သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, July 5, 2013

ကော်ရှူခြင်း ကာကွယ်ရန် နိုင်ငံတော်သမ္မတထံ သဝဏ်လွှာပို့မည်

လူငယ်များအကြား ဓလေ့စရိုက်တစ်ခု ဖြစ်လာသည့် ကော်ရှူ သုံးစွဲခြင်းကို တားဆီးရေးအတွက် အုပ်ချုပ်ရေးပိုင်းမှတာဝန်ရှိသူများက အလေးထားဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတထံ သဝဏ်လွှာ ပေးပို့သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။


ဇူလိုင်လ ၄ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ထီးချိုင့် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးစိုးက လူငယ်အချို့ ကော်ရှူသုံးစွဲခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနက ဥပဒေ ပေါ်ထွက်ရေး ဆောင်ရွက်သွားမည့်အစီအစဉ် ရှိ မရှိ မေးမြန်းရာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အထက်ပါအတိုင်း ဖြည့်စွက် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထီးချိုင့် မဲဆန္ဒနယ်မှ ဦးစိုးစိုး၏မေးခွန်းသည် နိုင်ငံနှင့်နိုင်ငံသားများအတွက် လွန်စွာအရေးကြီးပြီး အလေး ထားရမည့် ကိစ္စတစ်ရပ် ဖြစ်ကြောင်း၊ အမျိုးသားရေးကိစ္စရပ် တစ်ခုလည်း ဖြစ်ကြောင်း၊ ယင်းအတွက် ဤမေးခွန်းကို အခြေပြုကာ လွှတ်တော် ဥက္ကဋ္ဌအနေနှင့် နိုင်ငံတော် သမ္မတထံ သဝဏ်လွှာ ရေးသားပေး ပို့မည့်အပြင် အစိုးရအဖွဲ့ထံသို့လည်း အကြောင်းကြားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြား သည်။

ကော်ရှူသုံးစွဲခြင်း ဓလေ့သည် ကျောင်းသား လူငယ်များအထိ ပျံ့နှံ့လာသောကြောင့် ဝန်ကြီးဌာနများ ၊ပြည်သူများနှင့် လုပ်ငန်းရှင်များက ပူးပေါင်း ဆောင်ရွက်ရမည့် ကိစ္စရပ်ဖြစ်ပြီး အဆိုပါ ကိစ္စရပ်အတွက် ကျန်းမာရေးဝန်ကြီးဌာနက ဥပဒေတစ်ရပ် အမြန်ဆုံး ရေးဆွဲသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး
ဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ဆိုသည်။

ကော်ရှူခြင်း ဓလေ့မှာ လူငယ်များအကြား ပျံ့နှံ့နေသော်လည်း လူကြီးများ ကျယ်ကျယ်ပြန့်ပြန့် မသိရှိသေးကြောင်း၊ တစ်မျိုးသားလုံး ကျန်းမာရေးနှင့် သက်ဆိုင်သည့်အတွက် ကျန်းမာရေး ပညာရှင်၊ ဓာတုဗေဒ ပညာရှင်များ ကိုယ်တိုင် လက်တွေ့ လေ့လာသင့်သည့် ကိစ္စဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကော်ရှူခြင်းမှာ အိမ်ခြေမဲ့ကလေးများနှင့် လမ်းပျော်ကလေးများတွင် အဖြစ်များသည့်အတွက် ကျောင်းနေ အရွယ် ကလေး ကျောင်းအပ်ရေး ကို ထိထိရောက်ရောက် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကလေးများ စိတ်ဓာတ် ကျဆင်းသည့်အခါ ကော်ရှူပြီး မူးယစ်စေသည့်နည်းဖြင့် ဖြေရှင်းသည့်အတွက် စောင့်ကြည့် ကာကွယ်ရမည်ဖြစ်ကြောင်း ကော်ရှူသည့် ကလေးငယ်များအကြောင်း ကိုယ်တိုင် လေ့လာရေးသားခဲ့သည့် မန္တလေး ဆေးတက္ကသိုလ်မှ တတိယနှစ် ကျောင်းသူ မယဉ်ယဉ်နှောင်း က ပြောကြားသည်။

ကော်ရှူ သုံးစွဲမှု သတင်းရသည့် မြို့နယ်များတွင် ကျောင်းသားများ ကော်ရှူသုံးစွဲပါက ဆရာ၊ ဆရာမများက မိဘများကိုခေါ်ယူတွေ့ဆုံကာ ဆွေးနွေးညှိနှိုင်းခြင်း၊ ကျောင်းသားများအတွင်း ကင်းထောက်များ ထားရှိကာ စောင့်ကြပ် ကြည့်ရှုခြင်း၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ စခန်းများမှ တာဝန်ရှိသူများကကော်ရှူသူများကို ခေါ်ယူ တွေ့ဆုံ ပညာပေး ဆုံးမခြင်း၊ သင်္ဘောဆေး ပစ္စည်း အရောင်းဆိုင်များက ပါဝင် ပူးပေါင်း ဆောင်ရွက်ခြင်း စသည့်တို့ကို လုပ်ဆောင်ခြင်းဖြင့် ထိန်းချုပ်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဝင်းမြင့်က ဆိုသည်။

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D