သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, July 5, 2013

စီမံကိန်းလုပ်ငန်းပြပြီး မြေနေရာ ရယူထားသော်လည်း စီမံကိန်းဆောင် ရွက်ခြင်းမရှိပါက ပြန်လည်သိမ်းယူပြီး အမှန်တကယ်လုပ်ကိုင်မည့် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများကို ချထားပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်း

စီမံကိန်းလုပ်ငန်း အမျိုးမျိုးပြပြီး မြေနေရာ ရယူထားသည့် ပုဂ္ဂလိကကုမ္ပဏီ အမည်ပေါက် ပိုင်ဆိုင်ထားမှု များတွင် စီမံကိန်းလျာထားချက်အတိုင်း အကောင်အထည် မဖော်နိုင်ပါက ပြန်လည်သိမ်းယူကာ အမှန် တကယ်လုပ်ကိုင်မည့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံလိုသူများအား ချထားပေးရန် ပြည်ထောင်စုအစိုးရ အားတိုက်တွန်းကြောင်း အဆိုကို လက်ခံဆွေးနွေးရန် ဇူလိုင် ၄ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ အတည်ပြုခဲ့သည်။


ယင်းအဆိုအား မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၂ မှ ဦးလှဆွေက တင်သွင်းခဲ့ခြင်းဖြစ်ပြီး ကန့်ကွက်သူ မရှိသဖြင့် လွှတ်တော်က လက်ခံဆွေးနွေးရန်အတည်ပြုခဲ့ခြင်း ဖြစ်သည်။ မြန်မာပြည်သည် မြေဈေးအကြီးမြင့်ဆုံး တိုင်းပြည် ဖြစ်နေသည့်အတွက် ရင်းနှီးမြှုပ်နှံလိုသူများ အဟန့်အတားတစ်ခု ဖြစ်နေ သည်ကို လေ့လာတွေ့ရှိရကြောင်း၊ ယခင်တပ်မတော် အစိုးရလက်ထက်၌ စီမံကိန်းလုပ်ငန်း အမျိုးမျိုးတွင်
ပြည်တွင်း ကုမ္ပဏီတွေကို မြေနေရာ ချထားပေးခြင်း၊စီမံကိန်းများ အောင်မြင်ရန်အတွက် စီမံကိန်းအလိုက် လိုအပ်သည့် စက်၊ ယန္တရား၊ ယာဉ်များကို အခွန်ကင်းလွတ်ခွင့် ပြုသွင်းခွင့် ပေးခဲ့ကြောင်း၊ သို့သော် အခွင့် အရေး ပေးထားသော်လည်း စီမံကိန်းများအား အောင်မြင်အောင် အကောင်အထည် မဖော်ဘဲ မြေနေရာ ဦးထားသကဲ့သို့ ဖြစ်နေကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောကြားသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများက မြန်မာပြည်သည် မြေဈေးအကြီးဆုံးဟု ဆိုကြပါတယ်။ ဒီလိုဘာမှမလုပ်ဘဲ နေရာဦးထားသူများကြောင့်လို့ပဲပြောရပါလိမ့်မယ်။ ဖြစ်သင့်တာက မြေနေရာယူထားတာ ၁၄ နှစ် ကြာပြီ ဖြစ်လို့ တကယ်စိုက်၊ မစိုက် ကွင်းဆင်းစစ်ဆေး၊ မစိုက်ရင် ဘယ်သူ့မျက်နှာမှ မထောက်ဘဲ ပြန်သိမ်းပြီး ပြည်တွင်းနဲ့ နိုင်ငံခြားက တကယ်လုပ်မယ့်သူကို ချပေးသင့်...

ထို့အပြင် လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက အမျိုးသားလွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး ရပ်နား ချိန်၌ သတ္တုနှင့် သံယဇာတရေးရာ ကော်မတီ အဖွဲ့ဝင်အနေဖြင့် တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ဆီအုန်းခြံများ သွားရောက် လေ့လာတွေ့ရှိခဲ့မှုများကို အဆိုတင်သွင်းစဉ် ဥပမာပေး၍ တင်ပြခဲ့သည်။ ထိုကဲ့သို့ သွားရောက်လေ့လာရာတွင် ''တနင်္သာရီတိုင်းသည် ဆီအိုးကြီးဖြစ်ရမည်'' ဟူသော ဆိုင်းဘုတ်အား တွေ့ရကြောင်း၊ ဆီအုန်းခြံ အများစုသည် ကော့သောင်း၊ မြိတ်၊ ထားဝယ် ကားလမ်းဘေးတွင် တည်ရှိပြီး ကုမ္ပဏီကြီး၊ ငယ်၊လတ်များ၏ဆိုင်းဘုတ်များ စိုက်ထူထားသည်ကို တွေ့ရကြောင်း၊သို့ရာတွင်ကားလမ်းဘေး အပင်သုံးတန်းသာ စိုက်ပျိုးထားပြီး အတွင်း၌ ချုံနွယ်များ ပေါက်ရောက်နေပြီး အခက်အလက်များ ပြုပြင် ခြင်း မရှိသဖြင့် ဆီသီး မသီးနိုင်သည်ကို တွေ့ရကြောင်း၊ နိုင်ငံပိုင် သတင်းစာများတွင် တစ်ခါ တစ်ခါ
တွေ့ရသည့် ကြီးထွားသန်စွမ်းလျက်ရှိသည့် ဆီအုန်းခြံမှာ မြန်မာ့စီးပွားရေး ဦးပိုင်၏ ခြံတစ်ခြံသာရှိပြီး ကျန်ခြံများမှာ စိုက်ပျိုးဟန်ဆောင် မြေနေရာယူထားကြကြောင်း စသည်ဖြင့် ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းများ ပြသ၍ ၎င်းက ပြောကြားသည်။

ဆီအုန်း အနစ်နာခံ စိုက်ပျိုးခဲ့သူများအား ယခင်အစိုးရ လက်ထက်က အခွန်ကင်းလွတ်ခွင့်ဖြင့် ယန္တရားများ၊ ကားများသွင်းခွင့် ပေးခဲ့သည်ဟု အမည်မဖော်လိုသူ လုပ်ငန်းရှင် တစ်ဦးက ပြောကြားကြောင်း၊ ထိုအချိန်က ကားတစ်စီး ပါမစ်အမြတ်မှာ သိန်း ၁၀၀၀ ဆိုပါက ၁၀ စီးလျှင် သိန်းတစ်သောင်းဖြစ်ပြီး စိုက်ပျိုးစရိတ်မှာ သိန်းတစ်ထောင်ခန့်သာ ရှိကာ ဆယ်ဆခန့် မြတ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ က ပြောကြားသည်။

''နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများက မြန်မာပြည်သည် မြေဈေးအကြီးဆုံးဟု ဆိုကြပါတယ်။ ဒီလိုဘာမှမလုပ်ဘဲ နေရာဦးထားသူ များကြောင့်လို့ပဲ ပြောရပါလိမ့်မယ်။ ဖြစ်သင့်တာက မြေနေရာယူထားတာ ၁၄ နှစ် ကြာပြီ ဖြစ်လို့ တကယ်စိုက်၊ မစိုက် ကွင်းဆင်းစစ်ဆေး၊ မစိုက်ရင် ဘယ်သူ့မျက်နှာမှ မထောက်ဘဲ ပြန်သိမ်းပြီး ပြည်တွင်းနဲ့နိုင်ငံခြားက တကယ်လုပ်မယ့်သူကို ချပေးသင့်ပါတယ်''ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ က ပြောကြားသည်။

တိုင်းချုပ်စာရင်းများအရ ကုမ္ပဏီများက မြေယူထားသည်မှာ ဧက ၁၀ သိန်းခန့်အနက် ဧက သုံးသိန်းခန့် သာ စိုက်ပျိုးထားကြောင်း၊ ဧက သုံးသိန်းမှ အညံ့ဆုံး ဆီထွက်နှုန်း တစ်ဧက နှစ်တန်နှုန်းဖြင့် တွက်ပါက ဆီကြမ်းတန်ချိန်ခြောက်သိန်းခန့် ရမည်ဖြစ်ကြောင်း၊ ဧက ၁၀ သိန်းလုံးသာ စိုက်ခဲ့ပါက နှစ်စဉ် ဆီကြမ်း တန်ချိန် သိန်း ၂၀ ထွက်ရှိမည် ဖြစ်ကြောင်း၊ ပညာရှင် တစ်ဦး၏ ပြောကြားချက်အရ ထွက်အောင် ကောင်း အောင် ပြုပြင်ပါက ၁၀ ဧကလျှင် တန် ၅၀ ခန့် ထွက်ရှိမည်ဖြစ်ပြီး မလေးရှားသို့ ဆီပြန်သွင်းနိုင်မည်
ဖြစ်ကြောင်းနှင့် ၂၀၁၃ ခုနှစ် မေ ၃၁ ရက်အထိ ဆီသီးခိုင်တန် ၂၂၄၅၇ သာ ထွက်ရှိသည်ကို တွေ့ရ ကြောင်း ဦးလှဆွေ၏ အဆိုတင်သွင်းချက်အရ သိရသည်။ ယင်းအပြင် နိုင်ငံအ၀ှမ်းရှိ စက်မှုဇုန် မြေနေရာ များ၊ ရော်ဘာစိုက်ရန် မြေနေရာများ၊ ကျွန်းစိုက်ရန်နှင့် သရက်စိုက်ရန် စသည့် မြေနေရာများကိုလည်း လေ့လာဆန်းစစ်၍ အမှန်တကယ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိပါက နိုင်ငံတော် သို့ ပြန်အပ်သင့်ကြောင်း ဦးလှဆွေက ဆိုသည်။

eleven media group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D