သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, July 5, 2013

အီဂျစ်အာဏာပိုင်တွေက Muslim Brotherhood အရာရှိတွေကို လိုက်လံဖမ်းဆီး

အီဂျစ်နိုင်ငံ သမ္မတ မိုဟာမက်မော်ဆီ ရာထူးကနေ ဖြုတ်ချခံရပြီးနောက်ပိုင်း အီဂျစ်အာဏာပိုင်တွေက Muslim Brotherhood ပါတီရဲ့ အရာရှိတွေကို လိုက်လံဖမ်းဆီးမှုတွေ လုပ်နေဆဲ ဖြစ်ပါတယ်။

သတင်းတွေအရ သမ္မတဟောင်း မိုဟာမက်မောဆီ ထိန်းသိမ်းခံနေရတယ်လို့ ထွက်ပေါ်နေပြီး သူနဲ့အတူ Muslim Bortherhood ပါတီက ထိပ်သီးခေါင်းဆောင်တွေနဲ့ သမ္မတဟောင်းကို ထောက်ခံပြီး လှုပ်ရှားခဲ့သူ အယောက် ၃၀၀ လောက်ကို ဖမ်းဆီးခံရဖို့ ရှိနေတယ်လို့ သိရပါတယ်။

တချိန်တည်းမှာပဲ အိမ်စောင့်အစိုးရအဖြစ် တာဝန်ပေးအပ်ခံရတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး အဖွဲ့ဥက္ကဌကလည်း ယာယီသမ္မတအဖြစ် ကျမ်းသစ္စာကြိမ်ဆိုပြီး နိုင်ငံ့တာဝန်ကိုယူလိုက်ပြီဖြစ်ပါတယ်။

ယာယီသမ္မတအဖြစ် တာဝန်ယူထားတဲ့ Adly Mansour က သမ္မတကို ဆန့်ကျင်ဆန္ဒပြခဲ့သူတွေကို ချီးကျူး စကားပြောဆိုလိုက်ပြီး ဒီလိုနိုင်ငံရေးလုပ်ငန်းမှာ ပါဝင်ခဲ့တဲ့ အမျိုးသား၊ အမျိုးသမီး၊ လူကြီးလူငယ်တွေ
အားလုံးကို သူ့အနေနဲ့အလေးပြုကြောင်း ဒီလူတွေရဲ့ လုပ်ဆောင် လိုလားချက်တွေကြောင့် ဒီလို နေ့ထူးနေ့ မြတ် ဖြစ်ပေါ်လာတာလို့ ပြောလိုက်ပါတယ်။

အီဂျစ်နိုင်ငံမှာ သမ္မတမိုဟာမက် မော်ဆီ ရာထူးကနေ ဖြုတ်ချခံခဲ့ရပေမယ့် သူ့ကို ထောက်ခံသူ ထောင်နဲ့ ချီဟာ ကိုင်ရိုမြို့ နေရာအတော်များများမှာ စုဝေးနေဆဲဖြစ်ပြီး သူတို့ကို လုံခြုံရေးသမားတွေက အနီးကပ် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ အီဂျစ်နိုင်ငံရေးအတွင်း စစ်တပ်က ဝင်ရောက်စွက်ဖက်တာကို တချို့က အာဏာသိမ်းပိုက်မှုလို့ပြောနေပေမယ့် နိုင်ငံတကာကတော့ ဒီစကားကို ရှောင်ရှားပြီး ပြည်သူက
ရွေးကောက်တင်မြောက်ထားတဲ့ အစိုးရ ရှိအောင် အမြန်ဆုံးလုပ်ဆောင်ဖို့သာ တောင်းဆိုနေကြပါတယ်။

အမေရိကန်အစိုးရကတော့ စိုးရိမ်မကင်းဖြစ်နေပြီ အီဂျစ်နိုင်ငံအပေါ် ပေးတဲ့ ကူညီထောက်ပံ့မှုတွေကို ပြန်လည်ဆန်းစစ်မှုလုပ်နေပြီး ဂျာမနီနိုင်ငံနဲ့နေတိုးအဖွဲ့ကတော့ အီဂျစ်ပြည်သူတွေအနေနဲ့ အကြမ်းဖက် ဆီကို မဦးတည်အောင် အခြေအနေကို ထိန်းသိမ်းလုပ်ဆောင်ဖို့ ပြောလိုက်ပါတယ်။ ကုလသမဂ္ဂကတော့ ပြည်သူက ရွေးကောက်တင်မြောက်တဲ့ အစိုးရ အမြန်ဆုံး ရရှိအောင်လုပ်ဆောင်ဖို့ ပြောလိုက်ပြီး ဆော်ဒီ အာရေးဘီးယား၊ ကာတာနဲ့ UAE နိုင်ငံတွေကတော့ အီဂျစ်နိုင်ငံမှာ ဖြစ်နေတဲ့ ခေါင်းဆောင် အပြောင်း အလဲအပေါ် ကြိုဆိုလိုက်ပါတယ်။

ဗြိတိန်အစိုးရကတော့ဒီမိုကရေစီအသွင်ကူးပြောင်းမှုလုပ်ဖို့ ပြောလိုက်ပါတယ်။ ပြင်သစ်နိုင်ငံကလည်း အီဂျစ်နိုင်ငံမှာ ဒီမိုကရေစီ လုပ်ရပ်တွေ ရပ်တန့်သွားပြီဖြစ်တဲ့အတွက် လုပ်ငန်း ပြန်လည်စတင်ရမယ်လို့ ပြောလိုက်ပြီး တူနီးရှားအစိုးရကတော့ အီဂျစ်နိုင်ငံရေးမှာ စစ်တပ်ဝင်ရောက်စွက်ဖက်တာကို လုံးဝ ရှုံ့ချ လိုက်ပြီး အာဏာဖြုတ်ချခံရတဲ့ သမ္မတမိုဟာမက်မော်ဆီ လုံခြုံရေးအတွက် အာမခံပေးဖို့လည်း တောင်းဆို လိုက်ပါတယ်။

ABC Radio Australia

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D