သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, July 1, 2013

ပြင်ဦးလွင်မှာ ဗုံးပေါက်၊ သံတွဲမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်

ရခိုင်ပြည်နယ် ​သံတွဲမြို့မှာ ​မငြိမ်သက်မှုတွေဖြစ်ပွားနေတဲ့အတွက် ​ ဇွန်လ ​၃၀ရက်နေ့ကစပြီး ​ညနေ ​၆နာရီကနေ ​မနက် ​၄နာရီထိ ​ညမထွက်ရ ​အမိန့် ​ပုဒ်မ ​၁၄၄ ​ထုတ်ပြန်လိုက်တယ်လို့ ​သိရပါတယ်။

သံတွဲမြို့အတွင်းမှာ ​အသက် ​၁၉နှစ်အရွယ်ရှိ ​ရခိုင်အမျိုးသမီးငယ်တစ်ဦး ​အဓမ္မပြုကျင့်ခံခဲ့ရတာနဲ့ ​ပတ်သက်ပြီး ​ဒေသခံရခိုင်လူမျိုးတွေက ​မကျေ မနပ်ဖြစ်နေကြပြီး ​အပြန်အလှန် ​တိုက်ခိုက်မှုတွေ ​ရှိခဲ့သလို ​ရဲစခန်းမှာ ​ထိန်းသိမ်းထားတဲ့ ​ပြစ်မှုကျူးလွန်သူလို့ ​ယူဆရသူ ​၁ ​ယောက်ကိုထုတ်ပေး ဖို့ ​တောင်းဆို ​ခဲ့တဲ့အတွက် ​ကြိုတင် ​ထိန်းသိမ်းနိုင်ဖို့ ​ကာဖြူးအမိန့် ​ထုတ်ပြန် ​တာ ​လို့ ​ပြည်နယ်လွတ်တော်အမတ် ​ဦးအောင်မြကျော်က ​အခုလိုပြောပါတယ်။

ဒီညနေပဲ ​ကာဖြူးအမိန့်ထုတ်လိုက်တာပါ၊ ​နေ့လည်ပိုင်းကဖြစ်တဲ့ပြဿနာပါ၊ ​ ကုလား၂ယောက်က ​ရခိုင် ​မလေးတစ်ယောက်ကို ​မုဒိမ်းကျင့်လိုက်တယ်၊ ​မုဒိမ်းကျင့်တဲ့ ​အဲဒီပြဿနာကတက်လာတယ်၊ ​အဲဒီမှာ ​တ ​မြို့လုံးသိသွားပြီး ရင် ​ရဲစခန်းကိုမြို့ပေါ်လူထုတွေက ​အကုန်လုံးဝိုင်းလာကြတာ၊ ​နေ၀င်လာတော့ ​အဲဒီမှာ ​ပြဿနာက ​စတက်ပြီ၊ ​အဲဒီတော့ ​ဒီ ​၇နာရီလောက်အချိန်မှာပဲ ​စပြီး ​မြို့နယ် ​အုပ်ချုပ်ရေးမှူးက ​မြို့ထဲအပြင် ​ကာဖြူးအမိန့် ​စထုတ်လိုက်
တာပါ။ 

နှစ်ဘက်အုပ်စုတွေက ​ကျောက်ခဲတွေနဲ့ ​အပြန်အလှန် ​ပစ်ပေါက်ခဲ့ကြသလို ​မနေ့ညပိုင်းမှာ ​နှစ်ဘက် ​အပြန် အလှန် ​မီးရှို့မှုတွေကြောင့် ​အိမ်တချို့ ​မီးလောင်ကျွမ်းခဲ့တယ်လို့ ​သိရပြီး ​မီးငြိမ်းသတ်ဖို့ ​ကြိုးစားနေသလို ​လုံခြုံရေးတင်းတင်းကြပ်ကြပ် ​ချထားတယ်လို့ ​ပြောပါတယ်။

လက်ရှိအခြေအနေမှာတော့ ​ရခိုင်အမျိုးသမီးကို ​အဓမ္မပြုကျင့်ခဲ့သူလို့ ​ယူဆထားသူ ​၂ဦးထဲက ​၁ဦးကို ​ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ ​ပေမဲ့ ​တဦးကတော့လွတ်မြောက်နေဆဲ ​ဖြစ်တယ်လို့လည်း ​ဦးအောင်မြ ​ကျော်က ​အခုလိုဆက် ​ပြောပါတယ်။

ဒီဘက်ရွာတရွာနဲ့ ​တရွာသွားတဲ့နေရာမှာ ​လိုင်းကားတွေမရှိတော့ ​အဲဒီကောင်မလေးက ​ဆိုင်ကယ်ကယ်ရီနဲ့ ​တက်လိုက်လာတယ်လို့ ​ပြောတယ်၊ ​ဆိုင်ကယ်ကယ်ရီကုလားက ​အဲဒီအချိန်မှာပဲတောင်ကြောကိုဖြတ်တဲ့ အချိန်မှာ ​မုဒိမ်းကျင့်တာ။ 

အခုညနေပိုင်းမှာတော့ ​ကာဖြူးအမိန့်ထုတ်ပြန်ထားပေမဲ့ ​ ဒေသခံရခိုင်လူမျိုးတွေနဲ့ ​မွတ်ဆလင်တွေကြား ​အခြေအနေတွေဟာ ​တင်းမာနေဆဲပဲလို့လည်း ​သိရပါတယ်။လုံခြုံရေးသမားတွေရဲ့ ​ပစ်ခတ်မှုကြောင့် ​ဒုက္ခသည်နှစ်ဦးသေဆုံးပြီးခဲ့တဲ့ ​ကြာသပတေးနေ့က ​ရခိုင်ပြည်နယ် ​ပေါက်တော၏မြို့နယ်တွင်းက ​ဒုက္ခသည် စခန်းတစ်ခုမှာ ​ပဋိပက္ခဖြစ်ပွားခဲ့ပြီးလုံခြုံရေးတပ်တွေရဲ့ ​ပစ်ခတ်မှုကြောင့် ​ဒုက္ခသည်နှစ်ဦး ​သေဆုံးပြီး ​၆ ​ဦး ​ဒဏ်ရာရသွားတယ်လို့ ​ကုလသမဂ္ဂက ​ပြောပါတယ်။

ပေါက်တောမြို့နယ်တွင်းရှိဒုက္ခသည်စခန်းမှာ ​ဆောက်လုပ်ရေးတွေလုပ်နေပြီး ​ဆောက်လုပ်ရေးတွေ ​ပြီးစီးသွားရင် ​ပြန်နေခွင့်မရမှာကို ​ဒုက္ခသည်တွေက ​စိုးရိမ်ပြီး ​စခန်းတာဝန်ရှိသူတွေနဲ့ ​အာဏာပိုင်တွေကို ​တိုက်ခိုက်ရာက ​လုံခြုံရေးတပ်တွေက ​ပစ်ခတ်ခဲ့တာလို့ ​ပြောကြောင်းလည်း ​သိရပါတယ်။ ပြင်ဦးလွင်မှာ ​ဗုံးပေါက်ကွဲ ​တချို့ ​ဒဏ်ရာရမန္တလေးတိုင်း ​ပြင်ဦးလွင်မြို့မှာ ​ဇွန်လ ​၃၀ရက်နေ့က ​ဗုံးပေါက်ကွဲမှု ​ဖြစ်ပွားခဲ့တဲ့ အတွက် ​ထိခိုက်ဒဏ်ရာ ​ရရှိမှုတွေ ​ရှိခဲ့တယ်လို့ ​သိရပါတယ်။ ​ဒီဗုံးပေါက်ကွဲမှုဟာ ​ပြင်ဦးလွင်မြို့ ​မန္တလေး-လာရှိုးကာလမ်းမမှာ ​ရပ်ထားတဲ့ ​ဆိုင်ကယ်တစ်စီးကနေ ​ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ​ပြင်ဦးလွင် ​ဒေသခံ တဦးက ​အခုလိုပြောပါတယ်။

ဗုံးပေါက်ကွဲတဲ့ကိစ္စက ​တရုတ်ကယ်ရီဆိုင်ကယ်ကနေ ​ဗုံးပေါက်ကွဲတာပေါ့နော်၊ ​ ဒဏ်ရာရတာကတော့ ​ဗိုလ်လောင်းတယောက်ပါတယ်၊ ​တက်ကြပ်ကြီး ​တယောက်ပါတယ်လို့ ​ကြားတယ်ခင်ဗျ၊ ​သေဆုံးတာတော့ ​မရှိဘူးတဲ့ခင်ဗျ။ 

ဗုံးပေါက်ကွဲမှုကြောင့် ​အရပ်သားတဦးလည်း ​ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ​ဘယ်သူ့လက်ချက်လည်းဆိုတာကို ​ခုထိမသိရှိရသေးပဲ ​သက်ဆိုင်ရာ ​အာဏာပိုင်တွေက ​စုံစမ်းမှုတွေပြုလုပ်နေတယ်လို့ ​ရေဒီယိုသြစတြေးလျ ​သတင်းထောက်​မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။

ABC Radio Australia

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D