သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, July 3, 2013

အစိုးရ ရာဇသံကို အာခံသော UWSA တပ်ဖွဲ့ တပ်လှန့်ပြီး

3.7.2013
ဆုတ်ခွာပေးရန် ငြင်းဆိုခဲ့သော ရှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့နယ်ရှိ ဝသွေး စည်းညီညွတ်ရေး တပ်မတော် (UWSA) တပ် စခန်း တစ်ခုကို အစိုးရ တပ်ဖွဲ့တို့က ယနေ့အထိ ဝိုင်းထားဆဲ ရှိကြောင်းUWSA ၏ ပြင်ပ ဆက်ဆံရေး ဌာန တာဝန်ခံ ဦးဆမ်းခွန်းက ဆိုပါသည်။

“ ရှမ်းပြည်တောင်ပိုင်း တာချီလိတ် ခရိုင်က မိုင်းတုံ မြို့နယ်မှာ ရှိတဲ့ ကျွန်တော်တို့ လွယ်ကောင်မူး စခန်းကို ပေါ့ သူတို့က ဆုတ်ခိုင်းတယ်။ ကျနော်တို့ကမဆုတ်ဘူး။ အဲဒီတော့ ပြီးခဲ့တဲ့ ဇွန်လ အကုန်ပိုင်း ကနေ ကနေ့အထိ တစ်ပတ်လောက် ရှိပြီး၊ ဝိုင်းခံထား ရဆဲပါ။ မဆုတ်တဲ့ စခန်းတွေ အားလုံးကို ၀ိုင်းတယ်။ တိုက်တော့ မတိုက်ဘူး။ ကျနော်တို့ခေါင်းဆောင် တွေကလည်း ဒီကိစ္စကိုဖြေရှင်းပေးဖို့ ကျိုင်းတုံမြို့ကိုရောက်နေတယ်။ အစိုးရ ဘက်ကတော့ ဖြေရှင်းပေးမယ်လို့အကြောင်းပြန် ထားပေမဲ့ ယခုအထိ ဘာမှ မဖြေရှင်း ပေးသေးပါဘူး” ဟု ဆိုပါသည်။

အစိုးရ တပ်များသည် ရှမ်းပြည် တောင်ပိုင်းရှိ UWSA တပ်ဖွဲ့ စခန်းများကို စာရင်း ပြုစုပေးရန် တောင်းဆိုနေပြီး၊ တချို့  စခန်းများ ဆုတ်ခွာရန် တောင်းဆိုခဲ့ကြောင်း ဆိုပါသည်။ UWSA တပ်များကလည်း အစိုးရ တပ်များ၏ တောင်းဆိုမှုကို ငြင်းဆန် ရာမှ အစိုးရတပ်များသည်ပြီးခဲ့သည့် ဇွန်လ၂၇ ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်း သံလွင်မြစ်ကူး တံတား တာ့ဆန်းမှ တဆင့် လက်နက်ကြီး အပါအဝင် စစ်ကား အစီး၂၀ ဖြင့် ရောက်ရှိလာပြီး အဆိုပါ စခန်းအားဝိုင်းထားခြင်း ဖြစ်သည်ဟု ဆိုပါသည်။ အဆိုပါ စခန်းသည် မိုင်းတုံမြို့နယ် တောင်ဘက် ၁၀ မိုင်ကျော် မဲကင် အရှေ့ဘက် မောက်စလီ အနီး၌ ရှိသော စခန်းဖြစ်ပါသည်။

ဤကဲ့သို့ စခန်း ၀ိုင်းခဲ့သည် အထိ တင်းမာလာခြင်းသည် ပြီးခဲ့သည့် မေလ အတွင်းက မိုင်းယွန်မြို့နယ်ခွဲ ရှိ UWSA တပ်ဖွဲ့ပိုင် ရော်ဘာခြံ တစ်ခြံကို အစိုးရ တပ်ဖွဲ့မှ လာရောက် သိမ်းလိုက်သည့် အချိန်မှ စပြီး နှစ်ဖက်ကြားစစ်ရေး တင်းမာ လာခဲ့ရာက စခန်းအား ဆုတ်ခွာပေးရန် တောင်းဆိုခဲ့ပြီး နောက်ဆုံး၌ ၀ိုင်းလာသည် အထိ ဖြစ်ခဲ့သည်ဟု တရုတ် ပြည် နယ်စပ်မှ စစ်ရေး အကဲခတ် ဦးအောင်ကျော်ဇော်က ဆိုပါသည်။
ထို့အပြင် အစိုးရတပ်များသည် UWSA တပ်ဖွဲ့များ၏ တပ်စခန်း အနီးတ၀ိုက်တွင် စခန်းဆောက်လုပ်ပြီး တပ်စွဲလာခြင်းများ ရှိလာနေသဖြင့် နှစ်ဘက် စစ်ရေး တင်မာမှုများ ရှိလာခဲ့ခြင်း ဖြစ်ကြောင်း ဦးဆမ်းခွန်က ဆိုပါသည်။

မိုင်းဆတ်၊ မိုင်းတုံမြို့နယ် အတွင်းမှ ထိုင်းမြန်မာ နယ်စပ် တစ်လျှောက်ရှိ UWSA တောင်ပိုင်းတပ်များသည်အမှတ် ၁၇၁ စစ်ဒေသ အခြေစိုက် တပ်ဖွဲ့များဖြစ်ပြီး ယင်းစစ်ဒေသ၌ တပ်မဟာ (၅) ခု ရှိရာ စုစုပေါင်း အင်အား ၁၅၀၀၀ ခန့် ရှိကြောင်း ခန့်မှန်း ထားပါသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ဒုတိယ ဥက္ကဌ ဦးသိန်းဇော်နှင့် အဖွဲ့သည်လည်း ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့၌ ရှမ်းပြည် အရှေ့ပိုင်း UWSA ဌာနချုပ်သို့ ရောက်ရှိလာခဲ့သည်။ ၄င်းတို့သည် UWSA မှ ဒုံးလက်နက် တင်ဆောင်ပြီး ပစ်ခတ်နိုင်သည့် ရဟတ်ယာဉ်များ ဝယ်ယူခြင်းကိစ္စကို မေးမြန်းခဲ့ကြောင်း UWSA က ဆို ပါသည်။

ဤကဲ့သို့ တင်းမာလာသော အခြေအနေများကြောင့် UWSA သည် ၂၀၁၃ ခု ဇွန်လ တတိယ အပတ်မှ စတင်ပြီး လက်အောက်ခံ တပ်ဖွဲ့များနှင့် ၄င်းတို့၏ မိသားစုဝင်များအား အရေးကြီး ကာလအဖြစ် သတ်မှတ်ကာ စစ်ရေးသတိ အသင့် ပြင်ဆင်ထားကြရန် မိန့်ထုတ်ထားကြောင်းမိုင်းတလန်ဒေသခံများက ဆိုပါသည်။

phophtawnews

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D