သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, July 6, 2013

ဟုတ်သော်မှန်သော် အတိကျမပြောနိုင်သော ဖေ့စ်ဘုတ်မှပြည်တွင်းသတင်းအတိုများဖတ်ရန်၊




၆.၇.၂၀၁၃၊ စနေနေ့
ညဘက်တွေမှာ အုပ်စုလိုက် ဆိုင်ကယ်စတန့်လုပ်တာတွေ၊ ပြိုင်ကား ကားစတန့်လုပ်တာတွေကြောင့် ယာဉ်အန္တရာယ် ဖြစ်မှာစိုးရိမ်နေတယ်လို့ မန္တလေးမြို့ခံအချို့က ပြောပြပါတယ်။


အသစ်ဖောက်လုပ်လိုက်တဲ့ ၆၆ လမ်းမ(၃၂x၃၅ ကြား)လမ်းမပေါ်မှာ ညကိုးနာရီနဲ့ ဆယ်နာရီဝန်းကျင်လောက်တွေမှာ ဆိုင်ကယ်အုပ်စုလိုက် ရှေ့ဘီးထောင်တာတွေ၊ လက်လွှတ်မောင်းတာတွေနဲ့ အိပ်ဇောသံတွေဆူညံနေတာတွေကြောင့် အနီးဝန်းကျင်က အိမ်တွေက ယာဉ်တိုက်မှုဖြစ်မှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

“ဒီလမ်းဖောက်ထားတာ မကြာသေးဘူး။ လမ်းကဖြူးနေတာဆိုတော့ ဆိုင်ကယ်တွေ၊ ပြိုင်ကားတွေက ညဆိုရင်ရောက်လာပြီ ။ ဆိုင်ကယ်တွေက အုပ်စုလိုက်တွေ အများကြီးပဲ။ အစီး၂၀ ကျော်တယ်။ လမ်းတောင်ဖြတ်မကူးရဲဘူး။ ကြောက်လို့ အပြင်လည်းမထွက်ဘူး။ ဒါပေမယ့် အသံတွေကဆူညံနေတာပဲ။”လို့ အနီးဝန်းကျင်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

အသစ်ဖောက်လုပ်လိုက်တဲ့ ၃၂x၃၅ လမ်းကြား ၆၆ လမ်းနေရာဟာ လမ်းမဖောက်လုပ်ခင်က မန္တလေးပညာရေးကောလိပ်ကျောင်းဝင်းကြီး တည်ရှိနေပါတယ်။ လမ်းဖောက်လုပ်လိုက်တဲ့ အတွက်ပညာရေးကောလိပ်ဝင်းက အရှေ့ဘက်၊ အနောက်ဘက် နှစ်ခြမ်းကွဲသွားပြီး သင်တန်းသားတွေကလည်း လမ်းဖြတ်ကူးပြီးမှ စာသင်ခန်းကို သွားရတာပါ။

“ကျောင်းနားလေးမှာတော့ အချက်ပြမီးတပ်ထားတယ်။ ဆိုင်ကယ်တွေက ညပိုင်းဆို အရမ်းမောင်းတာ။ လမ်းမှာ မီးကလည်း မရှိသေးတော့ ညဘက်ဆို အ၇မ်းမှောင်တယ်။ ဆိုင်ကယ်စတန့်တွေက တော်တော်ဆိုးတယ်။
တစ်ခုခုဖြစ်မှာကို စိုးရိမ်တယ်။ ဒါလေးကို ထိန်းသိမ်းပေးနိုင်ရင်တော့
ကောင်းပါတယ်”လို့ ကောလိပ်ကျောင်းဝင်းနားမှာ နေထိုင်တဲ့ မြို့ခံအချို့ ကပြောပါတယ်။

“မိန်းနားလေးမှာလည်း ဒီလောက်လှုရှုပ်နေတာကို ဆိုင်ကယ် ဒို နှစ်စီး ရှေ့ဘီးထောင်နေတာ၊ သူတို့ကို ရှောင်ကွင်းသွားရတယ်။ ဘေးလူတွေ ထိခိုက်မိမှာ စိုးရိမ်ရတယ်”လို့ တက္ကသိုလ်ဝင်းထဲမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့အနေနဲ့လည်း ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ ထိခိုက်မှု လျော့နည်းစေရေးအတွက် ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းချိုးဖောက်သူတွေကို စစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီးစစ်ဆေးဆောင်ရွက်မှုတွေ ပြုလုပ်လျှက်ရှိပါတဲ့အပြင် ညပိုင်းတွေမှာပါ စစ်ဆေးအရေးယူမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။



မြန်မာနိုင်ငံက ပထမဦးဆုံး အကြိမ် အဖြစ် ပါဝင်ယှဉ်ပြိုင်ရန်အတွက် ဖိတ်ကြားခြင်း ခံရသော Miss Asia Pacific World 2013 ပြိုင်ပွဲကို (၂၀၁၃)ခ...ုနှစ်၊ မေလ(၁၇)ရက်နေ့တွင် ကျင်းပမည်ဟု စီစဉ်ထားခဲ့သော်လည်း အောက်တိုဘာလ(၃၀)ရက်နေ့ကိုရွှေ့ဆိုင်းကြောင်းကြေညာထားကြောင်း သိရသည်။
Miss Asia Pacific World 2013 တွင်မြန်မာနိုင်ငံက စတင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး Miss Asia Pacific World ပြိုင်ပွဲကို ၂၀၁၀က စတင် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယခုနှစ်ကျင်းပမည့် Miss Asia Pacific World 2013 ကို တောင်ကိုရီး ယား ဆိုးလ်မြို့၌ ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။
အဆိုပါပြိုင်ပွဲကို နိုင်ငံပေါင်း(၁၈)နိုင်ငံက ပါဝင်ယှဉ်ပြိုင် မည်ဟုသိရသည်။
ပါဝင်ယှဉ်ပြိုင်မည့် မထားထက်ထက်သည် မြန်မာ့ ကျွမ်းဘား လက်ရွေး စင်ဟောင်း တစ်ယောက်ဖြစ်ပြီး ၂၀၁၂ ခုနှစ်များတွင် ဗီယက်နမ်နှင့်ဖိလစ်ပိုင်နိုင်ငံများတွင်ပြုလုပ်ခဲ့သည့်ဆီးဂိမ်းစ်ပြိုင်ပွဲ များသို့ လက်ရွေးစင်တစ်ဦးအဖြစ်သွားရောက်ယှဉ်ပြိုင်ခဲ့သည်။
၂၀၁၂ခုနှစ် Miss Myanmar International 2012 တွင် third runner up နှင့် Miss ရခိုင် 2012 တွင် Miss ရရှိခဲ့ကြောင်းသိရသည်။
Miss Asia Pacific world သည် Talent ယှဉ်ပြိုင်သည့်ပြိုင်ပွဲ တစ်ခုဖြစ် ကြောင်း သတင်းရရှိသည်။
27th Sea Games, Myanmar 2013

 
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် လူဦးရေ ခြောက် သန်းကျော် နေထိုင်သော ရန်ကုန်မြို့တော်၏ ပတ်ဝန်းကျင် လေထု အရည်အသွေးကို မြို့နယ်အချို့၌ တိုင်းတာရာတွင် လေထုအတွင်း ဖုန်မှုန့် ပါဝင်မှု အတိုင်းအဆ ပမာဏ များပြားနေခြင်းကြောင့် အန္တရာယ်ရှိနိုင်ကြောင်း ကျန်းမာရေး ဦးစီးဌာန လုပ်ငန်းခွင် ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမြင့်သိန်းက The Voice သို့ ပြောကြားသည်။
သန်လျင်၊ သာကေတ၊ ရွှေပြည်သာ၊ လှိုင်သာယာနှင့် မှော်ဘီမြို့နယ်တို့တွင် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ် မေလအတွင်း သုတေသနပြု တိုင်းတာခဲ့ရာ၌ သာကေတမြို့နယ်တွင် particular matter PM 10 မှာ 120 µg/m3 ရှိပြီး လှိုင်သာယာနှင့် မှော်ဘီမြို့နယ်တို့တွင် particular matter PM10 မှာ 102 µg/m3 ရှိခြင်းကြောင့် ယင်းမြို့နယ်များသည် လေထုအတွင်း ဖုန်မှုန့် ပါဝင်မှု အတိုင်းအဆ များပြားနေသည်ကို တွေ့ရှိရကြောင်း ၎င်းက ဆိုသည်။
“လေထုအတွင်း အမှုန်အမွှား ပါဝင်မှု များနေလို့ အန္တရာယ် ရှိနိုင်ပါတယ်” ဟု ၎င်းက သတိပေး ပြောကြားသည်။
ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက သတ်မှတ်ထားသည့် စံနှုန်းမှာ လေထု အတွင်း ဖုန်မှုန့် ပါဝင်မှု အတိုင်းအဆ particular matter (PM10 ) သည် 50 µg/m3) အတွင်းသာ ရှိရမည် ဖြစ်သည်။
သုတေသနပြု စစ်ဆေးချက်များအရ ခြောက်သွေ့ ရာသီများတွင် လေထု ညစ်ညမ်းမှု ပိုမို များပြားသည်ကို တွေ့ရှိရခြင်းကြောင့် ရာသီဥတုပေါ် မူတည်၍လည်း လေထု ညစ်ညမ်းမှုနှုန်း မြင့် မားခြင်း ဖြစ်နိုင်ကြောင်း ဒေါက်တာမြင့်သိန်းက ရှင်းပြ ပြောဆိုသည်။
အဆိုပါ သုတေသနကို ၂၀၀၈ ခုနှစ်မှ စတင်၍ နှစ်စဉ် တိုင်းတာခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့တော် အပါအဝင် မန္တလေး၊ နေပြည်တော်တို့ကိုလည်း အလှည့်ကျ တိုင်းတာနေခြင်းဖြစ်ကြောင်း အဆိုပါဌာန ထံမှ သိရှိရသည်။The Voice Weekly

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်း မြို့နယ် လူးခင်းအုပ်စု ပျားစွဲကျေးရွာတွင် ပိုးသတ်ဆေးနှင့် ဟင်းချိုမှုန့် မှားခတ်မိရာမှ ငရုတ်ခင်းတွင် ပေါင်းရှင်း လုပ်ငန်း လုပ်ကိုင်ကြသော လူကိုးဦး အစာအဆိပ်သင့်မှု ဇူလိုင် ၂ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း မြေဖြူကုန်းကျေးရွာ တိုက်နယ်ဆေးရုံရှိ တာဝန်ခံဆရာဝန် ဒေါက်တာလင်းထင်ကျော်က ပြောကြားသည်။
ပျားစွဲကျေးရွာရှိ တောင်သူဦးကြည်ဝင်းသည် ၎င်း၏ သားသမီးသုံးဦးနှင့် လုပ်သားခြောက်ဦးကို နေ့ခင်းအလုပ်နားချိန် နေ့လယ် ၁၂ နာရီ မိနစ် ၃၀ ခန့်တွင် နေ့လယ်စာ ချက်ပြုတ်ကျွေးခဲ့ရာ ယာခင်း၌ ပိုးမွှားနှင့် ကျီးငှက်ဖျက်ဆီးမှုကို ကာကွယ်ပေးသော ဆေးမှုန့်နှင့် ဟင်းချိုမှုန့်ကို မှားယွင်း၍ ဟင်းချိုထဲတွင်ခတ်ကာ ကျွေးမွေးခဲ့မိရာမှ အစာအဆိပ် သင့်ခဲ့ကြောင်း ၎င်းကဆက်လက် ရှင်းပြသည်။
နေ့လယ်စာ စားသောက်ခဲ့သူများတွင် လူခြောက်ဦးသည် မွန်းလွဲ ၂နာရီမိနစ် ၃၀ ခန့် တွင် မူးဝေအော့အန်ပြီး ၎င်းတို့အနက် နှစ်ဦးမှာ သတိလစ် သွားခဲ့ခြင်းကြောင့် ယင်းလူနာခြောက်ဦး မြေဖြူကုန်း ဆေးရုံသို့ ည ၇ နာရီမိနစ် ၃၀ ခန့်တွင် တက်ရောက် ကုသခဲ့ရပြီး ဟင်းအနည်းငယ်သာ စားမိသည့် ကျန်သုံးဦးသည် ကျန်းမာရေးအခြေအနေ မစိုးရိမ်ရသည့် အတွက် ဇူလိုင် ၃ ရက်နေ့တွင်မှ ယင်းဆေးရုံ၌ပင် ပြင်ပလူနာအဖြစ် လာရောက်ကုသခဲ့ကြောင်း ၎င်းက ပြောကြားသည်။
“အဲဒီဆေးမှုန့်တွေက အပြင်မှာတော့ ဝယ်လို့မရဘူး၊ ဝမ်းတွင်းက ရက်ကန်းလုပ်ငန်းတွေမှာ ချွတ်ဆေးအနေနဲ့ သုံးကြတာ။ ဒါကို တောင်သူက တောင်းပြီး စိုက်ပျိုးရေးလုပ်ငန်းမှာ သုံးနေကြတာ။ အဲဒီဆေးထုပ်ကို မန္တလေးက ကူးစက်ရောဂါ နှိမ်နင်းရေးဌာနကို ဓာတ်ခွဲကြည့်ဖို့ ပို့ထားပါတယ်၊ ပြင်ပမှာတော့ ဒီကိစ္စကို ကောလာဟလတွေ အမျိုးမျိုး ပြောနေကြတယ်၊ တကယ်တော့ ဒါဟာ မသိနားမလည်လို့ မတော်တဆ ဖြစ်သွားရတဲ့ သာမန်အစာ အဆိပ်သင့်မှု တစ်ခုလို့ ပြောချင်ပါတယ်” ဟု ဒေါက်တာလင်းထင်ကျော်က The Voice ကို ပြောကြားသည်။
ဆေးရုံတက်ခဲ့ရသော အစာအဆိပ်သင့်သူ ခြောက်ဦး မှာ မောင်စိုးနိုင်ဦး၂၀ နှစ်၊ မတင်မာဝင်း ၁၈ နှစ်၊ ဒေါ်မာဦး ၃၇ နှစ်၊ မဇင်မာဦး ၁၈ နှစ်၊ မဘုတ်ကြီး ၁၆ နှစ်နှင့် ဒေါ်တင်ဦး ၃၇ နှစ် တို့ ဖြစ်ပြီး၊ ပြင်ပလူနာအဖြစ် တက်ရောက်ကြသူ သုံးဦးမှာ ဦးကျော်ဆန်း ၄၀ နှစ်၊ ဦးအေးကျော် ၄၂ နှစ်၊ မောင်ထက်နိုင်ဦး ၂၂ နှစ်တို့ ဖြစ်ကြောင်း မြေဖြူကုန်း တိုက်နယ်ဆေးရုံ၏ လူနာမှတ်တမ်းများအရ သိရသည်။
အဆိုပါ အစာအဆိပ်သင့် လူနာကိုးဦးလုံးသည် ကျန်းမာရေး အခြေအနေ စိတ်ချရပြီဖြစ်ပြီး ဆေးရုံတက်ရောက်သူများကို ဇူလိုင်လ ၅ ရက်နေ့ ၁၁ နာရီခန့်တွင် ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း အဆိုပါ ဆေးရုံထံမှသိရသည်။
The Voice
 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ကျေးရွာနေ အသက်(၂၉)နှစ်အရွယ် ဒေါ်လုတနှင့် ၎င်း၏သားများဖြစ်ကြသည့်
ကျော်လင်းထွန်း(၁)နှစ်(၈)လသား နှင့် အသက်(၉)လသား အရွယ် ကျော်လင်းအောင် တို့ သားအမိ(၃)ဦးသည် ဇူလိုင်လ(၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်ခန့်က ရေနစ်ကာ (၃)ဦးလုံး သေဆုံးမှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ အိမ်ထောင်ဦးစီးဖြစ်သူ ဦးချီးယိုသည် ရန်ကုန်ကျေးရွာနှင့် တစ်မိုင်ကျော်အကွာအဝေးရှိ ၎င်းပိုင်တောင်ယာတွင် လယ်ထွန်ရန် ညအိပ်သွားရောက်မည်ဖြစ်သဖြင့်
ခင်ပွန်း ညအိပ်ရာတွင် လိုအပ်သော ပစ္စည်းများကို ဇနီးဖြစ်သူ ဒေါ်လုတနှင့် သားများဖြစ်ကြသော ကျော်လင်းထွန်း၊ကျော်လင်းအောင်တို့မှ လမ်းလျှောက်သွားရောက် ပို့ဆောင်ခဲ့ကြသည်။
ခင်ပွန်းသည် သည် လက်တွန်း လယ်ထွန်စက်ဖြင့် လယ်ထွန်နေ စဉ် ဒေါ်လုတနှင့် သားများ လယ်ထဲရှိ တဲထဲ၌်ခေတ္တနားနေခဲ့သည်။
နားနေပြီးခေတ္တအကြာ သားကြီးကျော်လင်းထွန်းသည် လယ်တဲအနီး ရေကန်ဘေးတွင် ပြေးဆော့နေစဉ် ရေကန်အတွင်းပြုတ်ကျသွားသဖြင့် မိခင်ဒေါ်လုတမှ ကလေးအငယ် ကျော်လင်းအောင် အား ကျောပိုးလျှက်ဖြင့် ရေကန်သို့ဆင်းပြီး ဆယ်ယူရာတွင် ကလေး(၂)ဦး အပါအ၀င် မိခင်ဖြစ်သူပါ (၃)ဦးစလုံး ရေနစ်ပြီး နံနက်(၁၀)နာရီ တွင် သေဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ခင်ပွန်းဖြစ်သူ ဦးချီးယို မှ ဖြစ်စဉ်အား အသံကြားသလိုလိုရှိသော်လည်း လက်ထွန်နေသဖြင့် ဂရုမပြုသတိမထားမိခဲ့ကြောင်း လယ်ထွန်ပြီး လယ်တဲ သို့ပြန်လာရာ ဇနီးနှင့်ကလေး(၂)ဦးကို မတွေ့ရသဖြင့် လိုက်လံရှာဖွေရာမှ ကလေး(၂)ဦးမှာ ရေပေါ်တွင်ပေါ်နေပြီး မိခင်မှာ ရေကန်အတွင်းနစ်မြုပ်နေ သဖြင့် သက်ဆိုင်ရာသို့ သတင်းပို့ခဲ့ကြောင်းသိရသည်။
သေဆုံးသူ ဒေါ်လုတနှင့် ကလေး(၂)ဦး ရေနစ်ခဲ့သော ကန်မှာ အလျှားပေ(၁၀၀) အနံ(၇၅)ပေရှိသော ကန်ဖြစ်ပြီး သေဆုံးသူ(၃)ဦးစလုံးကို တာချီလိတ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးစစ်မှုများပြုလုပ်ခဲ့ကြောင်း ရဲစခန်းအနေဖြင့်လည်း သေမှုသေခင်းဖြင့်အမှုဖွင့်ထားရှိကြောင်း သိရှိရသည်။

 ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ညောင်ချောင်းလေးကျေးရွာမှာ တပ်ကသိမ်းထားတဲ့ ဥယျာဉ်ခြံတွေထဲမှာ တောင်သူ ၉ ဦးက ဝင်ရောက်စိုက်ပျိုးလို့ဆိုပြီး ဖျာပုံမြို့နယ် အခြေစိုက် ခ.လ.ရ (၉၈)က တရားလိုပြုလုပ်ကာ ပုဒ်မ ၄၄၇ ပိုင်နက်ကျူးကျော်မှုနဲ့ မနေ့ကအမှုဖွင့်လိုက်ပါတယ်။

အမှုဖွင့်လိုက်ပြီးတဲ့နောက် မြို့နယ်ရဲစခန်းက ကျေးရွာအုပ်ချုပ်ရေးမှူးကနေတဆင့် တောင်သူတွေကို မနေ့ကဆင့်ခေါ်ခဲ့ကြောင်း မြောင်းမြမြို့နယ် တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင် ကိုသန့်ဇော်ဦးက RFA ကို အခုလို ပြောပါတယ်။

"ရဲစခန်းကနေပြီးတော့ ကျေးရွာအုပ်ချုပ်ရေးမှူးကို လှမ်းပြီးတော့ အကြောင်းကြားတဲ့အပေါ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးက သူ့ရဲ့စာ၊ သူ့ရဲ့လက်ရေးနဲ့ လက်မှတ်ရေးထိုးပြီးတော့ တောင်သူတွေကို ရုံးချိန်းတက်ရောက်ရန်ဆိုပြီး ၁၂ နာရီလောက်မှာ အားချင်းလှမ်းခေါ်ပါတယ်၊ တရားရုံးရောက်တော့ ညနေ ၄ နာရီထိုးနေပြီ၊ တရားရုံးကနေပြီးတော့ လူမစုံသည့်အတွက် ၁၂ ရက်နေ့ကျရင် အာမခံဖို့ လူတွေပါခေါ်ခဲ့ပါဆိုပြီး ရုံးချိန်းပြန်ချိန်းတယ်"

မြောင်းမြမြို့ အခြေစိုက် ခ.လ.ရ (၉၃)၊ မအူပင်မြို့အခြေစိုက် ခ.လ.ရ (၂၇)၊ အိမ်မဲမြို့အခြေစိုက် ခ.လ.ရ (၆၃)၊ မော်လမြိုင်ကျွန်းမြို့အခြေစိုက် ခ.လ.ရ (၅၃၄)နဲ့ ဖျာပုံမြို့အခြေစိုက် ခ.လ.ရ (၉၈)တို့က တောင်သူ ၃ဝ ကျော် ပိုင်ဆိုင်တဲ့ ဥယျာဉ်ခြံမြေ ဧက ၅ဝဝ နီးပါးကို ၂ဝဝ၅ ခုနှစ်ကစလို့ ရာဘာစိုက်ပျိုးဖို့ဆိုပြီး လျော်ကြေးမပေးဘဲ သိမ်းယူခဲ့တာလို့ တောင်သူတွေက ပြောပါတယ်။

အဲဒီဒေသမှာရှိတဲ့ အခြေစိုက်တပ်တွေက သိမ်းယူပြီးနောက်ပိုင်းမှာလည်း တောင်သူတွေက ဥယျာဉ်ခြံမြေတွေမှာ ဝင်ရောက်စိုက်ပျိုးခဲ့ပေမယ့် အနှောင့်အယှက်မရှိခဲ့ဘဲ ဒီနှစ်ကျမှ အခုလိုတရားစွဲခံရတာလို့ တောင်သူတွေက ပြောပါတယ်။


No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D