သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, July 5, 2013

သေဆုံးပြီဟု အတည်ပြုပြီး ၂ နာရီကြာပွေ့ဖက်ပြီးမှ မိခင်မေတ္တာကြောင့်အသက်ပြန်ရှင်လာရတဲ့ ကလေးငယ်

သေဆုံးပြီဟု အတည်ပြုပြီး ၂ နာရီကြာပွေ့ဖက်ပြီးမှ 
မိခင်မေတ္တာကြောင့်အသက်ပြန်ရှင်လာရတဲ့ ကလေးငယ်

သြစတေးလျမှ မိခင်တစ်ယောက်ဖြစ်တဲ့သူမနာမည်ကို Kate Ogg လို့ခေါ်ပါတယ် ။ 
ကိုယ်ဝန် ၂၇ ပတ်မှာ မွေးခန်းထဲဝင်ခဲ့ရပြီး ၃ နာရီကြာအောင်ကိုးစားခဲ့ရတဲ့ 
အမွှာပူးလေးမှာ ၂ ပေါင်သာသာပဲရှိတဲ့ ကလေးတစ်ဦးဖြစ်တဲ့ Jamie က 
အသက်မရှင်နိုင်တော့ပါဘူးတဲ့ ။ မိခင်ဟာ သူမ နားကို သူမ 
မယုံနိုင်အောင်ဖြစ်သွားရတယ် ။ ဆစ်ဒနီဆေး၇ုံမှာ Jamie ရဲ့အမွှာဖြစ်တဲ့ Emily 
ကတော့ ကောင်းမွန်တဲ့ကျန်းမာရေးအခြေအနေရှိပါတယ် ။ သူမအကို Jamie 
ကတော့မွေးစကတည်းက မိနစ်နှစ်ဆယ်လောက်အသက်ကယ်ခဲ့ရတယ် ။

ကုသမှုတွေကို မတုံ့ပြန်တော့တဲ့အခါ မိဘတွေကို 
စိတ်မကောင်းစရာသတင်းကိုပြောဖို့အခြေအနေဖြစ်လာပါပြီ ။ မိခင် Kate ဟာ 
သူ့ကလေးငယ်တစ်ယောက်ဆုံးတယ်ဆိုတဲ့သတင်းကိုလက်မခံနိုင်ပါဘူး ။ သူက 
မိခင်တစ်ယောက်အနေနဲ့ ခေါင်းကိုတွင်တွင်ခါတယ် ။ ပြီးတော့မျက်ရည်တွေ 
တွင်တွင်စီးကျတယ် ။ သားငယ်လေးကို အနှီးနဲ့လုံခြုံစွာထုပ်ပြီး 
သူပွေ့ချီလိုက်တယ် ပြီးတော့ ရင်အုပ်ထဲမှာ အုပ်ပြီး နွေးနွေးထွေးထွေးထားတယ် ။
 ရှိုက်ကြီးတငင်ငိုပါတယ် ။

မိခင်ရောဖခင်ရောဟာ သားလေးကို တွင်တွင်ကြည်ပြီး 
သူ့နာမည်ကိုဘယ်လိုခေါ်ကြောင်းနဲ့သူ့မှာ ညီမတစ်ဦးရှိကြောင်းကို 
တတွတ်တွတ်ပြောဆိုနေတယ် ။ “ သားမရှိပဲ ညီမလေးဘယ်လို ဆက်လက်ရှင်သန်နေထိုင်မလဲ
 .. သားမရှိပဲအဖေနဲ့အမေရောဘယ်လိုဆက်လက်ရှင်သန်နေထိုင်မလဲ မိသားစုဆိုတာ ဟာ 
အားလုံးပြည့်စုံနေမှ အဓိပ္ပါယ်ရှိတာပါ ” ဖခင်ဖြစ်သူက 
သားဖြစ်သူကိုကြည့်ပြီးငိုယိုတယ် တိုးလျစွာ ပွတ်သပ်တယ် ။ 
ဒီလိုနဲ့ပွေ့ချီထားခဲ့တာ ၂ နာရီတိုင်ကြာမင့်ခဲ့တယ် ။ 
ကလေးငယ်အသက်ပြန်မရှူလာခင်အထိပေါ့ ။

ဒါပေမယ့် ဆရာတွေက ကလေးငယ်ကို မျှော်လင့်ချက်လုံးဝမရှိခဲ့ဘူး ။ ၂ 
နာရီပြည့်ပြီးတဲ့အခါ ရုတ်တရက်ကလေးငယ်ဟာ စတင်ပြီး အသက်ရှူလာပါပြီ 
တဖြည်းဖြည်းပိုရှူလာတယ် မိခင်က ကလေးကိုကြည့်ပြီးမိခင်နို့ကို 
တိုက်လိုက်တယ် ။ အံ့သြစရာတွေကတော့ဖြစ်ပျက်လာခဲ့ရပါပြီ ။ ကလေးငယ်က 
ကောင်းမွန်စွာ အသက်ရှူနေပါပြီ ။ ခဏကြာတဲ့အခါ Jamie လေးမျက်လုံးပွင့်လာတယ် 
သူ့မျက်လုံးတွေက မိခင်ကိုကြည့်နေတယ် ။

ဆရာဝန်တွေအားလုံးတုန်လှုပ်ခြောက်ခြားပြီး အားလုံးပျော်ရွှင်ခဲ့ရပါတယ် ။

===========================

မိခင်မေတ္တာဟာ ဆရာဝန်တွေသေဆုံးပြီလို့အတည်ပြုထားတဲ့ ကလေးငယ်ကို 
အသက်ပြင်ရှင်စေနိုင်ခဲ့တယ်လို့ပဲထင်ပါတယ် ။ ပြင်းပြတဲ့ မေတ္တာစိတ်နဲ့ 
ဆေးလောကတစ်ခုလုံး အံ့သြတုန်လှုပ်သွားအောင်စွမ်းဆောင်နိုင်ခဲ့တယ် ။

မိခင်အားလုံးအား ဂုဏ်ပြုဦးညွှတ်လျှက် ...။

( သက်တန့်ချို )

မူရင်း - 
http://www.dailymail.co.uk/health/article-1306283/Miracle-premature-baby-declared-dead-doctors-revived-mothers-touch.html 
သစတေးလျမှ မိခင်တစ်ယောက်ဖြစ်တဲ့သူမနာမည်ကို Kate Ogg လို့ခေါ်ပါတယ် ။ ကိုယ်ဝန် ၂၇ ပတ်မှာ မွေးခန်းထဲ ၀င်ခဲ့ရပြီး ၃ နာရီကြာအောင်ကိုးစားခဲ့ရတဲ့ အမွှာပူးလေးမှာ ၂ ပေါင်သာသာပဲရှိတဲ့ ကလေးတစ်ဦးဖြစ်တဲ့ Jamie က အသက်မရှင်နိုင်တော့ပါဘူးတဲ့ ။ မိခင်ဟာ သူမ နားကို သူမ မယုံနိုင်အောင်ဖြစ်သွားရတယ် ။ ဆစ်ဒနီဆေး၇ုံမှာ Jamie ရဲ့အမွှာဖြစ်တဲ့ Emily ကတော့ ကောင်းမွန်တဲ့ ကျန်းမာရေးအခြေအနေရှိပါတယ် ။ သူမအကို Jamie ကတော့မွေးစကတည်းက မိနစ်နှစ်ဆယ်လောက် အသက်ကယ်ခဲ့ရတယ် ။


ကုသမှုတွေကို မတုံ့ပြန်တော့တဲ့အခါ မိဘတွေကို စိတ်မကောင်းစရာသတင်းကိုပြောဖို့အခြေအနေဖြစ်လာပါပြီ ။ မိခင် Kate ဟာ သူ့ကလေးငယ်တစ်ယောက်ဆုံးတယ်ဆိုတဲ့သတင်းကိုလက်မခံနိုင်ပါဘူး ။ သူက မိခင် တစ်ယောက်အနေနဲ့ ခေါင်းကိုတွင်တွင်ခါတယ် ။ ပြီးတော့မျက်ရည်တွေ တွင်တွင်စီးကျတယ် ။ သားငယ်လေးကို အနှီးနဲ့လုံခြုံစွာထုပ်ပြီး သူပွေ့ချီလိုက်တယ် ပြီးတော့ ရင်အုပ်ထဲမှာ အုပ်ပြီး နွေးနွေးထွေးထွေးထားတယ် ။ ရှိုက်ကြီးတငင်ငိုပါတယ် ။

မိခင်ရောဖခင်ရောဟာ သားလေးကို တွင်တွင်ကြည်ပြီး သူ့နာမည်ကိုဘယ်လိုခေါ်ကြောင်းနဲ့သူ့မှာ ညီမ တစ်ဦးရှိကြောင်းကို တတွတ်တွတ်ပြောဆိုနေတယ် ။ “ သားမရှိပဲ ညီမလေးဘယ်လို ဆက်လက် ရှင်သန်နေထိုင်မလဲ .. သားမရှိပဲအဖေနဲ့အမေရောဘယ်လိုဆက်လက်ရှင်သန်နေထိုင်မလဲ မိသားစုဆိုတာ ဟာ အားလုံးပြည့်စုံနေမှ အဓိပ္ပါယ်ရှိတာပါ ” ဖခင်ဖြစ်သူက သားဖြစ်သူကိုကြည့်ပြီးငိုယိုတယ် တိုးလျစွာ ပွတ်သပ်တယ် ။ ဒီလိုနဲ့ပွေ့ချီထားခဲ့တာ ၂ နာရီတိုင်ကြာမင့်ခဲ့တယ် ။ ကလေးငယ် အသက်ပြန် မရှူလာခင် အထိပေါ့ ။

ဒါပေမယ့် ဆရာတွေက ကလေးငယ်ကို မျှော်လင့်ချက်လုံးဝမရှိခဲ့ဘူး ။ ၂ နာရီပြည့်ပြီးတဲ့အခါ ရုတ်တရက် ကလေးငယ်ဟာ စတင်ပြီး အသက်ရှူလာပါပြီ တဖြည်းဖြည်းပိုရှူလာတယ် မိခင်က ကလေးကို ကြည့်ပြီး မိခင်နို့ကို တိုက်လိုက်တယ် ။ အံ့သြစရာတွေကတော့ဖြစ်ပျက်လာခဲ့ရပါပြီ ။ ကလေးငယ် က ကောင်းမွန်စွာ အသက်ရှူနေပါပြီ ။ ခဏကြာတဲ့အခါ Jamie လေးမျက်လုံးပွင့်လာတယ် သူ့မျက်လုံးတွေက မိခင် ကိုကြည့်နေတယ် ။

ဆရာဝန်တွေအားလုံးတုန်လှုပ်ခြောက်ခြားပြီး အားလုံးပျော်ရွှင်ခဲ့ရပါတယ် ။

===========================

မိခင်မေတ္တာဟာ ဆရာဝန်တွေသေဆုံးပြီလို့အတည်ပြုထားတဲ့ ကလေးငယ်ကို အသက်ပြင်ရှင်စေနိုင်ခဲ့ တယ်လို့ ပဲထင်ပါတယ် ။ ပြင်းပြတဲ့ မေတ္တာစိတ်နဲ့ ဆေးလောကတစ်ခုလုံး အံ့သြတုန်လှုပ် သွားအောင် စွမ်းဆောင်နိုင်ခဲ့တယ် ။

မိခင်အားလုံးအား ဂုဏ်ပြုဦးညွှတ်လျှက် ...။

( သက်တန့်ချို )

မူရင်း -
 

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D