သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, July 2, 2013

အလုံမြို့နယ်ရှိ တိုက်ခန်းတစ်ခု၌ ဇူလိုင် ၁ ရက်ည ၈ နာရီခွဲခန့်က အနုကြမ်းစီးမှုဖြစ်ပွား

7.1.16
အနုကြမ်းစီးမှု ဖြစ်ပွားရာ ခြောက်လွှာ အပေါ်ဆုံးထပ်အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-နေမျိုးထွန်း)
အလုံမြို့နယ်၊ စက်တွင်းလမ်း၊ အမှတ် ၆၀ (ခြောက်လွှာ) ရှိ တိုက်ခန်း တစ်ခုတွင် ဇူလိုင် ၁ ရက်ည ၈
နာရီခွဲခန့် အချိန်က အနုကြမ်းစီးမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လက်ဝတ် လက်စားများနှင့် ငွေကြေးများ ယူဆောင် သွားကြောင်း သတင်းရရှိသည်။

ဖြစ်ပွားပုံမှာ ယင်းတိုက်ခန်းတွင် နေထိုင်သော အမျိုးသမီးတစ်ဦး (သမီးအကြီးဖြစ်သူ) နှင့် ခင်ပွန်းလောင်း ဖြစ်သူတို့ သီရိမင်္ဂလာဈေးသို့သွားစဉ် အိမ်တွင် အသက် ၁၄ နှစ်ဝန်းကျင်ရှိ သမီး အငယ် ဖြစ်သူနှင့် အသက် ၄၃ နှစ်ဝန်းကျင်ရှိ အိမ်ဖော် အမျိုးသမီးတို့ ကျန်ရစ်ခဲ့ကြောင်း သိရသည်။ ထိုအချိန်တွင် အမျိုးသားနှစ်ဦးမှ အနုကြမ်းစီးကာ ရွှေထည်ပစ္စည်းများနှင့် ငွေကြေးတို့ကို ယူဆောင် သွားခြင်း ဖြစ်ကြောင်း သိရသည်။
''ည ၇ နာရီခွဲလောက် ကတည်းက အမျိုးသားငါးဦး တက်လာပြီး လူတစ်ယောက်ကို လာရှာ သလိုမျိုး မေးတယ်။ မရှိဘူး ပြောလိုက်တော့ ပြန်ဆင်းသွားကြတယ်။ ည ၈ နာရီခွဲလောက်မှာ နှစ်ဦးပဲ တက်လာတယ်။ တံခါးခေါက်လို့ သမီးအငယ် ဖြစ်သူက တံခါးဖွင့်ပေးလိုက်တဲ့ အချိန်မှာ အိမ်ထဲကိုဝင်ပြီး မီးတွေ ပိတ်လိုက်တယ်။ ပြီးတော့ 'နင့်အမေ မဲဖိုးထုတ်ထားတဲ့ သိန်း ၃၀ ဘယ်မှာလဲ' လို့မေးတယ်။ 'မရှိတော့ဘူး၊ ပေးလိုက်ပြီ' လို့ ပြန်ပြောတဲ့အခါ အခန်းထဲကို အတင်းဆွဲခေါ် သွားတယ်။ ရွှေထည် ပစ္စည်းတွေနဲ့ ငွေကျပ်တစ်သိန်းခွဲကို လုယူထွက်ပြေးသွားတယ်။ အိမ်ဖော်အမျိုးသမီးရဲ့ နောက်ကျောကို ဓားနဲ့ထိုးလို့ ဒဏ်ရာရတယ်။ ရဲစခန်းကို အကြောင်းကြားတော့ ၉ နာရီ မိနစ် ၂၀ လောက်မှာ ကျွန်တော် တို့ သိရတယ်။ အဲဒီအချိန်မှာ တရားခံတွေ မရှိတော့ဘူး။ ထွက်ပြေးသွားပါပြီ'' ဟု အလုံရဲစခန်းမှ ရဲအုပ် ညီမျိုးလွင် က ပြောပြခဲ့သည်။
ပ-၁၄၄/၁၃၊ ပုဒ်မ ၃၉၇ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

From...EMG

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D