သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, July 5, 2013

အရေပြားထိခိုက်နိုင်သောကြောင့် Kanebo ထုတ်ကုန်အချို့ ပြန်သိမ်းမည်

ဂျပန်အလှကုန် Kanebo က အာရှဈေးကွက် အတွင်းရှိ ၎င်းတို့၏ အလှကုန်အချို့သည် အရေပြား ထိခိုက်မှု ရှိသောကြောင့် ဟုဆိုကာ ပြန်လည်သိမ်းယူမည် ဖြစ်ကြောင်း ဇူလိုင်လ ၄ ရက်နေ့တွင် ကြေညာသည်။

ယင်းအလှကုန်များ ထုတ်လုပ်သည့် Kanebo Cosmetics Inc.၊ Lissage Ltd. နှင့် E’quipe, Ltd. ကုမ္ပဏီ တို့မှ ထုတ်လုပ်ထားသော အလှကုန်ပစ္စည်း အချို့တွင် အရေပြားကို ထိခိုက်စေသော ဓာတုပစ္စည်း တစ်မျိုး ဖြစ်သည့် Rhododenol 4-(4-hydroxyphenyl)-2-butanol ဝင်နေခြင်း ဖြစ်ကြောင်း ယင်းကြေညာချက် အရ သိရသည်။

မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့တွင်ဖြန့်ချိထားသော အလှကုန်များကို ပြန်လည် သိမ်းယူသွားမည်ဟု ကြေ
ညာခြင်း ဖြစ်သည်။

ပြန်လည်သိမ်းယူမည့် ကုန်ပစ္စည်းများတွင် Kanebo BLANCHIR SUPERIOR၊ Suisai၊ TWANY၊ IMPRESS၊ AQUALEAF၊ LISSAGE၊ E’quipe နှင့် SUQQU အမှတ်တံဆိပ် အသားဖြူကရင်မ်များ၊ ကိုယ်ခန္ဓာလိမ်း အလှဆီများ အပါအဝင် ထုတ်ကုန် ၅၄ မျိုးကို ပြန်လည် သိမ်းယူမည် ဖြစ်သည်။

အသုံးပြုသူ အချို့က အဆိုပါ အလှကုန်များ သုံးစွဲပြီးနောက် အရေပြားပေါ်တွင် အဖြူကွက်များ၊ အရောင်ပြောင်းမှုများ ဖြစ်ပေါ် လာကြောင်း အကြောင်း ကြားလာသောကြောင့် ပြန်လည် စုံစမ်းပြီး ယခုကဲ့သို့ ထုတ်ပြန်ခဲ့ကြောင်း ဂျပန်အခြေစိုက် ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ကြေညာခဲ့ သည်။

ဂျပန်ဈေးကွက် တစ်ခုတည်းတွင်ပင် ဆိုင်ခွဲပေါင်း ၁၅,၀၀၀ မှ ကုန်ပစ္စည်းလေးသိန်းခွဲခန့် ပြန်လည် သိမ်းယူ ရမည်ဟု အဆိုပါ အမျိုးသမီးက ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် Kanebo ထုတ်ကုန်များဖြန့်ချိနေသော Ever Seiko ကုမ္ပဏီ သို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်းမရှိပေ။

“Kanebo တော့သုံးတယ်။ အခုချိန်အထိတော့ ဘာမှမဖြစ်ဘူး။ဒီအတိုင်းဆိုရင်ပြောင်းသုံးရမယ်နဲ့ တူတယ်” ဟု လက်ရှိ Kanebo ကုမ္ပဏီထုတ် KATE အလှကုန် ပစ္စည်းများ သုံးစွဲနေသူ ဒေါ်လွင်လွင်အောင်က ဆိုသည်။

Rhododenol 4-(4-hydroxyphenyl)-2-butanol ဓာတုဗေဒ ပစ္စည်းသည် အသားဖြူစေရန် အလှကုန် များတွင် အသုံးပြုသော ပစ္စည်းဖြစ်ပြီး အရေပြား အရောင်ဖြစ်စေသော မယ်လနင်ဆဲလ်များကို အရောင် မပြောင်းလဲအောင် ကာကွယ်ပေးကာ နေပူထဲသို့ ထွက်ပါက အသားမည်းခြင်းကို ကာကွယ်ပေးကြောင်း အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ပြောကြားသည်။

ကြာရှည်သုံးစွဲပါက အရေပြားကို ထိခိုက်စေသော ယင်းဓာတုဗေဒပစ္စည်းကို Kanebo ကုမ္ပဏီက အသားဖြူ စေရန် အဓိကထား ထုတ်လုပ်သော အလှကုန်များတွင် ၂၀၀၈ ခုနှစ်မှ စတင်သုံးစွဲခဲ့သည်။

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D