ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ဖြူးမြို့နယ် အုတ်ကျင်း ကျေးရွာတွင် ဇူလိုင် လ ၂ ရက် ညနေ ၃ နာရီ ၃၀ မိနစ်က တက္ကသိုလ် ဝင်တန်း ကျောင်းသား တစ်ဦး လပတ်စာမေးပွဲ မဖြေဆိုနိုင်၍ ပိုးသတ် ဆေးသောက်ပြီး သေဆုံး ခဲ့ကြောင်း ဖြူးမြို့နယ် ရဲစခန်း ရဲအရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။
အဆိုပါ ကျောင်းသားသည် ဖြူးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ဒသမတန်းတွင် ပညာ သင်ကြားနေသူ ဖြစ်ပြီး ၎င်းအိမ်၏ ဘုရားစင်ရှေ့တွင် ပိုးသတ်ဆေး တစ်မျိုး (အမည်မသိ) ကိုသောက်၍ ပါးစပ်မှ ပိုးသတ်ဆေးနံ့များ ထွက်ကာ လူးလိမ့် နေသဖြင့် မိခင်နှင့် ကျေးရွာသား များက ဖြူးဆေးရုံသို့ တင်ပို့စဉ် လမ်း၌ သေဆုံးခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။
“သား လပတ် စာမေးပွဲ မဖြေနိုင်လို့ အဆိပ် သောက်တယ်။ သားကို ခွင့်လွှတ်ပါ လို့လည်း ပြောသွားတယ်” ဟု သေဆုံး သူ၏မိခင် ဒေါ်ခင်လှက ရှင်းပြသည်။ အဆိုပါ သေဆုံးမှုကို သေမှုသေခင်း အမှတ် ၇/၂၀၁၃ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိ ရသည်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ ၂ ရက်နေ့အထိ တောင်ငူ ခရိုင်အတွင်း လူသေဆုံး မှုပေါင်း ၇၄ မှု ဖြစ်ပွား ခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့ မှူးရုံးထံမှ သိရှိ ရသည်။
From:ရိုးရာလေး


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...