သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, July 6, 2013

လှေစီးပြေးဒုက္ခသည် အရေး ဒေသတွင်းနိုင်ငံတွေ ဆွေးနွေးမည်

မြန်မာနိုင်ငံက ရောက်လာကြသူတွေ အပါအဝင် လှေစီးပြေး ဒုက္ခသည်တွေအရေး ဆွေးနွေးဖို့အတွက် အင်ဒိုနီးရှားနဲ့ သြစတြေးလျနိုင်ငံတို့အကြား သဘောတူညီမှု ရခဲ့ကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံကို ရေကြောင်းကနေ ရောက်လာကြပြီး ခိုလှုံခွင့်ရဖို့ ကြိုးပမ်းနေသူတွေ တနေ့တခြား တိုးပွားလာနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာနိုင်ငံတွေပါ ပါဝင်မယ့် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ဖို့ သဘောတူညီမှု ရခဲ့တဲ့အကြောင်း သြစတြေးလျဝန်ကြီးချုပ် ကေဗင်ရပ်ဗ်နဲ့ တွေ့ဆုံအပြီး သောကြာနေ့
က ဆူဆီလို ဘန်ဘန်း ယူရိုယူနိုက ပြောကြားလိုက်တာပါ။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၊ UNHCR ရဲ့ စာရင်းတွေအရဆိုရင်တော့ မြန်မာ၊ သီရိလင်္ကာ၊ အာဖဂန်အပါအဝင် နိုင်ငံအများအပြားက ရောက်လာပြီး ခိုလှုံခွင့် လျှောက်ထားသူ အရေ
အတွက်ဟာ ဇန်နဝါရီလကုန်အထိဆိုရင် ၈,၅၀၀ ကျော် ရှိပါတယ်။

အင်ဒိုနီးရှားသမ္မတကတော့ တနေ့တခြား ကြီးထွားလာနေတဲ့ ဒီပြဿနာကို အင်ဒိုနီးရှား တနိုင်ငံထဲကနေ ဒိုင်ခံပြီး ဖြေရှင်းရမယ်ဆိုတာဟာ မတရားဘူးလို့ ပြောခဲ့တာပါ။ သြစတြေးလျား ဝန်ကြီးချုပ်ကတော့ လှေ
စီးပြေးပြဿနာရဲ့ တစိတ်တပိုင်းအဖြစ်နဲ့ လူမှောင်သူတွေရဲ့ အန္တရာယ်ဟာ ဒေသတွင်းမှာ ကြီးထွားလာ
နေကြောင်း ပြောဆိုခဲ့ပါတယ်။

လှေစီးပြေးသူတွေ ဝင်ရောက်လာလေ့ရှိတဲ့ ထိုင်း၊ မလေးရှားနိုင်ငံတွေပါ ပါဝင်ဖို့အတွက် အဆိုပြုထားတဲ့ ဒီဆွေးနွေးမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီးတော့ နေ့ရက်အတိအကျ သတ်မှတ်ထားတာတော့ မရှိသေးပါ
ဘူး။ ကြာသာပတေးနေ့က အင်ဒိုနီးရှားနိုင်ငံကို ရောက်လာတဲ့ သြစတြေးလျဝန်ကြီးချုပ်ရဲ့ ခရီးစဉ်အ
တွင်းမှာတော့ ဒုက္ခသည်အရေးအပြင် ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း အင်ဒိုနီးရှား အာဏာ
ပိုင်တွေနဲ့ ဆွေးနွေးခဲ့ကြပါတယ်။

ဗွီအိုအေ (မြန်မာဌာန)


No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D