သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, July 5, 2013

အီရန် ပြည်သူများ၏ ဘဝ ဝင်ရောက် စွက်ဖက်မှု ရပ်ဆိုင်းရန် သမ္မတ တောင်းဆို

အီရန်ပြည်သူများ၏ ပုဂ္ဂလိကဘဝတွင် အစိုးရအဖွဲ့က ဝင်ရောက်စွက်ဖက်နေခြင်းကို ရပ်ဆိုင်းရန် သမ္မတ
သစ် ဟာဆန်ရော်ဟာနီ က တောင်းဆိုလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ခိုင်မာ အားကောင်းသော အစိုးရတို့မည်သည်မှာ ပြည်သူများ၏ ဘဝများကို ကန့်သတ် ချုပ်ချယ် တတ်သည့် အစိုးရမဟုတ်ကြောင်း သမ္မတသစ် ရော်ဟာနီက အီရန် ဘာသာရေး ခေါင်းဆောင်များကို ပြောကြားလိုက် သည်။


“အရာရာကို လိုက်ပြီး ချုပ်ချယ် နှောင့်ယှက်တဲ့ အစိုးရတွေဟာ ခိုင်မာ အားကောင်းတဲ့ အစိုးရ မဟုတ်ဘူး။ ပြည်သူတွေ ဘဝကို ကန့်သတ်တတ်တဲ့ အစိုးရလည်း မဟုတ်ဘူး။ အဲဒီလို အစိုးရတွေက အားကောင်းတဲ့ အစိုးရတွေ မဟုတ်ဘူး” ဟု ရော်ဟာနီက ပြောကြားသွားသည်။

ထို့အပြင် အီရန်နိုင်ငံတွင်း အင်တာနက် လွတ်လပ်ခွင့် ပေးသင့်သလိုနိုင်ငံပိုင် မီဒီယာများ အနေနှင့်လည်း ပြည်တွင်းရေး ပြဿနာများကို အမှန်အတိုင်း ထုတ်လွှင့်ပြသသင့်ကြောင်း ၎င်းက တောင်းဆိုခဲ့သည်။

“လူ့အဖွဲ့အစည်းတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာဖို့ လူထုတွေ လိုလားနေချိန်မှာ အစိုးရနဲ့ ပြည်သူကြား ကွဲပြားမှု မရှိသင့်ပါဘူး” ဟု သမ္မတသစ် ရော်ဟာနီက ပြောကြားလိုက်သည်။

ရော်ဟာနီသည် သဘောထား တင်းမာမှုမရှိသော သမ္မတတစ်ဦး ဖြစ်ပြီး ဇွန်လတွင် ကျင်းပခဲ့သည့် အီရန်သမ္မတ ရွေးကောက်ပွဲတွင် ထောက်ခံမဲ ၅၀ ဒသမ ၇ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့သည်။

၂၀၀၉ သမ္မတ ရွေးကောက်ပွဲ ကျင်းပပြီး နောက်ပိုင်း ပေါ်ထွက်လာသော အတိုက်အခံများ၏ ဆန္ဒပြမှုများကို ဖိနှိပ်ရန် အင်တာနက် အသုံးပြုမှုများ အပေါ် စိစစ်မှု ပြုလုပ်ခြင်းမှာလဲ ထိရောက်မှု မရှိခဲ့ကြောင်း သမ္မတသစ် က ပြောကြားခဲ့သည်။

“ပြီးခဲ့တဲ့ နှစ်တွေတုန်းက အရေးကြီးတဲ့သတင်း ဘယ်နှခုလောက်ကို ပိတ်ပင်ထားနိုင်လို့လည်း” ဟု သမ္မတက မေးခွန်း ထုတ်လိုက်သည်။

အစိုးရ အဖွဲ့အနေနှင့် မိမိတို့၏ အောင်မြင်မှုများနှင့် ရှုံးနိမ့်မှုများကို ပြည်သူ များအား အသိပေးရန် လိုအပ်ကြောင်း၊ ပြည်သူများက ရိုးသားမှုကို အလိုရှိနေပြီး အစိုးရအဖွဲ့ထံမှ ရိုးသားသော ကတိများကို လိုလားနေကြောင်း မိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်း ပြောကြားသွားသည်။

ထို့အပြင် အီရန်နိုင်ငံတွင်းရှိ သတင်းထုတ်လွင့်မှုများကို ချုပ်ကိုင်ထား သည့် နိုင်ငံပိုင် IRIB သတင်းဌာန ကိုလည်း သမ္မတသစ်က ဝေဖန်လိုက်ပြီး တိုင်းပြည်အတွက် အရေးကြီးသည့် အကြောင်းခြင်းရာများကို လျစ်လျူရှု ထားကြောင်း စွပ်စွဲလိုက်သည်။

“တရုတ်မှာ ပန်ဒါတစ်ကောင် မွေးတဲ့ ကိစ္စကို IRIB က ထုတ်လွှင့်ခဲ့တယ်။ အလုပ်သမားတွေ လစာမရလို့ ဆန္ဒပြတာတော့ မလွှင့်ဘူး။ အဲဒီတော့ ပြည်သူတွေနဲ့ လူငယ်တွေက အဲဒီသတင်းဌာနကို မသိကျိုးကျွန် ပြုပြီပေါ့” ဟု သမ္မတသစ် ရော်ဟာနီက ပြောကြားခဲ့သည်။

အီရန် ဘာသာရေး ခေါင်းဆောင်ကြီး အယာတိုလာခါမေနီသာ အတည်ပြုပေးပါက လာမည့် သြဂုတ်လ ၃ ရက်နေ့တွင် သမ္မတသစ်ရော်ဟာနီ စတင် ကျမ်းသစ္စာ ကျိန်ဆိုမည် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D