သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, July 5, 2013

အမျိုးသား နဲ့ အမျိုးသမီး ဘာတွေ ယှဉ်မလဲ ?

# စွမ်းဆောင်ရည်တိုင်းတာချက်

အမျိုးသမီးများဟာ တစ်ပြိုင်နက် အလုပ်များစွာ လုပ်နိုင်စွမ်းရှိပါတယ်။အမျိုးသမီးများရဲ့  ဦးနှောက်ဟာ အချိန်ခဏလေး အတွင်းမှာ လုပ်ငန်းဆောင်တာများစွာကို လုပ်ဆောင်နိုင်တဲ့ ပုံစံအဖြစ် ဖန်တီးထားပါတယ်။
တီဗီကြည့်ရင်း ဖုန်းပြောနိုင်သလို ထို့ အတူ ချက်ပြုတ်ရေးပါ တပါးတည်း လုပ်ဆောင်နိုင်ပါတယ်။

အမျိုးသားများဟာ တစ်ကြိမ်မှာ အလုပ်တစ်ခုထဲကိုပဲ လုပ်ဆောင်နိုင်ပါတယ်။အမျိုးသားများရဲ့  ဦးနှောက်ဖွဲ့ စည်းပုံအရ တစ်ချိန်မှာ အလုပ်တစ်ခုကိုပဲ အာရုံစိုက်လုပ်ဆောင်ဖို့  ဖန်တီးထား ဖြစ်ပါတယ်။ ဖုန်းပြောနေရင် တီဗီမကြည့်မနိုင်သလို ၊ တီဗီပိတ်ပြီးမှ ပြောလိုတာကို ပြောနိုင်တာပါ။ အလုပ်တစ်ခုကို တစ်ချိန်မှာ တစ်ခါပဲ လုပ်ဆောင်နိုင်ပြီး မတူညီနဲ့  အလုပ်အများကြီးလုပ်ဖို့ မစွမ်းသာပါဘူး။

# ဘာသာစကား

အမျိုးသမီးများဟာ ဘာသာစကားအများစုကို အလွယ်တကူ သင်ယူလေ့လာနိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ ပြဿနာ များကို အဖြေရှာနိုင်စွမ်းမရှိပါဘူး။။

အမျိုးသားများဟာ ဘာသာစကားများကို အလွယ်တကူ မသင်ယူနိုင်ပါဘူး။ ဒါပေမဲ့ ပြဿနာများကို အလွယ်တကူ ဖြေရှင်းနိုင်စွမ်း ရှိပါတယ်။ဒါကြောင့် ပုံမှန် သုံးနှစ်အရွယ် မိန်းကလေး တစ်ယောက်ဟာ သုံးနှစ်သား ယောက်ျားလေးထက် စကားလုံး ကြွယ်ဝမှု သုံးဆသာပါတယ်။

# ပိုင်းခြား စိပ်ဖြာ နိုင်မှု

အမျိုးသားများ ရဲ့  ဦးနှောက်မှာ ဝေဖန်ပိုင်းခြားမှုလုပ်ဆောင်ရန်အတွက်နေရာများစွာ ရှိပါတယ်။ လုပ်ဆောင် မှု တိုင်းအတွက် ဝေဖန်ပိုင်းခြားမှုနဲ့  ပုစ္ဆာများကို အဖြေရှာနိုင်သလို ၊ လွယ်ကူတဲ့ အခြေအနေတစ်ခုကို
ဖန်တီးဖို့  ဒီဇိုင်းမြေပုံတစ်ခုပြုလုပ်နိုင်စွမ်းရှိပါတယ်။ဒါပေမဲ့ ဒီလို အစိတ်အပိုင်းများစွာပါဝင်တဲ့ မြေပုံတစ်ခုကို အမျိုးသမီးတစ်ဦးဘက်က ကြည့်မယ်ဆိုရင် သူတို့ ဘာအတွက် လုပ်ထားတယ်ဆိုတာကို နားမလည်ပါဘူး။ ပြောရရင် အမျိုးသမီးများဟာမြေပုံတစ်ခုကို အလွယ်တကူ နားလည်နိုင်စွမ်း မရှိပါဘူး။ သူတို့ အမြင်မှာ မြေပုံ ဟာမျဉ်းကြောင်းတွေနဲ့  စာရွက်တစ်ခုသာသာ ဖြစ်သွားကြပါတယ်။

# ကားမောင်းတဲ့ အခါ

ကားမောင်းနေစဉ် အမျိုးသားများဟာ ဦးနှောက်ထဲမှာ တိုင်းတာ ချိန်ဆနိုင်စွမ်းရှိပြီး ကားကို အမြန်ဆုံး မောင်းနှင်နိုင်ပါတယ်။ကားလမ်းပေါ်ရောက်တဲ့ အခါ အကွာအဝေး တစ်ခုမှ လာတဲ့ အရာဝတ္တု တစ်ခုကို မြင်တဲ့အခါ ဦးနှောက်က ချက်ချင်း ဝေဖန်ခွဲခြားပြီးဘတ်စ်ကားလား ဗန်ကားလားကုန်တင်ကားလားဆိုပြီး
သူ့ ရဲ့ လမ်းကြောင်းနဲ့  အကွာအဝေးကို ကြိုတင် တွက်ချက်နိုင်ပါတယ်။

အမျိုးသမီးများကတော့ ထိုအရာဝတ္တုကို ချက်ချင်း ဝေဖန်သိမြင်နိုင်စွမ်း မရှိဘဲ အချိန်ယူရတက်ပါတယ်။ အမျိုးသားများရဲ့ တစ်ခုတည်းသော လုပ်နိုင်နိုင်မှုအရ ကားမောင်းတဲ့အခါ သီချင်းနားထောင်မှုကို ပိတ် ထားပြီး မိမိသွားလိုတဲ့ ခရီးကိုသာ အာရုံစိုက်တက်ကြပါတယ်။

# လိမ်လည်ခြင်း

အမျိုးသားများ လိမ်လည်တဲ့အခါ အမျိုးသမီးနဲ့ မျက်နှာချင်းဆိုင် ပြောတဲ့အခါ ချက်ချင်းလိမ်တာကိုမျက်နှာမှာ ရိပ်မိနိုင်ပါတယ်။ အမျိုးသမီးတို့ ရဲ့ သဘာဝ ဦးနှောက်စွမ်းဆောင်ရည်အရ မျက်နှာတွင်ဖော်ပြမှု ၇၀ ရာခိုင် နှုန်းနဲ့  ကိုယ်အမူအရာ ၂၀ ရာခိုင်နှုန်းကို အသုံးပြုကာ ပါးစပ်မှ စကားလုံးကို ၁၀ ရာခိုင်နှုန်း အသုံးပြုပြီးလိမ် လည်တက်ကြပါတယ်။

အမျိုးသားများမှ ထိုကဲ့သို့ ဦးနှောက်စွမ်းဆောင်ရည် မပါဝင်တဲ့ အတွက်အမျိုးသမီးများမျက်နှာချင်းဆိုင် လိမ်လည်တဲ့အခါ အညာမိတက်ကြပါတယ်။

# ပြဿနာကို ဖြေရှင်းခြင်း

ပြဿနာ တစ်ခု ရှိလာပြီးဆိုရင် အမျိုးသားများဟာ ထိုပုစ္ဆာအတွက်သီးခြားဦးနှောက်အခန်း တစ်ခုမှာ ထည့်သွင်းပြီး ဝေဖန်ပိုင်းခြားမှု ပြုလေ့ရှိပါတယ်။ပြဿနာကို တစ်ခုပြီးမှ တစ်ခု ဖြေရှင်းလေ့ရှိပါတယ်။ ဒါကြောင့် ယောက်ျားလေးအများစုဟာ ကောင်းကင်ကို အချိန်တော်တော်ကြာကြာ ကြည့်ပြီး တွေးတော နေတက်ကြတာကို တွေ့ ရပါမယ်။

အကယ်လို့ အမျိုးသမီး တစ်ဦးဟာ ပြဿနာ အများကြီးနဲ့ ရင်ဆိုင်ရပြီ ဆိုရင် ဦးနှောက်က လက်ခံနိုင်စွမ်း မရှိပါဘူး။ ပြဿနာအတွက် တစ်စုံတစ်ယောက်ကို ပြောပြမယ်။ ထိုအကြောင်းအရာများ အကုန်ပြောပြီး ပြီဆိုရင် ပျော်ရွင်စွာနဲ့ မေ့မေ့ပျောက်ပျောက်ထားတက်ပါတယ်။ ပြဿနာအတွက် ပူပန်နေတာ မရှိသလို ဖြေရှင်ပြီး၊ မပြီး စိတ်ပူမှု နည်းပါတယ်။

# မျှော်လင့်တာတွေ

အမျိုးသားများဟာ ဘ၀မှာ အဆင့်အတန်း ၊ အောင်မြင်မှု ၊ ရလာဒ် ၊ ကြီးမားဖြစ်စဉ် စသဖြင့် လိုချင်ကြပြီး အမျိုးသမီးများကတော့ မိသားစု ၊ သူငယ်ချင်းများနဲ့ ပတ်သတ်ဆက်နွယ်မှု စတာတွေကို လိုချင်ကြပါတယ်။

# မပျော်ရွင်တဲ့ အခါ

အမျိုးသမီးများဟာ သူတို့ ပတ်သတ်ဆက်နွယ်မှုတွေမှာ မပျော်ဘူးဆိုရင် အလုပ်အကိုင်မှာလည်း အာရုံ စူးစိုက်မှု မရရှိနိုင်ပါဘူး။

အမျိုးသားများကတော့ မိမိတို့ အလုပ်မှာ မပျော်ပိုက်ဘူး ဆိုရင်သူတို့ ရဲ့ ပတ်သတ်ဆက်နွယ် မှုတွေကို အာရုံမစိုက်နိုင်တော့ပါဘူး။

# စကားပြောတဲ့ အခါ

အမျိုးသမီးများဟာ စကားကို သွယ်ဝိုက်သော နည်းနဲ့ ပြောတက်လေ့ရှိပြီးအမျိုးသားများကတော့ တိုက်ရိုက် တဲ့တိုး ပြောတဲ့ နည်းကို အသုံးချတက်ကြပါတယ်။

# ဖြစ်လေ့ဖြစ်ထရှိတဲ့ အမူအရာ

အမျိုးသမီးများဟာ စဉ်းစားချင့်ချိန်မှု မရှိဘဲ စကားအများကြီး ပြောဆိုတက်ပြီး အမျိုးသား အများစုဟာ စဉ်းစားချင့်ချိန်မှု မရှိဘဲလုပ်ဆောင်ပြုမှုတက် ကြပါတယ်။

--------------------
Freddy ( MM Social Sky)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D