သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, July 1, 2013

လူမျိုးရေးအဓိကရုဏ်း ဖြစ်ပွားရာ Xinjiang မှာ ၂၄ နာရီ ကင်းလှည့်မည်

တရုတ်နိုင်ငံ အနောက်ဘက်က လူမျိုးရေးအရ ကွဲပြားမှုတွေ ရှိနေတဲ့ Xinjiang ဒေသမှာ အဆိုးရွားဆုံး သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပွား ခဲ့ပြီးတဲ့နောက် ၂၄ နာရီပတ်လုံး လုံခြုံရေးကင်းလှည့်ဖို့ ထိပ်တန်း လုံခြုံရေး အရာရှိတဦးက အမိန့်ထုတ်ပြန်လိုက်ပါတယ်။ တရုတ်ရဲတပ်ဖွဲ့ အကြီးအကဲဖြစ်သူ Meng Jianzhu စနေနေ့က Xinjiang ပြည်နယ်ရဲ့
မြို့တော် Urumqi ကို သွားရောက် ကြည့်ရှုပြီး ရာသီမရွေး ဒေသခံတွေကို
စောင့်ရှောက်ဖို့ ညွှန်ကြားခဲ့တာလို့လည်း အစိုးရပိုင် သတင်းက ဖော်ပြခဲ့တာပါ။

Urumqi မြို့မှာ လူပေါင်း ၂၀၀ လောက် သေဆုံးခဲ့ရတဲ့ ၂၀၀၉ ခုနှစ်ကစလို့ အဆိုးရွားဆုံး ဖြစ်ခဲ့တဲ့
Shanshan ခရိုင်က လူ ၃၅ ယောက် သေဆုံးခဲ့ရတဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားအပြီး ၃ ရက်အကြာမှာပဲ အခုလို အမိန့် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ Xinjiang ဒေသဟာ ဆိုရင် လူများစုဖြစ်တဲ့ ဟန်တရုတ် အနွယ်တွေနဲ့ မူဆလင်အများစုဖြစ်ကြတဲ့ ၀ီဂါတွေကြား နှစ်ပေါင်း များစွာ တင်းမာမှုတွေရှိနေတဲ့ နယ်မြေတခုပါ။

ဝါရှင်တန်အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ဝီဂါ-အမေရိကန်အသင်းကတော့ ၂၀၀၉ ခုနှစ်တုန်းက ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ၄ နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်တဲ့ ဇူလိုင်လ ၅ ရက်နေ့အထိ လုံခြုံရေးကို တင်းကျပ် ထားလိမ့်မယ်လို့ မျှော်လင့်ရကြောင်း ပြောပါတယ်။

Xinjiang ပြည်နယ် အစိုးရတော့ ဇွန်လ ၂၆ ရက်နေ့က အဓိကရုဏ်းနဲ့ ပတ်သက်တဲ့ နောက်ထပ်အသေးစိတ် အချက်အလက်တွေကို တနင်္ဂနွေနေ့က ၀က်ဘ်ဆိုက်ပေါ်မှာ ဖော်ပြရာမှာတော့ အကြမ်းဖက်ဖို့လှုံ့ဆော်မှုတွေ
ကို ပုံမှန်လိုလို နားထောင်ကြတဲ့ အစ္စလာမ်အုပ်စုတခုကို အပြစ်တင်ခဲ့ပါတယ်။

VOA

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D