သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, July 3, 2013

ရှမ်းပြည်နယ် တောင်ပိုင်းတွင် တပ်မတော်နှင့် UWSA တို့ တင်းမာမှု ဖြစ်ပေါ်နေ

wa2-july4
၂၀၁၃ ခုနှစ်၊ မတ် ၂၇ ရက်က (၆၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား ကို နေပြည်တော်တွင် ကျင်းပခဲ့စဉ် (Photo:AFP)
ယခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ တာချီလိတ်ခရိုင်၌ တပ်မတော်နှင့် ၀ပြည်သွေးစည်း

ညီညွတ်ရေး တပ်မတော် (UWSA) တို့အကြား တင်းမာမှု ဖြစ်နေသော်လည်း တိုက်ပွဲဖြစ်ပွားနိုင်ခြေ နည်းပါးကြောင်း စစ်ရေးအကဲခတ်များက The Daily Eleven သို့ ဇူလိုင် ၃ ရက်တွင် ပြောကြားပါသည်။    
ပြီးခဲ့သည့် မေလအတွင်းက မိုင်းယွန်းမြို့နယ်ခွဲရှိ UWSA ပိုင် ရော်ဘာခြံ တစ်ခြံကို လာရောက် သိမ်းပိုက်သည့် အချိန်မှစ၍ နှစ်ဖက်တပ်များအကြား စစ်ရေးတင်းမာခဲ့ကြောင်းနှင့် ယခုလပိုင်းအတွင်း ရှမ်းပြည်နယ် တောင်ပိုင်းတွင်ရှိသော UWSA တပ်စခန်းများကို စာရင်းပြုစု တင်ပြရန်နှင့် တပ်စခန်းအချို့ ဆုတ်ခွာပေးရန် တပ်မတော်ဘက်မှ တောင်းဆိုမှုများ ရှိခဲ့သည့်အတွက် တင်းမာ မှုများ ဖြစ်ပေါ် ခဲ့ခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် မိုင်းတုံမြို့နယ်၌ရှိသော UWSA ၏ လွယ်ကောင်းမူ စခန်းကို တပ်မတော်မှ ဆုတ်ခွာ ခိုင်းထားပြီး UWSA ဘက်မှ ဆုတ်ခွာရန် ငြင်းဆန်ထားသဖြင့် ဇွန်လကုန်ပိုင်းမှ စတင်ကာ ထိုစခန်းကို တပ်မတော်မှ ၀ိုင်းထားဆဲဖြစ်ကြောင်း UWSA ၏ ပြင်ပဆက်ဆံရေးဌာန ဒုတိယတာဝန်ခံ ဦးဆမ်ခွန်းက ဇူလိုင် ၂ ရက်တွင် ရွှေဟင်္သာ သတင်းဌာနသို့ ပြောကြားခဲ့သည်။
"ပြီးခဲ့တဲ့ ဇွန်လအကုန်ပိုင်းကနေ ကနေ့အထိ တစ်ပတ်လောက်ရှိပြီး၊ ၀ိုင်းခံထားရ ဆဲပါ။ မဆုတ်တဲ့ စခန်းတွေ အားလုံးကိုဝိုင်းတယ်။ တိုက်တော့ မတိုက်ဘူး။ ကျွန်တော်တို့ ခေါင်းဆောင်တွေကလည်း ဒီကိစ္စကို ဖြေရှင်းပေးဖို့ ကျိုင်းတုံမြို့ကို ရောက်နေတယ်။ အစိုးရဘက်ကတော့ ဖြေရှင်းပေးမယ်လို့ အကြောင်းပြန်ထားပေမယ့် ယခုအထိ ဘာမှမဖြေရှင်း ပေးသေးပါဘူး" ဟု ဦးဆမ်ခွန်း၏ ပြောကြား ချက်ကို ရွှေဟင်္သာသတင်းတွင် ဖော်ပြထားသည်။
တပ်မတော်နှင့် UWSA တို့အကြား ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေသော အခြေအနေများနှင့် ပတ်သက် ၍ နှစ်ဖက်စလုံးသို့ The Daily Eleven မှ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။
သို့သော် တရုတ်-မြန်မာ နယ်စပ်နှင့် ထိုင်း-မြန်မာ နယ်စပ်တွင်ရှိနေသော စစ်ရေးအကဲခတ်များနှင့် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုအချို့မှ တာဝန်ရှိသူများက တပ်မတော်နှင့် UWSA အကြား တင်းမာမှုများ ရှိနေသည့်တိုင် တိုက်ပွဲဖြစ်နိုင်ခြေ မရှိကြောင်း သုံးသပ်ပြောဆို ကြပါသည်။
"သူတို့ကြားမှာ ပြဿနာ ရှိနေတာကတော့ တော်တော်ကြာပါပြီ။ အစိုးရဘက်ကလည်း မထိခလုတ်၊ ထိခလုတ် လုပ်တာတွေ ရှိထားပါတယ်။ အခုချိန်က မိုးတွင်းဖြစ်နေတဲ့အတွက် တိုက်ပွဲဖြစ်ဖို့ သိပ်မလွယ် ပါဘူး။ နောက်ပြီး နိုင်ငံတကာက စောင့်ကြည့်နေပါတယ်။ ဒါပေမဲ့ မူးယစ်ဆေးကိစ္စကို အကြောင်းပြုပြီး ဖိအားပေးတာတွေ ရှိလာနိုင်ပါတယ်" ဟု တရုတ်-မြန်မာ နယ်စပ်တွင် နေထိုင်နေပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ရင်းနှီးမှုရှိသူ ဦးအောင်ကျော်ဇောက ပြောကြားသည်။
တပ်မတော်နှင့် UWSA အကြား တင်းမာမှု ဖြစ်ပေါ်ရသည့် နောက်ခံအကြောင်းရင်း တစ်ရပ်မှာ UWSA ၏ "၀" တောင်ပိုင်းဒေသကို အစိုးရမှ ပြန်လည်ထိန်းချုပ်လိုသည့် ပြင်ဆင်မှုများကြောင့်ဟု စစ်ရေး အကဲခတ် များက ပြောကြားသည်။
UWSA အနေဖြင့် မြောက်ပိုင်းဌာနချုပ် ပန်ဆိုင်းတွင် အခြေစိုက် လှုပ်ရှားခဲ့ရာမှ ၁၉၉၄-၉၅ ခုနှစ်များအထိ ရှမ်းပြည်နယ်တောင်ပိုင်းတွင် လှုပ်ရှားခဲ့သော ခွန်ဆာတပ်များကို တိုက်ခိုက်ရာတွင် ပါဝင်ခဲ့ပါသည်။ ၁၉၉၆ ခုနှစ် ခွန်ဆာလက်နက်ချပြီးချိန်တွင် တာချီလိတ်၏ အနောက်တောင်ဘက်မှ ကယားပြည်နယ် အစပ်ထိ ဒေသများသို့ မြောက်ပိုင်းဌာနချုပ် ပန်ဆိုင်းမှ "၀" များအား ပြောင်းရွှေ့နေထိုင် စေခဲ့ရာမှ "၀" တောင်ပိုင်းဒေသ ပေါ်လာခဲ့ခြင်း ဖြစ်သည်။
"ခွန်ဆာ လက်နက်ချပြီးတော့ ပန်ဆိုင်းမှာ ရှိနေတဲ့ "၀" တွေကို တောင်ပိုင်းကို ရွှေ့ခိုင်းတယ်။ ၈၀၀၀၀ လောက် ရွှေ့ခိုင်းပေမယ့် ၉၀၀၀၀ နီးပါးလောက် တောင်ပိုင်းကို ရောက်သွားတယ်။ အဲဒီမှာ တရုတ်ဘက်က လူတချို့လည်း ပါလာတာပေါ့ဗျာ။ ဒေသက ရာသီဥတု၊ နယ်မြေအခြေအနေ ဆိုးရွားတာကြောင့်ရယ်၊ နောက်ပြီး တိုက်ပွဲကာလမှာ ကျဆုံးခဲ့ရတာတွေကြောင့် "၀" ဘက်က လေးငါးထောင်လောက် အသက်ဆုံးရှုံးပြီးမှ တောင်ပိုင်းကို ရခဲ့တယ်။ အဲဒီတော့ "၀" တွေဘက်က တောင်ပိုင်းကို လွယ်လွယ်နဲ့ ပြန်မပေးချင်ဘူးပေါ့ဗျာ" ဟု ဦးအောင်ကျော်ဇော က ပြောကြားသည်။

wa1-july4

ရှမ်းပြည်နယ် အတွင်းရှိ "၀" တောင်ပိုင်းဒေသ (အ၀ါရောင်ခြယ်ထားသည့်) ဖော်ပြသည့် မြေပုံ
"၀" မြောက်ပိုင်း ပန်ဆန်းနှင့် "၀" တောင်ပိုင်းတို့ နှိုင်းယှဉ်ပါက "၀" တောင်ပိုင်းတွင် UWSA ၏ တပ်မဟာ ငါးခုရှိနေပြီး စစ်သည်အင်အား ၁၉၀၀၀ ကျော် ရှိနေကြောင်း သိရှိရပါသည်။
သို့ရာတွင် ၂၀၁၁ ခုနှစ် ၀န်းကျင်က တပ်မတော်မှ တိုးချဲ့ဖွဲ့စည်းခဲ့သော ခိုလမ်စစ်ဌာနချုပ် (သို့မဟုတ်) အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ "၀" မြောက်ပိုင်းနှင့် "၀" တောင်ပိုင်းတို့ အကြားတွင် ရှိနေ သဖြင့် ဒေသနှစ်ခု ချိတ်ဆက်မှုကို အဆက်အသွယ် ဖြတ်နိုင်သည့် အခြေအနေရှိကြောင်း စစ်ရေး အကဲခတ်များက သုံးသပ်သည်။ ထို့အပြင် မိုင်းဖြတ်မြို့တွင် စကခ ၁၈၊ မိုင်းဆတ်မြို့တွင် စကခ ၁၄၊ မိုင်းပန်တွင် စကခ ၁၇၊ ကျိုင်းတုံတွင် တြိဂံဒေသ တိုင်းစစ်ဌာနချုပ်၊ လားရှိုးတွင် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် တောင်ကြီးတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တို့ ရှိနေသဖြင့် တပ်မတော်နှင့် UWSA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည် ဆိုပါက နှစ်ဖက်စစ်အင်အားများအရ တိုက်ပွဲပြင်းထန်နိုင်ခြေ ရှိသည့်အတွက် လက်ရှိအခြေအနေများကြောင့် တိုက်ပွဲဖြစ်နိုင်ခြေ နည်းပါးရခြင်းဖြစ်ကြောင်း အမည် မဖော်လိုသူ စစ်ရေးအကဲခတ်များက ပြောကြားခဲ့သည်။
"ဒါတွေအားလုံးက တပ်မတော်ရဲ့ အစီအမံတွေပါပဲ။ တစ်နှစ်ပတ်လုံး စစ်ဆင်ရေးကို ဘယ်အချိန်မှာ ဘာလုပ်ရမလဲ။ ရေရှည်လုပ်မလား။ ရေတိုလုပ်မလားဆိုတဲ့ စီမံချက်တွေ သူတို့မှာ ရှိထားပြီးသားပါ။ အခုလည်း RCSS/SSA နဲ့ အပေးအယူတည့်နေတဲ့ အချိန်မှာ "၀" နဲ့ တင်းမာသယောင် ဖြစ်လာတာပါ။ RCSS ကို တိုက်တုန်းကလည်း "၀" ရဲ့ အကူအညီနဲ့ တိုက်ခဲ့သလို အခု RCSS နဲ့ ပြေလည်နေချိန်မှာ "၀" ကို တိုက်မယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာပါ။ တစ်ဖက်မှာ တောင်ပိုင်း "၀" နဲ့အဆင်မပြေ ဖြစ်နေတဲ့ အချိန်မှာ ရှမ်းပြည်တောင်ပိုင်း တပ်မတော်ရဲ့ အခြေအနေကိုလည်း စောင့်ကြည့်နေရမှာပါ။ ကစားပွဲ တစ်ခုလိုပါပဲ။ ဒါပေမဲ့ "၀" ဆိုတာက အစိုးရရဲ့ စီမံကိန်းကြီးတွေထဲက တစ်ဖွဲ့ဖြစ်တာကြောင့် ကြီးကြီး မားမား ဖြစ်လာလိမ့်မယ်လို့ မထင်ပါဘူး" ဟု ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်မြို့ တွင် နေထိုင်နေသော ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့၏နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက The Daily Eleven သို့ ပြောကြားခဲ့သည်။
ကျိုင်းတုံနှင့် တာချီလိတ်မြို့တို့ရှိ UWSA ဆက်ဆံရေး ရုံးများကို ပိတ်လိုက်ကြောင်း ဇူလိုင် ၃ ရက် ညပိုင်းတွင် သတင်းများ ထွက်ပေါ်ခဲ့သည်။

From...EMG

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D