သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, July 6, 2013

ပြည်သူ့လွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် အတည်ပြုခဲ့သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းကို စာနယ်ဇင်းကောင်စီ(ယာယီ)အပါအ၀င် ဂျာနယ်လစ်များအားလုံးက အပြင်းအထန် ကန့်ကွက်


ပြည့်သူ့လွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ဇူလိုင် ၄ ရက်တွင် အတည်ပြုခဲ့သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အပါအ၀င် ဂျာနယ်လစ်များ အားလုံးက အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။


ပြန်ကြားရေး ၀န်ကြီးဌာနက ရေးဆွဲတင်သွင်းခဲ့သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းသည် စာနယ်ဇင်း ကောင်စီမှ ရေးဆွဲနေသော မီဒီယာဥပဒေနှင့် စင်ပြိုင်ဖြစ်နေသည့်အပြင် လက်ရှိ ပြင်ဆင်ချက် များ အရလည်း ပြန်ကြားရေး ၀န်ကြီးဌာနက မီဒီယာများနှင့် ဂျာနယ်လစ်များကို ချုပ်ကိုင်နိုင်သည့် အခွင့် အာဏာ ရှိနေဆဲ ဖြစ်သောကြောင့် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း သိရသည်။

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ပြန်ကြားရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ခဲ့စဉ်က မီဒီယာ အဖွဲ့အစည်း အသီးသီးနှင့် ဂျာနယ်လစ်များက ကန့်ကွက်ခဲ့ကြသည်။ ထိုသို့ ဝေဖန် ကန့်ကွက်ခဲ့ကြသည့် အတွက် စာနယ်ဇင်းကောင်စီ (ယာယီနှင့် ပြန်ကြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ သုံးကြိမ်တိုင် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုတွေ့ဆုံမှုတွင် ဥပဒေကို လုံးဝဖျက်သိမ်း မပေးသော်လည်း အချို့ သော အချက်များကို ပြင်ဆင်ပေးမည်ဟု ပြောဆိုခဲ့ပြီး ပြင်ဆင်ချက်များကို လွှတ်တော်သို့ တင်ပြပေးမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

သို့သော် ဇူလိုင် ၄ ရက်တွင် ထိုဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှ အတည်ပြုပြီး ချိန်တွင် ၀န်ကြီးဌာနနှင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီတို့အကြား သဘောတူခဲ့သည့် အချက်အများစုကို ပြင်ဆင်ပေးခဲ့ခြင်း မရှိကြောင်း သိရသည်။

''ဒီဥပဒေနဲ့ ပတ်သက်လို့ လက်ခံနိုင်စရာ မရှိဘူး။ အလွန်တင်းကျပ်တဲ့ ၁၉၆၂ ခုနှစ်က ဥပဒေကို ပုံစံတစ်မျိုးနဲ့ ပြန်ထုတ်တာပဲ။ အခုဥပဒေက ထောင်ဒဏ်တော့ မပါဘူး။ ဒါပေမဲ့ တရားစွဲလို့ရတယ်။ တရားစွဲတာက အချိန် အကန့်အသတ် အတွင်းလို့ ပြောပေမယ့် တရားစွဲတာက တရားစွဲတာပဲ။ရေးသားထုတ်ဝေမှုက ဒီဥပဒေနဲ့ မညီရင် တရားစွဲဆိုနိုင်တယ်။ ဒီအခွင့်အရေးတွေရှိတယ်။ သက်သာပါတယ်ဆိုပြီး လွှတ်တော်ထဲမှာ ပြောဆို နေတာတွေ ရှိတယ်။ စာနယ်ဇင်း ဥပဒေဆိုတာ ဒီအချိန်မှာ ပါးသည်ဖြစ်စေ၊ ထူသည်ဖြစ်စေ၊ မာသည်ဖြစ်၊ ပျော့သည်ဖြစ်စေ စာနယ်ဇင်း ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ ဖြစ်စေတဲ့ ဥပဒေတွေကိုပဲ လိုချင်တယ်။ ဒီလိုမဟုတ်ဘဲ တစ်နည်းနည်းနဲ့ ချုပ်ချယ်တဲ့ အကန့်အသတ်တွေ မလိုချင်ဘူး'' ဟု ၀ါရင့်သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ပြောကြားသည်။

''ကျွန်တော်ကတော့ ပြန်ကြားရေး ၀န်ကြီးဌာနက လှည့်စားလိုက်တာပဲလို့ မြင်ပါတယ်။ ဥပဒေကြမ်းကို ထုတ်ပြန်တုန်းက ကျွန်တော်တို့ ကန့်ကွက်ခဲ့တယ်။ နောက်တော့ ပြန်ကြားရေးဝန်ကြီးက သတင်းမီဒီယာ ကောင်စီနဲ့ တွေ့ခဲ့တယ်။ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းနဲ့ ဆိုင်တဲ့ ဥပဒေတွေကို စာနယ်ဇင်းကောင်စီက ရေးနေ တဲ့ မီဒီယာ ဥပဒေမှာလည်း ထည့်ပြီး ရေးထားတယ်။ ဖျက်ပေးပါလို့ပြောတော့ ဖျက်တော့ မဖျက်နိုင်ဘူးလို့ ပြောတယ်။ တချို့ အစိတ်အပိုင်းတွေကို ပြင်ပေးမယ်ပြောတယ်။ အခုထွက်လာတဲ့ အချိန်မှာတော့ ပြောထား သလို ဖြစ်မလာခဲ့ဘူး။ ကျွန်တော်တို့အနေနဲ့ ပြန်ကြားရေး ၀န်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက် နေပေမယ့် သူတို့ရဲ့ မရိုးမသား လုပ်ရပ်တွေ၊ တစ်ကွက်ချန် လုပ်ရပ်တွေကြောင့် နောင်မှာ သူတို့နဲ့ ဆက်ဆံဖို့တောင် စဉ်းစားရတော့မယ်။ ကျွန်တော်ကတော့ တော်တော် စိတ်ပျက်ပါတယ်'' ဟု မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောကြားသည်။

ပြန်ကြားရေး ၀န်ကြီးဌာနက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်း ထုတ်ပြန်ခဲ့ပြီးနောက် မတ် ၁၂ ရက်တွင် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (MJA) ၊ မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ (MJU) ၊ မြန်မာ ဂျာနယ်လစ်ကွန်ရက် (MJN)၊ သတင်းလွတ်လပ်ခွင့် ကော်မတီ၊ သတင်းဌာနများ၊ ဂျာနယ်လစ်များနှင့် လူမှုအဖွဲ့အစည်းများ တွေ့ဆုံခဲ့ပြီး ထိုဥပဒေကြမ်းအပေါ် သုံးသပ်မှုများ ပြုလုပ်ခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် ပြန်ကြားရေး ၀န်ကြီးဌာန၏ ဥပဒေကြမ်းသည် သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်ပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို အဟန့်အတား ဖြစ်စေသည့် အတွက် ပြန်လည် ရုပ်သိမ်းပေးရန် ဆွေးနွေးပွဲ တက်ရောက်သူများက လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြသည်။

ထို့နောက် ဥပဒေကြမ်းတွင် ပါရှိသော အခန်း (၁) အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်တွင်ပါရှိသော အချက် များ၊ အခန်း (၂) ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း အသိအမှတ်ပြုခြင်းတွင် ပါဝင်သော ပုဒ်မ (၃)၊ ပုဒ်မ (၅)၊ အခန်း
(၃) ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းအတွက် လိုက်နာရမည့် စည်းကမ်းချက် ငါးချက်၊ အခန်း (၄) တရား မ၀င် ထုတ်ဝေစာအဖြစ်ကြေညာခြင်း အခန်း၊ အခန်း (၅) ထုတ်ဝေစာများကို ပြည်တွင်းသို့ တင်သွင်းခြင်းနှင့် ပြည်ပသို့ တင်ပို့ခြင်း အခန်းတွင် ပါဝင်သော ပုဒ်မ (၁၁)၊ ပုဒ်မခွဲ (က)နှင့်(ခ)၊ ပုဒ်မ (၁၃)၊(၁၄)၊(၁၅)၊ အခန်း
(၆) တားမြစ်ချက်များတွင် ပါဝင်သော ပုဒ်မ (၁၆)၊ ပုဒ်မ (၁၈)၊ ပုဒ်မ (၁၉)၊ အခန်း (၈) အထွေထွေတွင် ပါဝင် သော ပုဒ်မ (၂၄)၊ ပုဒ်မခွဲ(က)နှင့်(ခ)၊ ပုဒ်မ (၂၇) အစရှိသည်တို့ကို ပြင်ဆင်၊ ပယ်ဖျက်၊ ဖြည့်စွက်ရန် ဆွေးနွေး ပွဲ တက်ရောက်သူများက အကြံပြုခဲ့ပြီး ထိုအကြံပြုချက်များကို နိုင်ငံတော် သမ္မတ၊ ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌများထံသို့ ပေးပို့ခဲ့သည်။

ပြည်သူ့လွှတ်တော်က ပြင်ဆင်၊ ဖြည့်စွက်ချက်များဖြင့် အတည်ပြုလိုက်သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ကြမ်းတွင် အခန်း (၃) ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းများအတွက် လိုက်နာရန် စည်းကမ်း တွင် ပါဝင်သော ပုဒ်မ ၇ ၊ ပုဒ်မခွဲ(င)၊ အခန်း (၅) ထုတ်ဝေစာများကို ပြည်တွင်းသို့ တင်သွင်းခြင်းနှင့် ပြည်ပသို့ တင်ပို့ခြင်း အခန်းတွင် ပါဝင်သော ပုဒ်မ (၁၂) တို့နှင့် အခန်း (၇) ပြစ်မှုနှင့် ပြစ်ဒဏ်များ အခန်းတွင် ပါရှိသော
 ထောင်ဒဏ်တို့ကိုသာ ဖြုတ်ပယ်ပေးခဲ့သည်။

ပြင်ဆင်၊ ဖြည့်စွက်မှု အပိုင်းတွင် ''စတုတ္ထ မဏ္ဍိုင်ဖြစ်သော သတင်းမီဒီယာများ၏ ဥပဒေနှင့်အညီ လွတ်လပ် စွာ ထင်မြင်ယူဆပိုင်ခွင့်၊ ထုတ်ဖော်ပိုင်ခွင့် အခွင့်အရေးကို မထိခိုက်စေရ'' ဟူသော ဖြည့်စွက်ချက်မျိုး ရှိခဲ့သော်လည်း ''ဤဥပဒေပါ မည်သည့် တားမြစ်ချက်ကမျှ တည်ဆဲ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသား တိုင်း၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်ကို ပိတ်ပင်သည်ဟု မှတ်ယူခြင်း မရှိစေရ'' ဟူသော ဥပဒေကို ကျားကန်ထားသည့် ဖြည့်စွက်ချက်မျိုးကိုလည်း ထည့်သွင်းခဲ့ကြောင်း သိရသည်။

ထို့အပြင် ''မည်သူမဆို သီးခြားဥပဒေ ပြဋ္ဌာန်းထားခြင်း မရှိလျှင် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းကို ရေဒီယို၊ ရုပ်သံ ထုတ်လွှင့်ခြင်း လုပ်ငန်းနှင့် ပူးပေါင်းလုပ်ကိုင်ခွင့် မရှိစေရ'' ဟူသော အချက်ကိုလည်း ဖြည့်စွက်ခဲ့သည်။

''ပြန်ကြားရေးကပဲ ရေးဆွဲထားတဲ့ အများပြည်သူ ၀န်ဆောင်မှု ဥပဒေကြမ်းမှာတော့ ပုံနှိပ်နဲ့ရုပ်သံ၊ ရေဒီယိုကို ပူးတွဲလုပ်ကိုင်ခွင့် ပေးထားတယ်။ ပုဂ္ဂလိက မီဒီယာတွေအတွက် ရေးဆွဲတဲ့ ဒီဥပဒေကြမ်းမှာကျတော့ ပုံနှိပ်နဲ့ ရုပ်သံ၊ ရေဒီယိုကို ပူးတွဲလုပ်ကိုင်ခွင့် မရှိဘူးလို့ ပြဋ္ဌာန်းထားတယ်။ ဒီအချက်က မမျှတမှုကို ပေါ်လွင်စေ ပါတယ်'' ဟု ဦးဇော်သက်ထွေးက ပြောကြားသည်။

''ဒီဥပဒေကြမ်း ထွက်တုန်းက လက်မခံဘူး။ ကန့်ကွက်ခဲ့ကြတယ်။ အခု ပြည်သူ့လွှတ်တော်က တချို့ကို ပြင်ဆင်၊ ပယ်ဖျက်ပြီး အတည်ပြုခဲ့ပေမယ့် ထုတ်ဝေခွင့်လိုင်စင် ထုတ်ပေးတာ၊ ရုပ်သိမ်းတာ၊ ရပ်စဲတာကို မှတ်ပုံတင် အရာရှိက ဆုံးဖြတ်ပြီး အဆုံးအဖြတ် လုပ်စေတဲ့ အချက်ကို လက်မခံနိုင်ပါဘူး။ ပြန်ကြား ရေး ၀န်ကြီးဌာနက အရင်ကတည်းက ပွင့်လင်းမြင်သာမှု မရှိခဲ့ဘူး။ ရိုးသားမှု မရှိခဲ့ဘူး။ အခုကိစ္စမှာလည်း သူလိုချင်တာကို မရရအောင် ဆွဲသွားတယ်လို့ မြင်တယ်'' ဟု စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးချစ်ဝင်းမောင်က ဆိုသည်။

''အဓိကအကျဆုံး အချက်က ထုတ်ဝေသူကို ချုပ်ကိုင်လိုက်တယ်ဆိုတာ အညှာကို ကိုင်လိုက်တာ။စာနယ် ဇင်း သမားတွေ ဘယ်လောက်ပဲရေးနေရေးနေ ထုတ်ဝေသူက မထုတ်ရဲဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ ဒါကြောင့် ဒီဥပဒေက စာနယ်ဇင်း သမားတွေကို သွယ်ဝိုက်ပြီး ချုပ်ကိုင်လိုက်တာ။ နောက်ထပ်ဥပဒေတွေ လာဦးမယ်။ ဥပဒေ အလွန်များနေတယ်။ အဲဒါကိုလည်း လက်မခံဘူး။ ပြဋ္ဌာန်းမယ့် ပြဋ္ဌာန်းတော့လည်း မီဒီယာဥပဒေကို ပြဋ္ဌာန်းရင်းက လိုအပ်လာလို့ ပြဋ္ဌာန်းတယ် ဆိုရင်လည်း တစ်မျိုးပေါ့။ အခုတော့ သတင်းစာ တွေ အတွက် ဥပဒေမလာသေးဘဲ လုပ်ငန်းရှင်ကို အရင် ကန့်သတ်လိုက်တာက မကောင်းတဲ့ သဘော ဆောင်နေတယ်'' ဟု ဦးဝင်းတင်က ပြောကြားသည်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားချက်အရ ပုဒ်မ ၁၃၈ (ဂ) အရ ပြည်သူ့လွှတ်တော်က အတည်ပြုထားသော ဥပဒေကြမ်းများကို အမျိုးသားလွှတ်တော်တွင် ဆက်လက် ဆွေးနွေးမည်ဖြစ်ပြီး အမျိုးသား လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပေးပို့ခဲ့သော ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က သဘောတူ သည် ဆိုပါက ပြည်ထောင်စုလွှတ်တော် နာယကထံသို့ ပေးပို့ရမည် ဖြစ်ပါသည်။ အမျိုးသားလွှတ်တော်က ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့သော ဥပဒေကြမ်း တစ်ရပ်သည် ပြည်သူ့လွှတ်တော်နှင့် သဘောကွဲလွဲလျှင် ပြည်ထောင်စု လွှတ်တော်၏ အဆုံးအဖြတ် ရယူရမည် ဖြစ်ပါသည်။

ပြည်သူ့လွှတ်တော်မှာ အတည်ပြုခဲ့သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနှင့်ပတ်သက်သော အရေးပေါ် အစည်းအဝေး တစ်ရပ်ကို ဇူလိုင် ၄ ရက်တွင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က ပြုလုပ်ခဲ့ပြီး အစည်းအဝေး အပြီးတွင် ထိုဥပဒေကြမ်းကို လက်မခံကြောင်း အပါအ၀င် အချက် ခုနစ်ချက် ပါဝင်သော ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ သဘောထား ထုတ်ပြန်ချက် ၁/၂၀၁၃ (၅.၇.၂၀၁၃)

၁။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သည် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ပြန်ကြားရေး ၀န်ကြီးဌာနနှင့် သဘောတူချက်အရ အဓိက လုပ်ငန်းတာဝန် တစ်ရပ်ဖြစ်သော စာနယ်ဇင်း ဆိုင်ရာ ဥပဒေကြမ်းကို လွတ်လပ်စွာ ရေးဆွဲခဲ့ပါသည်။

၂။ ''သတင်းမီဒီယာ ဥပဒေကြမ်း'' တွင် ၎င်းတို့အတွက် လွှမ်းခြုံသော ဥပဒေပြဋ္ဌာန်းချက်များ ပါဝင်စေ လိုကြောင်း ပုံနှိပ်လုပ်ငန်းများက အကြံပြုကြသဖြင့် ကောင်စီသည် ''သတင်းမီဒီယာ ဥပဒေကြမ်း'' ကို ''သတင်းမီဒီယာနှင့် ပုံနှိပ်ထုတ်ဝေခြင်း ဥပဒေကြမ်း'' အဖြစ် ခေါင်းစဉ်ပြောင်းလဲ၍ ရေးဆွဲပြုစုခဲ့ပါသည်။

၃။ သို့ရာတွင် ပြန်ကြားရေး ၀န်ကြီးဌာနသည် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ၀န်ကြီးဌာနက ကြိုတင်ပြုစု ထားသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို လွှတ်တော်များသို့ တင်သွင်းကာ အများပြည် သူ လေ့လာနိုင်ရန် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ဥပဒေကြမ်းအား စာနယ်ဇင်းကောင်စီ (ယာယီ) အပါအ၀င် မီဒီယာ အဖွဲ့အစည်းများ၏ ကန့်ကွက်မှုများ ပေါ်ထွက်လာသည့် နောက်ပိုင်း ၀န်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ် များသည် စာနယ်ဇင်းကောင်စီနှင့် (၃) ကြိမ် တွေ့ဆုံညှိနှိုင်းခဲ့ပါသည်။

၎။ တွေ့ဆုံညှိနှိုင်း သဘောတူညီမှုများအရ စာနယ်ဇင်းကောင်စီ (ယာယီ) ကျင့်ဝတ်နှင့်အညီ မီဒီယာလွတ် လပ်ခွင့် ရရှိစေရေးနှင့် စတုတ္ထမဏ္ဍိုင်အတွက် လိုအပ်သော (Institution) များ ပေါ်ထွက်လာစေရန် အလို့ငှာ ၀န်ကြီးဌာနက ထုတ်ပြန်ထားသော ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း ဥပဒေကြမ်းတွင် ပြင်ဆင်၊ ဖြည့်စွက်၊ပယ်ဖျက် ခြင်းများ ပြုလုပ်ကာ ၀န်ကြီးဌာနသို့ ပေးပို့ခဲ့ပါသည်။ ၀န်ကြီးဌာနသည် ကောင်စီ၏ ပြင်ဆင်ချက်များ အတိုင်း လွှတ်တော်များသို့ တင်ပြမည်ဟု သဘောတူခဲ့ ကြပါသည်။

၅။ ပြန်ကြားရေး ၀န်ကြီးဌာနသည် ၎င်းတို့၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေကြမ်းနှင့် စာနယ်ဇင်းကောင်စီ (ယာယီ) က ရေးဆွဲသော သတင်းမီဒီယာ ဥပဒေကြမ်းတို့ကို လွှတ်တော်သို့ တစ်ပြိုင်နက်တည်း တင်သွင်းရန် လည်း ဆွေးနွေး သဘောတူခဲ့ပါသည်။

၆။ သို့သော်လည်း ၂၀၁၃ ခုနှစ် ဇူလိုင်လ(၄)ရက်နေ့တွင် ပြည်သူ့လွှတ်တော်၌ ဆွေးနွေး အတည်ပြုခဲ့သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်း၌ ၀န်ကြီးဌာနနှင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီတို့ အကြား သဘောတူညီခဲ့သော အချက်အလက် အများစု မပါဝင်ခဲ့ကြောင်း တွေ့ရှိရပါသည်။

၇။ ထို့ကြောင့် ပြည်သူ့လွှတ်တော်က လက်ခံအတည်ပြုလိုက်သော အဆိုပါ ဥပဒေကြမ်းကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က သဘောမတူ၊ လက်မခံနိုင်ကြောင်း ထုတ်ပြန် ကြေညာအပ်ပါသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းအပေါ် ဂျာနယ်လစ်များ၏ အမြင်များ

အခု ပြည်သူ့လွှတ်တော်က လက်ခံလိုက်တယ်။ ပြည်သူ့လွှတ်တော် လက်ခံပြီးရင် အမျိုးသားလွှတ်တော် ကျန်ပါသေးတယ်။ အမျိုးသား လွှတ်တော်ကိုလည်း သဘောမတူ လက်မခံကြောင်း ကြေညာချက်နဲ့စာကို လွှတ်တော်အသီးသီး၊ ကော်မတီ အသီးသီးကို ပို့မှာပါ။ အဲဒီလွှတ်တော်နှစ်ရပ် ပြီးသွားရင် ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုရပါတယ်။ ပြည်ထောင်စုလွှတ်တော် နာယကဆီကိုလည်း ဒီဥပဒေဟာ ကျွန်တော်တို့ သဘောမတူ လက်မခံထားတဲ့ ဥပဒေ ဖြစ်တဲ့အကြောင်း အသိပေး အကြောင်းကြားတဲ့အဆင့် လုပ်ဦးမှာပါ။ နောက်ပိုင်း ကျွန်တော်တို့ ဘာလုပ်မလဲ ဆိုတော့ လိုအပ်ရင် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီက အဖွဲ့ဝင်တွေ လွှတ်တော် အရပ်ရပ်အထိ သွားပြီး ရှင်းလင်းတင်ပြသွားဖို့ ရည်ရွယ်ထားပါတယ်။ ကော်မတီ အရပ်ရပ်ကိုလည်း သွားပြီး ရှင်းလင်းဖို့ အသင့်ဖြစ်ပါတယ်။ အဲဒီအဆင့်ကို ကျော်သွားပြီး ဇွတ်အတင်း အတည်ပြုမယ် ဆိုရင်တော့ ထိပ်တိုက်ရင်ဆိုင်တဲ့နည်းကို သွားတဲ့သဘော သက်ရောက်ပါတယ်။ ဒါဟာ ဒီမိုကရေစီနည်း မဟုတ်ပါဘူး။ ဒီမိုကရေစီဆိုတာ လူအများစု ဒီနယ်ပယ်ထဲက အဓိက ဦးတည်ချက်ထားတဲ့ ဂျာနယ်လစ်ဇင် လောကက လူတွေရယ်၊ ပြည်သူလူထုရဲ့ သတင်းသိပိုင်ခွင့်တွေကို အဟန့်အတား ဖြစ်စေမယ့် ဥပဒေတစ်ရပ်ကို အတည်ပြု လိုက်မယ်ဆိုရင် ဒီမိုကရေစီ နိုင်ငံတစ်ခုရဲ့ လုပ်နည်း လုပ်ဟန်တွေနဲ့ သွေဖည်သွားနိုင်တယ်။ ပြည်သူလူထုရဲ့ ယုံကြည်မှု လျော့ကျသွားနိုင်တယ်။ မီဒီယာလောကသားတွေ အားလုံးနဲ့ အာဏာသုံးရပ်ကြားမှာ အထင်အမြင် လွဲမှားမှုတွေ ရှိလာနိုင်တယ်။ မဏ္ဍိုင်အချင်းချင်းကြား ယုံကြည်မှု၊ နားလည်မှုတွေ ချည့်နဲ့သွားရင် တိုင်းပြည်ရဲ့ ကံကြမ္မာ မကောင်းနိုင်ပါဘူး။ ဒါက ဖြစ်လာခဲ့ရင် ပြောတာပါ။ ကျွန်တော်တို့ အဲဒီအဆင့်ထိ မမျှော်မှန်းပါဘူး။ ဒီကြားထဲမှာ ပြေလည်မှုရမယ်လို့ ယုံကြည်ပါတယ်။ ဘယ်အလုပ်ပဲ လုပ်လုပ် နံပါတ်တစ် အရေးအကြီးဆုံးက ရိုးသားမှုပါ။ ရိုးသားမှုက ကိုယ့်အဖွဲ့အစည်း အပေါ်မှာလည်း ရိုးသားရပါတယ်။ ကာယကံရှင် ကိုယ့်ရဲ့ လိပ်ပြာ အပေါ်မှာလည်း ရိုးသားရပါတယ်။ ပြည်သူလူထုနဲ့ နိုင်ငံအပေါ်မှာလည်း ရိုးသားရပါတယ်။ နံပါတ်နှစ်ကတော့ စေတနာပါ။ ဘယ်သူ့အတွက် စေတနာထားတာလဲ။ ဒီဥပဒေကြမ်းဟာ ဘယ်လိုလူတွေအတွက် ဆွဲတာလဲ။ ဘယ်လောက် တည်တံ့အောင် ဆွဲတာလဲဆိုတဲ့ စေတနာ။ ဒီတိုင်းပြည် တည်တံ့သရွေ့ ဒီဥပဒေဟာ ပြည်သူ ပြည်သားတွေရော၊ အုပ်ချုပ်တဲ့သူတွေရော၊  အာဏာသုံးရပ်ရော၊ မဏ္ဍိုင်အားလုံးအတွက် အပြန်ပြန် အလှန်လှန် အကျိုးရှိစေမယ့် မျှတတဲ့၊ လွတ်လပ်ခွင့်ကို မထိပါးတဲ့၊ ဒီမိုကရေစီ စံနှုန်းတွေနဲ့ညီတဲ့ ဥပဒေပဲ ဖြစ်သင့်ပါတယ်။ သံသယနဲ့ ကိုယ်ကျိုး စီးပွားနဲ့ယှဉ်တဲ့ စေတနာဆိုးမျိုး မဖြစ်ဖို့ လိုပါတယ်။

- ဦးကျော်မင်းဆွေ (အတွင်းရေးမှူး၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)၊ အယ်ဒီတာချုပ်၊ The Voice Daily)

ကျွန်တော်တို့နဲ့ ဆွေးနွေးထားတဲ့ အချက်တွေကို သူတို့မပြင်ဘူး။ ၁၉၆၂ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ ဥပဒေကို ထောင်ဒဏ်တွေ ပယ်ဖျက်ပြီး အစားဝင်လာတဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို စာနယ်ဇင်းကောင်စီ အပါအ၀င် ကျွန်တော်တို့အားလုံး ကန့်ကွက်ခဲ့တယ်။ အဓိကကတော့ ကျွန်တော်တို့ ကန့်ကွက်နေလျက်သားနဲ့ သူတို့အတည်ပြုလိုက်တယ်။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီနဲ့ တူညီတဲ့ အချက်တွေမှာ ပြည်သူ့လွှတ်တော်မှာ အတည်ပြုခဲ့တဲ့ ဒီဥပဒေကို အမျိုးသား လွှတ်တော်မှာ ကန့်ကွက်ဖို့ တင်ပြမယ်။ အမျိုးသားလွှတ်တော် အပါအ၀င် လွှတ်တော်တွေက အတည်ပြု လိုက်ပြီဆိုရင် ကျွန်တော်တို့ အနေနဲ့ ဘာမှ မတတ်နိုင်ပါဘူး။ ဒါတွေက မှတ်တမ်းအဖြစ်နဲ့ ကျန်နေခဲ့မှာပါ။

- ဦးမြင့်ကျော် (အထွေထွေအတွင်းရေးမှူး၊ မြန်မာဂျာနယ်လစ်ကွန်ရက်)

ဥပဒေတစ်ရပ် ရေးဆွဲတဲ့အခါမှာ အတည်ပြုတဲ့ အပိုင်းကတော့ ကျွန်တော်တို့အပိုင်း မဟုတ်ဘူး။ ဒါပေမဲ့ ရေးဆွဲတဲ့သူတွေ အနေနဲ့ သက်ဆိုင်ရာ နယ်ပယ်က အမှန်တကယ် လုပ်ကိုင်နေရသူတွေရဲ့ အကြံပြုချက်ကို ထည့်ပြီး ရေးဆွဲသင့်တယ်။ အကြံပြုချက် တွေကိုလည်း လေးစားသင့်တယ်။ အခုချိန်မှာ နိုင်ငံတကာမှာ မြန်မာနိုင်ငံရဲ့ မီဒီယာ ဖွံ့ဖြိုးတိုးတက်မှုကို အသိအမှတ်ပြု ပြောဆိုနေကြတယ်။ ကျွန်တော်တို့လည်း လွတ်လပ်မှုကို အထိုက်အလျောက် ရခဲ့တယ်။ ဒီလို အချိန်မျိုးမှာ လူအုပ်စု တစ်စုကဖြစ်စေ၊ အဖွဲ့အစည်း တစ်ရပ်ကဖြစ်စေ ကျွန်တော်တို့ရဲ့ သတင်းလွတ်လပ်ခွင့်ကို နည်းမျိုးစုံသုံးပြီး ပိတ်ဆို့တယ် ဆိုတာကို လုံးဝ လက်မခံနိုင်ဘူး။ ဒီဥပဒေကိုပြန်စဉ်းစားစေချင်တယ်။                       
- ကိုသူရအောင် (တာဝန်ခံ အယ်ဒီတာ၊ Messenger သတင်းစာ)

ပြန်ကြားရေး ၀န်ကြီးဌာန အနေနဲ့ ပေးထားတဲ့ ကတိအတိုင်း မလုပ်ဘဲ သူတို့ မူလ ဆုံးဖြတ်ချက်အတိုင်း ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းကို လွှတ်တော်မှာ အတည်ပြုလိုက်တယ်။ ဒီလို အတည်ပြု လိုက်တော့ အဖွဲ့အစည်း နှစ်ခုကြားမှာ ယုံကြည်မှု ပျောက်သွားတယ်။ ဒီလို ဖြစ်တာကလည်း နှစ်ဦးနှစ်ဖက် အကြားမှာ နားလည်မှု လွဲချော်တာမျိုးလေးတွေ ရှိနေမယ်လို့ ထင်ပါတယ်။                                                                                    
- ဦးရဲမင်းဦး (Myanmar National Television Executive Producer)

eleven media groupA

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D