
ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်ကြသည့် ဗုဒ္ဓဘာသာဝင် ရဟန်းတော်များအတွက် ၀တ္ထုပစ္စည်းများ ကို မြန်မာနိုင်ငံမှ အဓိက မှာယူနေရသော်လည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ဖမ်းဆီးနေကြောင်း
သတင်းရရှိသည်။
သတင်းရရှိသည်။
မြန်မာနိုင်ငံ မောင်တောနယ်စပ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့ တင်သွင်းသည့် ဗုဒ္ဓရုပ်ပွားတော် ၅၈ ဆူကို ဘင်္ဂလားဒေ့ရှ်နယ်စပ် အာဏာပိုင်များက ဇွန် ၂၉ ရက်က တက်ကနက် နယ်စပ်မြို့တွင် ဖမ်းဆီး လိုက်ကြောင်း Cox’s bazaar News သတင်းစာတွင် ဖော်ပြပါရှိသည်။
ရုပ်ပွားတော် ၅၈ ဆူ၏ တန်ဖိုးမှာ တာကာငွေ ၄၃၉၀၀ (မြန်မာငွေ ကျပ် ၄၃၉၀၀၀) ရှိပြီး သစ်သားဖြင့် ပြုလုပ်ထားသော ရုပ်တုတော်များ ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ မောင်တောနယ်စပ် ကုန်သွယ်ရေး တာဝန်ရှိသူ တစ်ဦးက "ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရဟန်းသံဃာတွေအတွက် လိုအပ်တဲ့ ၀တ္ထုပစ္စည်းတွေကို မောင်တောနယ်စပ် ကုန်သွယ်ရေးနဲ့ တင်ပို့တာ မဟုတ်ပါဘူး။
အဲဒီပစ္စည်းတွေကို တင်ပို့ဖို့ လိုင်စင်ခွင့်ပြု ထားတာလည်း မရှိပါဘူး။ ဒါပေမဲ့ သံဃာ့အသုံးအဆောင် ၀တ္ထု ပစ္စည်းတွေကို မောင်တောကနေ ဈေးသည်တွေ ၀ယ်သွားတာ ဖြစ်နိုင်ပါတယ်။ မြန်မာဘက်ကနေ ဖမ်းဆီးတာတွေတော့ မရှိပါဘူး" ဟု ဆိုသည်။
"ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ ဘုရားဆင်းတု၊ သင်္ကန်း၊ ကြေးစည်၊ သပိတ် စတာတွေကို ဒီဘက်က မှာဝယ်ယူတာ ဖြစ်ပါတယ်။ ရှင်ပြုမယ် ဆိုရင်လည်း လိုအပ်တဲ့ ပရိက္ခရာတွေ ကို မောင်တော ကိုလာပြီး ဈေးလာဝယ်ကြတယ်။
ဒီဘက်မှာတော့ ဘာပြဿနာမှ မရှိပါဘူး" ဟု မောင်တောမြို့မှ ပရိက္ခရာ အရောင်းဆိုင်မှ တစ်ဦးက ပြော ကြားသည်။
အဆိုပါ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော ပစ္စည်းများကို တင်သွင်းခွင့်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ မှ ဆောင်ရွက်မှုမျိုး မရှိသေးသဖြင့် ဘင်္ဂလားဒေ့ရှ်ရှိ ဗုဒ္ဓဘာသာဝင်များအဖို့ အခက်အခဲ ရှိနေကြောင်း သိရသည်။
ယင်းအပြင် ဘင်္ဂလားဒေ့ရှ်ရှိ ဗုဒ္ဓဘာသာဝင်များအား ခွဲခြားဆက်ဆံခြင်းနှင့် တချို့ဒေသများတွင် အကြမ်း ဖက်တိုက်ခိုက်မှု များကြောင့် မြန်မာ တိုင်းရင်းသား မျိုးယ်စုများမှာ မြန်မာနိုင်ငံသို့ ၀င်ရောက်လျက် ရှိနေကြောင်း သိရသည်။
Eleven Media Group


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...