သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, July 1, 2013

Time မဂ္ဂဇင်းကို အမေရိကန်တွင် သံဃာတော်များဦးဆောင်၍ ဆန္ဒဖော်ထုတ်တော့မည်

Photo: Time မဂ္ဂဇင်းကို 
အမေရိကန်တွင် သံဃာတော်များဦးဆောင်၍ ဆန္ဒဖော်ထုတ်တော့မည်
Monday, July 01, 2013

၂၀၁၃ ခုနှစ် ဇူလိုင် (၁) ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်း၏ မျက်နှာဖုံးတွင် 
ဦးဝိစိတ္တာဘိဝံသ (၀ီရသူ) ကို “ ဗုဒ္ဓဘာသာဝင် အကြမ်းဖက်သူရဲ့မျက်နှာ ” ဟု 
ရေးသားဖော်ပြခဲ့သောကြောင့် အမေရိကန်ပြည်ထောင်စုရောက် သာသနာပြုရဟန်း 
သံဃာတော်များမှ ဦးဆောင်၍ ဇူလိုင်လ ၃ ရက် ကြာသပတေးနေ့တွင် နယူးယောက်မြို့ရှိ
 တိုင်းမဂ္ဂဇင်းတိုက်ရှေ့၌ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း 
သတင်းရရှိသည်။

“ ဗုဒ္ဓဘာသာတွင် ဝိနည်းတော်အရ ရဟန်းတော်တို့သည် သူတစ်ပါးအသက်ကို ကိုယ်တိုင် 
သတ်ဖြတ်ခြင်း၊ တိုက်တွန်းခြင်း ပြုလုပ်ခွင့် မရှိ၊ တိုင်း 
မဂ္ဂဇင်းဆောင်းပါးရှင်သည် ဦးဝိစိတ္တာဘိဝံသ (ဝီရသူ) ကိုယ်တိုင် 
သတ်ဖြတ်ညှင်းဆဲခြင်း၊ သို့မဟုတ် ဦးဝိစိတ္တာဘိဝံသ (ဝီရသူ) ၏ စေခိုင်းချက်အရ 
သတ်ဖြတ်ညှင်းဆဲသည့် အထောက်အထား တစ်စုံတရာ မရှိဘဲ စွပ်စွဲ 
ရေးသားဖော်ပြခြင်းသာဖြစ်ကြောင်း၊ ယင်းသို့ ဖော်ပြခြင်းသည် ဦးဝိစိတ္တာဘိဝံသ 
(ဝီရသူ) နှင့် ဗုဒ္ဓဘာသာဝင် ရဟန်းတော်များကိုသာမက ဗုဒ္ဓသာသနာတော် 
တစ်ခုလုံးအား ထိခိုက်နစ်နာစေမှုရှိကြောင်း၊ သို့အတွက် နယူးယောက်မြို့နှင့် 
အနီးရှိ ဗုဒ္ဓဘာသာဝင်ရဟန်းတော်များ စုပေါင်းကာ အကြမ်း မဖက်ငြိမ်းချမ်းသည့် 
ဆန္ဒဖော်ထုတ်ပွဲကို တိုင်းမဂ္ဂဇင်းတိုက်၏ ရှေ့တွင် ပြုလုပ်သွားမည် ” ဟု 
ဆန္ဒပြမည့်ပွဲကို ဦးဆောင်စီစဉ်သူများထဲမှ သံဃာတပါးလည်းဖြစ်၊ နယူးယောက်မြို့ 
ဗုဒ္ဓဘာသာ ရခိုင်ဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော် 
တပါးလည်းဖြစ်သည့် ဒေါက်တာ အရှင်နာယမှ အာရ်ကန်တိုင်းမ်စ်သို့  ပေးပို့သည့် 
အီမဲလ်တွင် ဖော်ပြပါရှိသည်။

အဆိုပါ ဆန္ဒပြမည့်ပွဲတွင် ပူးပေါင်းပါဝင်နိုင်ရန် အမေရိကန်ပြည်ထောင်စု 
ပြည်နယ်အသီးသီး၌ သီတင်းသုံး သာသနာပြုနေကြသော ရဟန်းသံဃာတော်များသည် 
နယူးယောက်မြို့သို့ စုရုံးရောက်ရှိလာနေကြပြီဖြစ်ကြောင်း သိရှိရသည်။

တိုင်းမ် (Time) မဂ္ဂဇင်း၏ ရေးသားဖော်ပြချက်ကို ပြည်တွင်းရှိ သံဃာတော်များ၊ 
လူပုဂ္ဂိုလ်များ၊ သတင်းမီဒီယာတချို့နှင့် မြန်မာအစိုးရမှ 
ကန့်ကွက်ရှုတ်ချခဲ့ပြီး အစိုးရမှ ဖွဲ့စည်းထားသည့် အရေးပေါ်ကာလ စီမံခန့်ခွဲရေး
 ဗဟိုကော်မတီမှလည်း ဇူလိုင်လ (၁)ရက်နေ့ထုတ် TIME မဂ္ဂဇင်းကို 
မြန်မာနိုင်ငံအတွင်း ဖြန့်ချိရောင်းချခွင့်ကိုပါ ပိတ်ပင်တားမြစ်ထားကြောင်း 
သိရှိရသည်။

အလားတူပင် သီရိလင်္ကာနိုင်ငံမှလည်း တိုင်း (Time) ၏ ရေးသားဖော်ပြချက်ကို 
ကန့်ကွက်ရှုတ်ချခဲ့ကြပြီး သတင်းဆောင်းပါးရေးသားသူ ဟန်နာဘိရှ် (Hennah 
Beech) ကိုပါ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်လိုက်ကြောင်း သီရိလင်္ကာနိုင်ငံထုတ် 
သတင်းစာများတွင် ရေးသားဖော်ပြပါရှိသည်။

ဇွန်လ ၃၀ ရက်နေ့ကလည်း မြန်မာနိုင်ငံတွင် TIME မဂ္ဂဇင်းကို 
သံဃာတော်များအပါအ၀င် ပြည်သူ ၇၀၀ ကျော်မှ ရန်ကုန်မြို့ 
မြို့တော်ခန်းမရှေ့တွင် ငြိမ်းချမ်းဆန္ဒဖော်ထုတ်ခဲ့ကြသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် တောင်းဆိုချက်များမှာ “ ဗုဒ္ဓ၀ါဒသည် 
အမျိုးသားရေးကာကွယ်မှုကို စောင့်ရှောက်သည်၊ ဦးဝီရသူသည် အမျိုးဘာသာ၊ သာသနာကို
 ကွာကွယ်နေသူဖြစ်သည်။

အကြမ်းဖက်သူမဟုတ်ပါ၊ အမျိုးသားရေးကာကွယ်မှုသည် လူ့အခွင့်အရေး 
ချိုးဖောက်ခြင်းမဟုတ်ပါ။ ” စသော အချက်များပါဝင်ကြောင်း သိရသည်။ 

Arakan Times
၂၀၁၃ ခုနှစ် ဇူလိုင် (၁) ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်း၏ မျက်နှာဖုံးတွင် ဦးဝိစိတ္တာဘိဝံသ (၀ီရသူ) ကို “ ဗုဒ္ဓ ဘာသာဝင် အကြမ်းဖက်သူရဲ့မျက်နှာ ” ဟု ရေးသားဖော်ပြခဲ့သောကြောင့် အမေရိကန်ပြည်ထောင် စုရောက် သာသနာပြုရဟန်း သံဃာတော်များမှ ဦးဆောင်၍ ဇူလိုင်လ ၃ ရက် ကြာသပတေးနေ့တွင် နယူးယောက်မြို့ရှိ တိုင်းမဂ္ဂဇင်းတိုက်ရှေ့၌ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

“ ဗုဒ္ဓဘာသာတွင် ဝိနည်းတော်အရ ရဟန်းတော်တို့သည် သူတစ်ပါးအသက်ကို ကိုယ်တိုင် သတ်ဖြတ်ခြင်း၊ တိုက်တွန်းခြင်း ပြုလုပ်ခွင့် မရှိ၊ တိုင်း မဂ္ဂဇင်းဆောင်းပါးရှင်သည် ဦးဝိစိတ္တာဘိဝံသ (ဝီရသူ) ကိုယ်တိုင် သတ်ဖြတ်ညှင်းဆဲခြင်း၊ သို့မဟုတ် ဦးဝိစိတ္တာဘိဝံသ (ဝီရသူ) ၏ စေခိုင်းချက်အရ သတ်ဖြတ်ညှင်းဆဲသည့် အထောက်အထား တစ်စုံတရာမရှိဘဲ စွပ်စွဲရေးသားဖော်ပြခြင်း သာဖြစ်ကြောင်း၊ ယင်းသို့ ဖော်ပြခြင်းသည် ဦးဝိစိတ္တာဘိဝံသ (ဝီရသူ) နှင့် ဗုဒ္ဓဘာသာဝင် ရဟန်းတော်များကိုသာမက ဗုဒ္ဓသာသနာတော် တစ်ခုလုံးအား ထိခိုက်နစ်နာစေမှုရှိကြောင်း၊ သို့အတွက် နယူးယောက်မြို့နှင့် အနီးရှိ ဗုဒ္ဓဘာသာဝင်ရဟန်းတော်များ စုပေါင်းကာ အကြမ်းမဖက်ငြိမ်းချမ်းသည့် ဆန္ဒဖော်ထုတ်ပွဲကို တိုင်း မဂ္ဂဇင်းတိုက်၏ ရှေ့တွင် ပြုလုပ်သွားမည် ” ဟု ဆန္ဒပြမည့်ပွဲကို ဦးဆောင်စီစဉ်သူများထဲမှ သံဃာ တပါးလည်းဖြစ်၊ နယူးယောက်မြို့ ဗုဒ္ဓဘာသာ ရခိုင်ဘုန်းတော်ကြီးကျောင်း ၏ ကျောင်းထိုင် ဆရာတော် တပါးလည်းဖြစ်သည့် ဒေါက်တာ အရှင်နာယမှ အာရ်ကန်တိုင်းမ်စ်သို့  ပေးပို့သည့် အီမဲလ် တွင် ဖော်ပြပါ ရှိသည်။

အဆိုပါ ဆန္ဒပြမည့်ပွဲတွင် ပူးပေါင်းပါဝင်နိုင်ရန် အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီး၌ သီတင်း သုံး သာသနာပြုနေကြသော ရဟန်းသံဃာတော်များသည် နယူးယောက်မြို့သို့ စုရုံးရောက် ရှိလာနေ ကြပြီဖြစ်ကြောင်း သိရှိရသည်။

တိုင်းမ် (Time) မဂ္ဂဇင်း၏ ရေးသားဖော်ပြချက်ကို ပြည်တွင်းရှိ သံဃာတော်များ၊ လူပုဂ္ဂိုလ်များ၊ သတင်းမီဒီယာတချို့နှင့် မြန်မာအစိုးရမှ ကန့်ကွက်ရှုတ်ချခဲ့ပြီး အစိုးရမှ ဖွဲ့စည်းထားသည့် အရေးပေါ် ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီမှလည်း ဇူလိုင်လ (၁)ရက်နေ့ထုတ် TIME မဂ္ဂဇင်းကို မြန်မာနိုင်ငံ အတွင်း ဖြန့်ချိရောင်းချခွင့်ကိုပါ ပိတ်ပင်တားမြစ်ထားကြောင်း သိရှိရသည်။

အလားတူပင် သီရိလင်္ကာနိုင်ငံမှလည်း တိုင်း (Time) ၏ ရေးသားဖော်ပြချက်ကို ကန့်ကွက်ရှုတ်ချ ခဲ့ကြပြီး သတင်းဆောင်းပါးရေးသားသူ ဟန်နာဘိရှ် (Hennah Beech) ကိုပါ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်လိုက်ကြောင်း သီရိလင်္ကာနိုင်ငံထုတ် သတင်းစာများတွင် ရေးသားဖော်ပြပါရှိသည်။

ဇွန်လ ၃၀ ရက်နေ့ကလည်း မြန်မာနိုင်ငံတွင် TIME မဂ္ဂဇင်းကို သံဃာတော်များအပါအ၀င် ပြည်သူ ၇၀၀ ကျော်မှ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ငြိမ်းချမ်းဆန္ဒဖော်ထုတ်ခဲ့ကြသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် တောင်းဆိုချက်များမှာ “ ဗုဒ္ဓ၀ါဒသည် အမျိုးသားရေးကာကွယ်မှု ကို စောင့်ရှောက်သည်၊ ဦးဝီရသူသည် အမျိုးဘာသာ၊ သာသနာကို ကွာကွယ်နေသူဖြစ်သည်။

အကြမ်းဖက်သူမဟုတ်ပါ၊ အမျိုးသားရေးကာကွယ်မှုသည် လူ့အခွင့်အရေး ချိုးဖောက်ခြင်းမဟုတ်ပါ။ ” စသော အချက်များပါဝင်ကြောင်း သိရသည်။
Arakan Times

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D