခံရသောကြောင့် နားရွက်များ ပဲ့နေ သည်။

မြင်းဂန်းရွာနှင့် တစ်ဖက်တစ်ကမ်းတွင် ပီစိ (ကုလား)ရွာ နှင့် နိတင် (ကုလား)ရွာ တို့ရှိကြသည်။

From: (Coral Arakan News)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D